Breaking News
သင်မသိသေးတဲ့ လေဆိပ်က လုပ်ထုံးလုပ်နည်း လျှို့ဝှက်ချက်များ။
လေယာဉ်ပေါ်မှာ ခရီးသည်တွေကို ကျွေးမွေးတဲ့ စျေးကြီးတဲ့ အစားအသောက်တွေကနေ လိုင်းဆွဲအားကောင်းတဲ့ WiFi တွေအဆုံး အခမဲ့ ဝန်ဆောင်မှုပေးသော်လည်း လေဆိပ်က ခရီးသည်တွေကို ဘယ်တော့မှအသိမပေးတဲ့ လျှို့ဝှက်ချက်လေးတွေရှိနေပါတယ်။
၁။ လုံခြုံရေးအတွက် ခရီးသည်တွေကိုစစ်ဆေးရာမှာ အသုံးပြုတဲ့ စက်ကိရိယာက ခရီးသည်ရဲ့ ကျား/မ ဖြစ်တည်မှုကို မှားယွင်းစွာ စစ်ဆေးမိတဲ့အခါမျိုး ရှိတတ်ပါတယ်။
၂။ လေဆိပ်မှာရှိတဲ့ သန့်စင်ခန်းတွေဟာ အများသုံးဖြစ်တဲ့အတွက် ညစ်ပတ်နေတတ်ပါတယ်။ ဒါကြောင့် ထိုသန့်စင်ခန်းတွေမှာ အသုံးပြုသူရဲ့ဝေဖန်ချက်ကို ပေးနိုင်ဖို့အတွက် စက်ကိရိယာလေးတွေထားထားလေ့ရှိပါတယ်။ အသုံးပြုသူတွေအနေနဲ့ ဝေဖန်ချက်ပေးပေးချင်းပဲ ထိုဝေဖန်ချက်ဟာ တာဝန်ရှိသူတွေဆီကို တိုက်ရိုက်ရောက်သွားတာမို့ သန့်စင်ခန်းမှာလိုနေတာတွေကို ချက်ခြင်းပြင်ဆင်ပေးနိုင်တာပဲ ဖြစ်ပါတယ်။
၃။ လေဆိပ်ဝန်ထမ်းတွေအနေနဲ့ ခရီးသည်ကို ချိုချိုသာသာဖြင့် စကားစမြည်ပြောတာဟာ ခရီးသည်ပုံစံက မင်္သကာစရာဖြစ်နေတဲ့အတွက်ကြောင့် တကယ်ကို ရာဇဝတ်မှုကျူးလွန်တော့မယ့် လူတစ်ယောက်ဟုတ်မဟုတ် စစ်ဆေးနေတာပဲဖြစ်ပါတယ်။
၄။ လေယာဉ်ပေါ်မှာ ကျွေးမွေးဧည့်ခံတဲ့ အစားအသောက်တွေအတွက် မိမိဝယ်ယူထားတဲ့ လေယာဉ်လက်မှတ်ခထဲမှာ ပါဝင်ပြီးသားဖြစ်သလို လေဆိပ်မှာရှိတဲ့ စားသောက်ဆိုင်တွေမှာ စားသောက်တာထက် အကုန်အကျသက်သာစေပါတယ်။
၅။ ခရီးစဉ်မစခင် ၂ နာရီကြိုလာဖို့အတွက် လေဆိပ်ဝန်ထမ်းတွေအနေနဲ့ ခရီးသည်တွေကို သတိပေးပေမယ့် အဲ့လောက်အထိ စောလာဖို့မလိုအပ်ပါဘူး။ သူတို့ဒီလိုမျိုး သတိပေးခြင်းကလည်း နောက်မကျစေဖို့ဆိုတာထက် လေဆိပ်မှာရှိတဲ့ စားသောက်ဆိုင်တွေ ၊ လက်ဆောင်ပစ္စည်းဆိုင်တွေကနေ စျေးဝယ်ထွက်ဖို့အတွက် အချိန်ပိုရစေချင်လို့လည်း ဖြစ်နိုင်ပါတယ်။
၆။ လေဆိပ်ကနေ လိုရာအရပ်ကိုရောက်ရှိဖို့အတွက် လေဆိပ်တက္ကစီစီးခြင်းဟာ အခြားတက္ကစီ စီးနင်းတာထက် ပိုပြီးကုန်ကျနိုင်ပါတယ်။
