HomeOtherအိန္ဒိယနိုင်ငံသူ မိခင်တစ်ယောက်ရဲ့ ရက်စက်တဲ့လုပ်ရပ်။

အိန္ဒိယနိုင်ငံသူ မိခင်တစ်ယောက်ရဲ့ ရက်စက်တဲ့လုပ်ရပ်။

- Advertisement -

အိန္ဒိယနိုင်ငံသူ Rachel McAfee ဟာ သူမရဲ့၃လအရွယ်သမီးငယ်လေး Emma ကို ကားထဲပိတ်ထားခဲ့မိပြီး သေစေခဲ့မိတဲ့အတွက် တရားရင်ဆိုင်နေရပါတယ်။ Rachelရဲ့ အမျိုးသားက သူ့ရဲ့သမီးလေးနဲ့ အမျိုးသမီးတို့ ပျောက်ဆုံးနေတာကို သတင်းပေးပို့တိုင်ကြားခဲ့ပြီးတဲ့နောက် သူ့ရဲ့သမီးလေးကို Rachelရဲ့ကားထဲမှာ သေဆုံးလျက် တွေ့ရှိခဲ့ရတာပဲဖြစ်ပါတယ်။ ရဲဌာနရဲ့ပြောကြားချက်အရ Rachelဟာ သူ့သမီးလေးအသက်ကို ကယ်ဆယ်ဖို့ မကြိုးစားခဲ့တဲ့အပြင် ပေါ့ပေါ့လျော့လျော့နေခဲ့တာကြောင့် ကလေးရဲ့အသက်ကိုဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ ထို့ကြောင့် Rachelဟာ ထောင်ဒဏ်နှစ်၂၀ကနေ၄၀အထိ ထောင်ချခံရနိုင်ပြီး ဒဏ်ငွေဒေါ်လာ၁သောင်းပေးအပ်ရမှာဖြစ်ပါတယ်။ ထိုသို့ရှာတွေချိန်မှာပဲ အရမ်းကိုပင်ပန်းပြီး စိတ်ဓါတ်ကျနေပုံပေါ်တဲ့ Rachel ကို ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

Rachel ရဲ့ အမျိုးသား John McAfee က သူ့ရဲ့ဇနီးဟာ သူ့သမီးလေးကိုမွေးပြီးနောက်မှ စိတ်ကျရောဂါဝေဒနာကို ခံစားလာရပြီး  အရက်အလွန်အကျွံ သောက်သုံးသူတစ်ယောက်ဖြစ်လာတယ်လို့ဆိုထားပါတယ်။ စိတ်ကျဝေဒနာကိုလျော့ချဖို့အတွက် နည်းလမ်းတွေအများကြီး လုပ်ဆောင်နိုင်သေးတာတောင်မှ ကလေးမွေးပြီးတဲ့အချိန်မှာ ဆောင်ရန်ရှောင်ရန်တွေကိုလည်း မိခင်တစ်ယောက်အနေနဲ့ သိထားသင့်တယ်လို့ ရဲဌာနကဆိုပါတယ်။

နယူးယောက်မြို့က စိတ်ရောဂါအထူးကု Dr. Sue Varma ဟာ “၁၅%သော မိခင်သည်တွေဟာ ကလေးမွေးပြီးတဲ့အချိန်မှာ အိပ်ရေးပျက်ခြင်း၊ စိတ်ဖိစီးခြင်းစတဲ့ စိတ်ကျရောဂါကို ဦးတည်စေတဲ့ ဝေဒနာတွေကို ခံစားရတတ်ပါတယ်။ ဒါပေမဲ့ မိခင်တော်တော်များများကတော့ သူတို့ရဲ့ရင်သွေးလေးနဲ့ အချိန်အတိုင်းတာတစ်ခုအထိ ထိတွေ့ရင်းနှီးပြီး သိပ်မကြာခင်မှာပဲ ဒီဝေဒနာတွေကနေ သက်သာလာတတ်ကြပါတယ်။ ဒါပေမယ့် စိတ်ကျရောဂါ ခံစားနေရပြီဆိုရင်တော့ ဒါကိုပျောက်ကင်းအောင်ကုသဖို့တော်တော်လေးကို အချိန်အရမ်းယူရပါတယ်။ မိခင်တွေဟာ ကလေးလေးအိပ်ပျော်နေချိန်မှာ သေသွားမလား ဒါမှမဟုတ် တစ်ခုခုဖြစ်သွားမလား စသဖြင့် စိတ်ပူနေတတ်ကြပြီး သူတို့ပင်ပန်းနေရင်တောင်မှ အိပ်မပျော်နိုင်ကြပါဘူး။ အဲ့လိုကနေပဲ ဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်ပေါ်လာတာပါ။” လို့ BuzzFeed သတင်းဌာနကို ပြောပြခဲ့ပါတယ်။

- Advertisement -

“ကလေးမွေးဖွားပြီးတဲ့အချိန်မှာ ဟော်မုန်းအပြောင်းအလဲဖြစ်တာ၊ အိပ်ရေးပျက်တာ၊ ကလေးကိုဂရုစိုက်ရင်း ပင်ပန်းအားနည်းလာတာ၊ ကလေးကို နို့တိုက်ကျွေးဖို့အတွက် ဒုက္ခရောက်ရတာ၊ ရင်သွေးလေးအတွက် ပြီးပြည့်စုံတဲ့မိခင်တစ်ဦးဖြစ်ဖို့အတွက်ကြိုးပမ်းရတာ စတဲ့အကြောင်းအရင်းတွေကြောင့် မိခင်တွေဟာ စိတ်ကျရောဂါကိုခံစားနိုင်ရတဲ့အပြင် မိသားစုမျိုးရိုးမှာ ယခုလိုမျိုး စိတ်ကျရောဂါဝေဒနာရှင်ရှိခဲ့ဖူးရင်လည်း မိခင်တွေဟာ ဒီစိတ်ရောဂါကိုခံစားတတ်ကြရပါတယ်။ အဲ့တာတွေကလည်း ဆိုးရွားတဲ့အကျိုးဆက်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ မိခင်တော်တော်များများဟာ စိတ်ကျရောဂါကို ခံစားနေရပြီဆိုရင် ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးမှုမရှိဘဲ သူတို့ကိုယ်သူတို့ နာကျင်အောင်လုပ်တတ်ကြပါတယ်။ အဲ့လိုမျိုးပွင့်ပွင့်လင်းလင်း မတိုင်ပင်ရဲတာကလည်း ကျွန်မတို့ လူ့အသိုင်းအဝိုင်းရဲ့ အပြစ်တင်ရှုံ့ချမှုကို မလိုချင်လို့လည်းဖြစ်နိုင်ပါတယ်။ အဲ့ဒီနောက်မှာတော့ မိခင်က ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်ရင်လုပ် ဒါမှမဟုတ် ကိုယ့်ရဲ့ရင်သွေးကို နာကျင်အောင်လုပ်လာကြတာမျိုးတွေ ဖြစ်လာပါတယ် . . .” လို့ Varma က ရှင်းပြခဲ့ပါတယ်။

- Advertisement -

 

#SY(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

14 − 4 =

Must Read

အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။

ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...