HomeOtherConor McGregor တစ်ယောက် ဖမ်းဆီး ထိန်းသိမ်းခံရ။

Conor McGregor တစ်ယောက် ဖမ်းဆီး ထိန်းသိမ်းခံရ။

- Advertisement -

အသက် ၃၀ အရွယ် UFC ကစားသမား Conor McGregor ဟာ ရက်အနယ်းငယ်လောက်က Fontainebleau Miami ကမ်းခြေကနေအထွက် ပရိသတ်တစ်ယောက်က ဖုန်းနဲ့ ဓါတ်ပုံရိုက်ဖို့လုပ်တာကို Conor က ခွင့်မပြုတဲ့အပြင် ထိုပရိသတ်ရဲ့ဖုန်းကိုရိုက်ခွဲကာ ယူဆောင်သွားခဲ့တာကြောင့် Miami ကမ်းခြေရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ကြောင်း PEOPLE သတင်းဌာနက အတည်ပြုပြောကြားခဲ့ပါတယ်။

- Advertisement -

Conor ဟာ ထိုပရိသတ်ရဲ့လက်ထဲက ဖုန်းကိုမြေပြင်ပေါ်ပစ်ပေါက်ပြီး ခြေထောက်ဖြင့် နင်းချေဖျက်ဆီးကာ ထိုဖုန်းကို ကောက်ယူပြီးထွက်သွားခဲ့တာဖြစ်ပါတယ်။ Conor ဖျက်ဆီးလိုက်တဲ့ ပရိသတ်ရဲ့ဖုန်းဟာ ဒေါ်လာ၁၀၀၀ကျော် တန်ပါတယ်။

- Advertisement -

Miami ကမ်းခြေမှာဖြစ်တဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ Ernesto Rodriguez က “Conor ဟာ ခွန်အားသုံးလုယက်မှု၊ တစ်ပါးသူကိုထိခိုက်နစ်နာစေမှု စတဲ့အကြောင်းအရင်းတွေနဲ့ ထိန်းသိမ်းခံထားရတာဖြစ်တယ်။” လို့ဆိုပါတယ်။ ထိုပြဿနာဖြစ်ပေါ်ပြီးနောက်ပိုင်းမှာတော့ Conor ဟာ Turner Guilford Knight အမည်ရှိ ပြုပြင်ထိန်းသိမ်းရေးစင်တာကို ပို့ဆောင်ခံထားရတာပဲဖြစ်ပါတယ်။ Conor ဟာ အရင်ကလည်း UFC ကစားသမားတစ်ဦးဖြစ်တဲ့ Micheal Chiesa ကို ကြိုးဝိုင်းအပြင်ဖက်မှာ ထိုးနှက်ခဲ့တဲ့အတွက် တရားခွင်ရင်ဆိုင်လိုက်ရပါသေးတယ်။

- Advertisement -

 

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read