၇။ လေဆိပ်တော်တော်များများမှာ ခရီးသည်တွေအနေနဲ့ ခရီးစဉ်တစ်လျှောက် အပန်းဖြေကြည့်ရှုဖို့အတွက် Netflix က ရုပ်ရှင်တွေကို download ဆွဲယူနိုင်အောင် လိုင်းဆွဲအားကောင်းတဲ့ Wifi တွေ အခမဲ့ လွှင့်ပေးထားပါတယ်။
၈။ လေဆိပ်ရှိ အဆင့်မြင့်နားနေခန်းအတွင်း နောက်ထပ်ခရီးစဉ်တစ်ခုမဆက်ခင်အထိ နားနေနိုင်ခွင့်ရရှိနိုင်ပါတယ်။
၉။ လေဆိပ်မှာ ခေတ္တခဏအနားယူဖို့ ပြုလုပ်ထားပေးတဲ့ ထိုင်ခုံတွေထဲကမှ ပိုပြီးသက်သောင့်သက်သာရှိစေတဲ့ ခုံမှာထိုင်မယ်ဆိုရင်တော့ အဆိုပါခုံတွေရဲ့အနီးအနား ဒါမှမဟုတ် မျက်နှာချင်းဆိုင်နားမှာ ခရီးသည်တွေကို သွားရည်ယိုအောင်ပြုလုပ်ပြီး ငွေမထွက်ထွက်အောင်လုပ်မယ့် စားသောက်ဆိုင်တွေ ရှိနေတတ်ပါတယ်။
၁၀။ လေဆိပ်က လုံခြုံရေးတွေအနေနဲ့ အဆင့်မြင့်သံသယရှိဖွယ် ပစ္စည်းရှာဖွေတဲ့စက်ကိရိယာတွေနဲ့ ခရီးသည်တွေရဲ့ ခရီးဆောင်အိတ်တွေကို ရှာဖွေစစ်ဆေးနေသော်လည်း လူတိုင်းထင်ထားသလောက် ထိရောက်မှုမရှိပါဘူး။
<Unicode Version>
လေယာဉ်ပေါ်မှာ ခရီးသည်တွေကို ကျွေးမွေးတဲ့ ဈေးကြီးတဲ့ အစားအသောက်တွေကနေ လိုင်းဆွဲအားကောင်းတဲ့ WiFi တွေအဆုံး အခမဲ့ ဝန်ဆောင်မှုပေးသော်လည်း လေဆိပ်က ခရီးသည်တွေကို ဘယ်တော့မှအသိမပေးတဲ့ လျှို့ဝှက်ချက်လေးတွေရှိနေပါတယ်။
<Zawgyi Version>
#SY(Soshwe)
#SoshweTravel
#SoshweForYourDailyLife
#Like&Share
About admin
Check Also
သွေးနီရောင်ကောင်းကင်ကြီးဖြစ်ပေါ်ခဲ့တဲ့ တရုတ်မြို့။
တရုတ်မြို့တစ်မြို့ပေါ်မှ သွေးနီရောင်ကောင်းကင်ကြီးရဲ့ ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခုက နိုင်ငံသားများအကြား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်စေခဲ့ပါတယ်။ Covid ဒဏ်ခံထားရပြီး ဆိပ်ကမ်းမြို့ဖြစ်တဲ့ ရှန်ဟိုင်းမြို့အနီးရှိ Zhoushan မှာ နေထိုင်သူများ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်မှာတော့ …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro