Breaking News

ခွေးလေးကို သေနတ်နဲ့ပစ်ခဲ့တဲ့ တက်ဆက်ပြည်နယ်သား။

တက်ဆက်ပြည်နယ်သူ Genola Vance က လွန်ခဲ့တဲ့ ရက်သတ္တပတ်တုန်းက သူမရဲ့သားနဲ့တူလေးဟာ ကြောက်မက်ဖွယ်ရာဖြစ်ရပ်တစ်ခုကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့ခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။ မတ်လ ၇ရက်နေ့မှာ အာဖရိကန်အမေရိကန်လူမျိုးဖြစ်တဲ့ အမည်မသိအမျိုးသားတစ်ဦးဟာ သူမရဲ့အိမ်အပြင်ဘက်မှာ အမှိုက်တွေရှင်းနေတဲ့ ၅နှစ်အရွယ်နဲ့ ၇နှစ်အရွယ်ကလေးနှစ်ယောက်ဆီကို လျှောက်လာပြီး ကလေးတွေအနားမှာရှိနေတဲ့ Nolan လို့ အမည်ပေးထားတဲ့ Labrador Retriever ခွေးလေးရဲ့မျက်နှာကို သေနတ်နဲ့ပစ်ပြီးထွက်ပြေးသွားတာပဲဖြစ်တယ်။

 

PEOPLE မဂ္ဂဇင်းကလည်း Dallas ရဲဌာနနဲ့ပူးပေါင်းပြီး ထိုလူကို ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် လူထုကို ကြေငြာကာ အကူအညီတောင်းထားတာပဲဖြစ်ပါတယ်။ ခွေးကလေးဟာ သေနတ်နဲ့ပစ်ခံရပြီးတဲ့ အချိန်မှာ သူ့သခင်ဆီကို သွေးစက်လက်နဲ့ပြေးလာခဲ့ပါတယ်။ ကလေးလေးတွေကလည်း ခွေးလေးရဲ့အနောက်မှာရှိနေပြီး ဖြစ်ရပ်တစ်ခုလုံးကိုမြင်လိုက်ရတာမို့ ခွေးကို တစ်စုံတစ်ယောက်က သေနတ်နဲ့ပစ်သွားပြီလို့ အော်ပြောသတိပေးခဲ့ပါတယ်။ Vance က “ကလေးလေးတွေပြောတာက ကျွန်မခွေးလေးကို သေနတ်နဲ့ပစ်သွားတဲ့သူက သူမပစ်ခင်မှာ ကလေးလေးတွေကိုတစ်ချက်ကြည့်ပြီး “ငါတောင်းပန်ပါတယ်” လို့ ပြောပြီးတော့မှ ခွေးကိုသေနတ်နဲ့ ပစ်ခဲ့တာတဲ့။ ကျွန်မက Nolan ကို ချက်ချင်းပဲ VCA Metroplex တိရစ္ဆာန်တွေကို အထူးကုသပေးတဲ့ဆေးရုံကိုခေါ်သွားခဲ့တယ်။ ကျည်ဆံက Nolanရဲ့ ပါးစပ်ကိုဖြတ်ပြီးဝင်သွားပြီး သူ့ရဲ့မေးရိုးကိုပျက်စီးသွားစေတာပဲဖြစ်ပါတယ်။ တိရစ္ဆာန်ဆရာဝန်တွေကတော့ ခွေးရဲ့မေးရိုးကို အစားထိုးကုသပေးနိုင်ခဲ့ပြီး SPAC အဖွဲ့အစည်းက ခွဲစိတ်ကုသလို့ ကုန်ကျငွေ ဒေါ်လာ၇၀၀၀ကို ပေးခဲ့တာပါ။ ခုတော့ Nolanက ကျွန်မတို့အိမ်မှာ ကျွန်မတို့မိသားစုရဲ့ဂရုစိုက်မှုတွေအောက်မှာ အနားယူနေပါတယ်။ ကျွန်မတို့က တိရစ္ဆာန်ထိန်းသိမ်းရေးဌာနကနေ ခွေးတွေအများကြီးထဲကမှ Nolan ကို ရွေးချယ်ခေါ်ယူခဲ့တာပါ။ သူက ကျွန်မရဲ့သားလေးတစ်ယောက်လိုပါပဲ။ ကျွန်မရဲ့ရင်သွေးလေးကို ချစ်သလိုပဲ သူ့ကို ကျွန်မသိပ်ချစ်တာပါ။ Nolan သာ ကျွန်မသားလေးနဲ့တူလေးရှိရာကို မထွက်သွားခဲ့ဘူးဆိုရင် ဒီသေနတ်ပစ်တဲ့သူက ကလေးလေးတွေကို ပစ်ချင်ပစ်သွားမှာရှင့်။ သူက ကျွန်မကလေးတွေကို ကယ်လိုက်တာလို့ ကျွန်မယုံကြည်ပါတယ်” လို့ဆိုခဲ့ပါတယ်။

WFAA အဖွဲ့အစည်းကလည်း Nolan မကြာခင်မှာ ပြန်လည်သက်သာလာဖို့ ဆုတောင်းပေးတယ်လို့ ဆိုပါတယ်။ ရဲတွေကတော့ ကလေးနှစ်ယောက်လုံးနဲ့ ခွေးလေး Nolan တို့က ဒီရာဇဝတ်ကောင်ကို ဘာဒုက္ခမှပေးခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ထိုသေနတ်ပစ်သမားက ခုချိန်မှာတော့လွတ်မြောက်နေသေးသော်လည်း သူ့ကိုဖမ်းဆီးရမိတဲ့အခါမှာတော့ သူဟာတိရစ္ဆာန်လေးတွေကို ညင်းပန်းနှိပ်စက်တဲ့အမှုနဲ့ တရားစွဲခံရမှာဖြစ်တယ်လို့ ရဲတွေကရှင်းပြခဲ့ပါတယ်။

 

#SY(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

About admin

Check Also

စပါးအုံ၊ ခွေးအနဲ့ ခွေးတူဝက်တူတို့ရဲ့ သုံးပွင့်ဆိုင်တိုက်ပွဲ။

ကမ္ဘာလှည့်ခရီးသွားတစ်ဦးဖြစ်သူ Roselyne Kerjosse သည် ပြီးခဲ့သည့်လအချို့က ဘော့ဆွာနာနိုင်ငံရှိ Chobe ဥယျာဉ်သို့ သွားရောက်လည်ပတ်ရင်း တိရိစ္ဆာန်များကြားမှ သဘာဝတိုက်ပွဲတစ်ခုကို ဗီဒီယိုမှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ Kerjosse ရိုက်ကူးထားသည့် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro