လူတိုင်းဟာ အချိန်မရွေး လေဖြတ်ခြင်းဝေဒနာကို ခံစားရတတ်ပါတယ်။ အချို့သော လေဖြတ်ခြင်းဝေဒနာ ဖြစ်စေတဲ့အကြောင်းအရင်းများကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဂရုတစိုက်နေထိုင်နိုင်သော်လည်း အချို့သော အကြောင်းအရင်းတစ်ချို့ကိုတော့ လူတော်တော်များများက ကြိုတင်မကာကွယ်နိုင်ကြပါဘူး။
၁။ ဦးနှောက်ထဲက အစိတ်အပိုင်းတစ်ခုဟာ လုံလောက်တဲ့ သွေးပမာဏမရတဲ့အတွက် ထိုနေရာက ထိန်းချုပ်ထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ ရွေ့လျားလို့မရတော့ဘဲ တုံ့ဆိုင်းလာတာပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်တာမျိုးကို ကာကွယ်နိုင်တယ်ဆိုပေမယ့်လည်း အခြေအနေဆိုးရွားလာရင်တော့ သေစေနိုင်တဲ့အထိ ဖြစ်လာတတ်ပါတယ်။
၂။ သွေးတိုးတာကလည်း လေဖြတ်စေနိုင်တဲ့အကြောင်းအရင်းထဲက တစ်ခုဖြစ်ပြီး သွေးမတိုးအောင် နေထိုင်ခြင်းဖြင့် လေဖြတ်ဝေဒနာမခံစားရအောင်ကာကွယ်နိုင်ပါတယ်။
၃။ သွေးတွင်းအဆီများတာကြောင့် သွေးစီးဆင်းမှုနှုန်းကို လျော့ကျစေပြီး လေဖြတ်တာကို ခံစားရနိုင်ပါတယ်။ အဆီနည်းတဲ့ အစားအသောက်တွေကို စားသောက်ခြင်းဖြင့်လည်း လေဖြတ်ဝေဒနာမခံစားရအောင် ကြိုတင်ကာကွယ်နိုင်ပါတယ်။
၄။ နှလုံးရောဂါ နာတာရှည်ခံစားနေရတာကို ပျောက်ကင်းအောင်မကုတာ ဒါမှမဟုတ် သက်သာလာသည်အထိ ကုသမှု ခံယူခြင်းမရှိရာကနေ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် လေဖြတ်ဝေဒနာကို ခံစားလာရတတ်ပါတယ်။
၅။ ဆီးချိုရောဂါခံစားနေရတဲ့ ဝေဒနာရှင်တွေဟာလည်း လေဖြတ်နိုင်ခြေ အရမ်းများပါတယ်။ ဒါကြောင့် ဆီးချိုရောဂါဝေဒနာရှင်တွေဟာ အချိုပါတဲ့ အစားအသောက်တွေကို လျှော့စားခြင်း၊ လေ့ကျင့်ခန်းပုံမှန် ပြုလုပ်ခြင်း စသဖြင့် ဆီးချိုရောဂါဝေဒနာ ပိုပြီးမဆိုးရွာလာအောင် ကာကွယ်နေထိုင်ရင်း လေဖြတ်နိုင်တဲ့ရာခိုင်နှုန်းကိုပါ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
၆။ အရက်ကို လိုတာထက်ပိုပြီး သောက်သုံးတာကလည်း လေဖြတ်ဝေဒနာကို စောစီးစွာ ခံစားတတ်ပါတယ်။ တန်ဆေးလွန်ဘေးဆိုသလိုပဲ အရက်ကို အနည်းငယ်သောက်သုံးရင်တော့ ကျန်းမာရေးကိုအထောက်အကူပြုနိုင်ပြီး အလွန်အကျွံသောက်သုံးရင်တော့ ရောဂါဝေဒနာတွေကို ခံစားစေရတတ်ပါတယ်။ ဒါကြောင့် အရက်ကို လိုတာထက်ပိုပြီး သောက်သုံးတာကို လျှော့ချသင့်ပါတယ်။
