မိုက်ကယ်ဂျက်ဆင်ရဲ့သမီးဖြစ်သူ ပဲရစ်ဂျက်ဆင်မှ သေကြောင်းကြံစည်မှုဖြစ်ပွားပြီး ဆေးရုံးသို့ တင်ပို့ခဲ့ရတယ်ဆိုပြီိး သတင်းရရှိခဲ့ပါတယ်။
TMZ ရဲ့ သတင်းဌာနရဲ့ ဖော်ပြချက်အရ အသက် ၂၀ အရွယ် ပဲရစ်မှာ လက်ကောက်ဝတ်ကို ဓားနဲ့ဖြတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးပမ်းခဲ့တဲ့အတွက်ကြောင့် ဆေးရုံသို့ တင်ပို့ပေးခဲ့ရပါတယ်။ သွေးထွက်လွန်ပြီး မေ့ပြောနေစဉ်အတွင်း ဆေးရုံသို့ အချိန်မီ ပို့ဆောင်ပေးနိုင်ခဲ့တဲ့အတွက်ကြောင့် အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့တဲ့အကြောင်း သတင်းဖော်ပြချက်တွေအရ သိရှိရပါတယ်။
US Magazine ရဲ့ ဇော်ပြချက်အရ အခုချိန်မှာတော့ ပဲရစ်တစ်ယောက် ဆေးရုံမှပြန်လည်ဆင်းလာပြီး သူမရဲ့နေအိမ်မှာပဲ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေက စောင့်ကြည့်ပေးနေကြပါတယ်။
#ST(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share