HomeEntertainmentOne Direction အဖွဲ့ဝင်ဟောင်း Louis Tomlinson ရဲ့ညီမ သေဆုံးရတဲ့အကြောင်းရင်း။

One Direction အဖွဲ့ဝင်ဟောင်း Louis Tomlinson ရဲ့ညီမ သေဆုံးရတဲ့အကြောင်းရင်း။

- Advertisement -

One Direction အဖွဲ့ဝင်ဟောင်း Louis Tomlinson ရဲ့ ညီမဖြစ်သူ Felicitie Tomlinson ဟာ ရုတ်တရက်ကွယ်လွန်ခဲ့ပါတယ်။

The Sun သတင်းစာရဲ့ ဖော်ပြချက်အရ အသက် ၁၈ နှစ်အရွယ် Felicitie ဟာ အနောက်လန်ဒန်မှာရှိတဲ့ သူမရဲ့ နေအိမ်အခန်းထဲရှိ စတူဒီယိုထဲမှာ နှလုံးအမောဖောက်ပြီး သေဆုံးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အခင်းဖြစ်ပွားချိန်တုန်းက Felicite မှာ သူငယ်ချင်းတစ်ယောက်နဲ့အတူ ရှိနေခဲ့ပြီး သူမ ရုတ်တရက်အမောဖောက်ပြီး လဲကျသွားချိန်မှာပဲ သူငယ်ချင်းဖြစ်သူမှ 911 ကို ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ အရေးပေါ်လူနာတင်ယာဉ်ရောက်ရှိလာတဲ့အချိန်မှာပဲ Felicitie ဟာ သေဆုံးနေခဲ့ပြီပဲဖြစ်ပါတယ်။

သူမမသေဆုံးခင်အချိန်တုန်းက Felicite ဟာ မော်ဒယ်တစ်ယောက်နဲ့ Influencer တစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး သူမရဲ့ Instagram အကောင့်မှာလည်း Follower ပေါင်း ၁ သန်းကျော် ရှိပါတယ်။ Louis အနေနဲ့ကတော့ သူမသေဆုံးခဲ့ရခြင်းအပေါ် မှတ်ချက်တစ်စုံတစ်ရာပေးခြင်း မရှိသေးပါဘူး။ PEOPLE Magazine မှလည်း တစ်စုံတစ်ရာဖြေကြားပေးဖို့ တောင်းဆိုချက်ကိုလည်း ပြန်လည် တုံ့ပြန်ခဲ့ခြင်း မရှိပါဘူး။ နီးစပ်သူတစ်ဦးမှလည်း “ Felicite ကို Louis ရော သူ့မိဘတွေကောက အရမ်းကို ချစ်ကြပါတယ်။  နောက်ပြီးတော့ Felicite က အရမ်းကို ချစ်ဖို့ကောင်းတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီး အခုလို ဖြစ်ပျက်သွားတဲ့အတွက် အလွန်စိတ်မကောင်းဖြစ်မိပါတယ် . . .” ဆိုပြီး The Sun သတင်းစာကို  ပြောပြခဲ့ပါတယ်။

- Advertisement -

 

- Advertisement -

#ST(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

3 + 17 =

Must Read

အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။

ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...