၇။ ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကိုကြီးမားတဲ့ထိခိုက်မှုတွေဖြစ်စေတဲ့အပြင် လေဖြတ်ဝေဒနာ ခံစားရနိုင်ခြေ အများဆုံးသော အကြောင်းအရင်းခံပဲဖြစ်ပါတယ်။ ဒါကြောင့် အချိန်မလွန်ခင်မှာ ဆေးလိပ်သောက်ခြင်းကို ရပ်လိုက်သင့်ပါတယ်။
၈။ အဝလွန်ခြင်းကြောင့် ကိုယ်လက်လှုပ်ရှားမှုနည်းရာကနေ လေဖြတ်ဝေဒနာကို ခံစားလာရတတ်ပါတယ်။ ခန္ဓာကိုယ်အလေးချိန်ကို တတ်နိုင်သမျှ လျှော့ချခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။
၉။ စိတ်ဖိစီးခြင်းဟာ သွေးတိုးရောဂါကိုဖြစ်စေနိုင်တာကြောင့် လေဖြတ်ဝေဒနာကိုပါ နောက်ဆက်တွဲအနေနဲ့ ခံစားလာရတတ်ပါတယ်။ စိတ်ဖိစီးတာကို လျှော့ချပေးနိုင်တဲ့ ယောဂကျင့်တာတို့၊ တရားထိုင်တာတို့ကို မကြာခဏပြုလုပ်ပြီး ကိုယ့်ကို ပျော်ရွှင်စေမယ့်အရာတွေကို ပြုလုပ်ခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။
၁၀။ ကိုယ်ဝန်တားဆေးတွေကို အလွန်ကျွံသောက်သုံးမိတာကလည်း လေဖြတ်ဝေဒနာကို ခံစားလာရနိုင်ပါတယ်။ မိမိရဲ့ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲလိုက်ခြင်းအားဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။
<Unicode Version>
ႀကိဳတင္ကာကြယ္လို႕ရႏိုင္ေသာ ေလျဖတ္ျခင္းေဝဒနာျဖစ္ေစႏိုင္သည့္ အေၾကာင္းရင္းမ်ား။
လူတိုင္းဟာ အခ်ိန္မေရြး ေလျဖတ္ျခင္းေဝဒနာကို ခံစားရတတ္ပါတယ္။ အခ်ိဳ႕ေသာ ေလျဖတ္ျခင္းေဝဒနာ ျဖစ္ေစတဲ့အေၾကာင္းအရင္းမ်ားကို ႀကိဳတင္ကာကြယ္တ့ဲအေနနဲ႕ ဂရုတစိုက္ေနထိုင္ႏိုင္ေသာ္လည္း အခ်ိဳ႕ေသာ အေၾကာင္းအရင္းတစ္ခ်ိဳ႕ကိုေတာ့ လူေတာ္ေတာ္မ်ားမ်ားက ႀကိဳတင္မကာကြယ္ႏိုင္ၾကပါဘူး။
၁။ ဦးေႏွာက္ထဲက အစိတ္အပိုင္းတစ္ခုဟာ လံုေလာက္တဲ့ ေသြးပမာဏမရတဲ့အတြက္ ထိုေနရာက ထိန္းခ်ဳပ္ထားတ့ဲ ခႏၶာကိုယ္အစိတ္အပိုင္းေတြဟာ ေရြ႕လ်ားလို႔မရေတာ့ဘဲ တုံ႔ဆိုင္းလာတာပဲ ျဖစ္ပါတယ္။ ဒီလိုျဖစ္တာမ်ိဳးကို ကာကြယ္ႏိုင္တယ္ဆိုေပမယ့္လည္း အေျခအေနဆိုးရြားလာရင္ေတာ့ ေသေစႏိုင္တဲ့အထိ ျဖစ္လာတတ္ပါတယ္။
၂။ ေသြးတိုးတာကလည္း ေလျဖတ္ေစႏိုင္တဲ့ အေၾကာင္းအရင္းထဲက တစ္ခုျဖစ္ၿပီး ေသြးမတိုးေအာင္ ေနထိုင္ျခင္းျဖင့္ ေလျဖတ္ေဝဒနာ မခံစားရေအာင္ ကာကြယ္ႏိုင္ပါတယ္။
၃။ ေသြးတြင္းအဆီမ်ားတာေၾကာင့္ ေသြးစီးဆင္းမႈႏႈန္းကို ေလ်ာ႕က်ေစၿပီး ေလျဖတ္တာကို ခံစားရႏိုင္ပါတယ္။ အဆီနည္းတဲ့ အစားအေသာက္ေတြကို စားေသာက္ျခင္းျဖင့္လည္း ေလျဖတ္ေဝဒနာမခံစားရေအာင္ ႀကိဳတင္ကာကြယ္ႏိုင္ပါတယ္။
