တစ်ခါတစ်လေမှာတော့ ကျွန်တော်တို့အနေနဲ့ အသည်းကွဲလို့ပဲဖြစ်စေ၊ စိတ်ပျက်ဝမ်းနည်းဖွယ်ရာ အကြောင်းတစ်ခုခုကြောင့်ပဲဖြစ်စေ ငိုကြွေးစရာကိစ္စရပ်တွေ ရှိလာနိုင်ပါတယ်။ အဲ့လိုအချိန်မျိုးတွေမှာ သင့်အနေနဲ့ ဝမ်းနည်းဖို့ကောင်းတဲ့ အသည်းကွဲရုပ်ရှင်တွေကို ကြည့်ရှုဖူးပါသလား ? ? ? တစ်ခါမှ မလုပ်ဖူးဘူးဆိုရင်တော့ လုပ်ကြည့်ဖို့အတွက် အကြံပေးတိုက်တွန်းပါရစေ။ အခုဆက်လက်ပြီးတော့ Soshwe ပရိသတ်ကြီးအတွက် ဝမ်းနည်းဖို့ကောင်းပြီး ငိုကြွေးစေနိုင်တဲ့ Netflix မှ ရုပ်ရှင်ဇာတ်ကားအချို့ကို Trailer နဲ့တကွ ဖော်ပြပေးလိုက်ပါတယ်နော် . . .
၁။ The Notebook
ဒီအချစ်ဇာတ်ကားလေးကတော့ ပျော်ရွှင်စရာဇာတ်သိမ်းလေးနဲ့ အဆုံးသတ်တာတောင်မှ သင့်ကို ဝမ်းနည်းပူဆွေးစေတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်ပါလိမ့်မယ်။
၂။ One Day
အလွန်ကြေကွဲဖို့ကောင်းတဲ့ အချစ်ဇာတ်ကားတွေ အမြောက်အမြားရှိတာတောင်မှ မင်းသမီးချောလေး Anne Hathaway ပါဝင်သရုပ်ဆောင်ထားတဲ့ Netflix က “ One Day ” ဆိုတဲ့အချစ်ဇာတ်ကားကတော့ သင်လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
၃။ Irreplaceable You
Netflix Original ရုပ်ရှင်ဖြစ်တဲ့ Irreplaceable You ကတော့ ကင်ဆာရောဂါခံစားနေရတဲ့ ဇနီးသည်တစ်ယောက်က သူမရဲ့ခင်ပွန်းလောင်းအတွက် ချစ်သူရည်းစားအသစ်ရှာဖွေပေးတဲ့ ဝမ်းနည်းဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
၄။ West Side Story
Remeo နဲ့ Juliet အကြောင်း အခြေခံရိုက်ကူးထားတဲ့ ဂီတဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။
၅။ The Lovely Bones
The Lovely Bones ဇာတ်ကားကတော့ ပြန်ပေးဆွဲခံရပြီး အနိုင်ကျင့်သတ်ဖြတ်ခံရတဲ့ မိန်းကလေးတစ်ယောက် ကောင်းကင်ဘုံကနေ သူ့မိသားစုကို စောင့်ရှောက်ပေးတဲ့အကြောင်း ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားတဲ့ ကြေကွဲဝမ်းနည်းဖွယ် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
၆။ The Boy In The Striped Pajamas
ကလေးငယ်နှစ်ဦးဖြစ်တဲ့ နာဇီစစ်ဗိုလ်ချုပ်ရဲ့သားနဲ့ ဂျူးလူမျိုးအကျဉ်းသားတစ်ဦးတို့ရဲ့သားအကြောင်း ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
၇။ The Pianist
တကယ့်အဖြစ်အပျက်ကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ရုံသာမက မင်းသားဖြစ်သူ Adrian Brody မှ အကယ်ဒမီရရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကောင်းဖြစ်လို့ ပရိသတ်တွေအနေနဲ့ လက်မလွှတ်တမ်း ကြည့်ရှုသင့်ပါတယ်။
၈။ Bridge To Terabithia
ဒီဇာတ်ကားလေးကတော့ မသိမသာလေး ဝမ်းနည်းဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားလို့ ပြောလို့ရပါတယ်။ အစပိုင်းမှာတေ့ ကလေးနှစ်ယောက် ပျော်ပျော်ပါးပါး တောထဲလျှောက်သွားနေရင်း မှော်ဆန်တဲ့ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့လာခဲ့ပြီး နောက်ပိုင်းမှာတော့ ဝမ်းနည်းဖို့ကောင်းလာမှာ ကျိန်းသေပါတယ်။
၉။ Room
အချို့ဇာတ်ကားတွေကတော့ ဝမ်းနည်းစရာဇာတ်သိမ်းခန်းရှိမယ်။ အချို့ဇာတ်ကားတွေကတော့ တစ်ချိန်လုံးဝမ်းနည်းပြီး အပြီးသတ်မှ ပျော်စရာ ဇာတ်သိမ်းလေးဖြစ်အောင် ဖန်တီးပေးထားပါတယ်။ Room ကတော့ နှစ်မျိုးလုံးရောထွေးနေပြီး ပရိသတ်ကြီးအနေနဲ့ ကိုယ်တိုင်ကြည့်ရှုပေးဖို့ တိုက်တွန်းလိုက်ရပါတယ်။
၁၀။ Schindler’s List
မင်းသားကြီး Liam Neeson မှ Oskar Schindler အဖြစ် အကောင်းဆုံးသရုပ်ဆောင်ထားပြီး နာဇီတွေလက်ထဲမှ ဂျူးတွေကို ကယ်တင်ခဲ့ပုံကို ရိုက်ပြထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
<Unicode Version>
#soshwe
#soshweentertainment
#soshweforyourdailylife
#likeandshare