၄။ ႏွလံုးေရာဂါ နာတာရွည္ခံစားေနရတာကို ေပ်ာက္ကင္းေအာင္မကုတာ ဒါမွမဟုတ္ သက္သာလာသည္အထိ ကုသမႈ ခံယူျခင္းမရွိရာကေန ေနာက္ဆက္တြဲ အက်ိဳးဆက္အျဖစ္ ေလျဖတ္ေဝဒနာကို ခံစားလာရတတ္ပါတယ္။
၅။ ဆီးခ်ိဳေရာဂါခံစားေနရတဲ့ ေဝဒနာရွင္ေတြဟာလည္း ေလျဖတ္ႏိုင္ေျခ အရမ္းမ်ားပါတယ္။ ဒါေၾကာင့္ ဆီးခ်ိဳေရာဂါေဝဒနာရွင္ေတြဟာ အခ်ိဳပါတဲ့ အစားအေသာက္ေတြကို ေလွ်ာ႕စားျခင္း၊ ေလ့က်င့္ခန္းပံုမွန္ ျပဳလုပ္ျခင္း စသျဖင့္ ဆီးခ်ိဳေရာဂါေဝဒနာ ပိုၿပီးမဆိုးရြာလာေအာင္ ကာကြယ္ေနထိုင္ရင္း ေလျဖတ္ႏိုင္တဲ့ရာခိုင္ႏႈန္းကိုပါ ေလွ်ာ႕ခ်ႏိုင္မွာ ျဖစ္ပါတယ္။
၆။ အရက္ကို လိုတာထက္ပိုၿပီး ေသာက္သံုးတာကလည္း ေလျဖတ္ေဝဒနာကို ေစာစီးစြာ ခံစားတတ္ပါတယ္။ တန္ေဆးလြန္ေဘးဆိုသလုိပဲ အရက္ကို အနည္းငယ္ေသာက္သံုးရင္ေတာ့ က်န္းမာေရးကို အေထာက္အကူျပဳႏိုင္ၿပီး အလြန္အကၽြံေသာက္သံုးရင္ေတာ့ ေရာဂါေဝဒနာေတြကို ခံစားေစရတတ္ပါတယ္။ ဒါေၾကာင့္ အရက္ကို လိုတာထက္ပိုၿပီး ေသာက္သံုးတာကို ေလွ်ာ႕ခ်သင့္ပါတယ္။
၇။ ေဆးလိပ္ေသာက္ျခင္းဟာ အဆုတ္ကို ႀကီးမားတဲ့ထိခိုက္မႈေတြျဖစ္ေစတဲ့အျပင္ ေလျဖတ္ေဝဒနာ ခံစားရႏိုင္ေျခ အမ်ားဆံုးေသာ အေၾကာင္းအရင္းခံပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ အခ်ိန္မလြန္ခင္မွာ ေဆးလိပ္ေသာက္ျခင္းကို ရပ္လိုက္သင့္ပါတယ္။
၈။ အဝလြန္ျခင္းေၾကာင့္ ကိုယ္လက္လႈပ္ရွားမႈနည္းရာကေန ေလျဖတ္ေဝဒနာကို ခံစားလာရတတ္ပါတယ္။ ခႏၶာကိုယ္အေလးခ်ိန္ကို တတ္ႏိုင္သမွ် ေလွ်ာ႕ခ်ျခင္းျဖင့္ ႀကိဳတင္ကာကြယ္ႏိုင္ပါတယ္။
၉။ စိတ္ဖိစီးျခင္းဟာ ေသြးတိုးေရာဂါကို ျဖစ္ေစႏိုင္တာေၾကာင့္ ေလျဖတ္ေဝဒနာကိုပါ ေနာက္ဆက္တြဲအေနနဲ႔ ခံစားလာရတတ္ပါတယ္။ စိတ္ဖိစီးတာကို ေလွ်ာ႕ခ်ေပးႏိုင္တဲ့ ေယာဂက်င့္တာတို႔၊ တရားထိုင္တာတို႔ကို မၾကာခဏျပဳလုပ္ၿပီး ကိုယ့္ကို ေပ်ာ္ရႊင္ေစမယ့္အရာေတြကို ျပဳလုပ္ျခင္းျဖင့္ ႀကိဳတင္ကာကြယ္ႏိုင္ပါတယ္။
၁၀။ ကိုယ္ဝန္တားေဆးေတြကို အလြန္ကၽြံေသာက္သံုးမိတာကလည္း ေလျဖတ္ေဝဒနာကို ခံစားလာရႏိုင္ပါတယ္။ မိမိရဲ႕ဘဝေနထိုင္မႈပုံစံကို ေျပာင္းလဲလိုက္ျခင္းအားျဖင့္ ႀကိဳတင္ကာကြယ္ႏိုင္ပါတယ္။
<Zawgyi Version>
#SY(Soshwe)
#SoshweBeauty&Health
#SoshweForYourDailyLife
#Like&Share