HomeEntertainmentအော်စကာဆုရှင်မင်းသားကြီး Leonardo DiCaprio တည်ထောင်ထားတဲ့ ပရဟိတအဖွဲ့ ငွေကြေးအရှုပ်တော်ပုံ။

အော်စကာဆုရှင်မင်းသားကြီး Leonardo DiCaprio တည်ထောင်ထားတဲ့ ပရဟိတအဖွဲ့ ငွေကြေးအရှုပ်တော်ပုံ။

- Advertisement -

မင်းသားကြီး Leonardo ဟာ ၂၀၁၆ Golden Globe ပွဲတုန်းက ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဒေသခံတိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး မိန့်ခွန်းပြောဆိုခဲ့သလို လူထုအဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့ပေးနေတဲ့ လူချမ်းသာတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။ လူအခွင့်အရေးဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေကို ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ ပရဟိတအဖွဲ့အစည်းရဲ့ ဘုတ်အဖွဲ့အဝင်တစ်ယောက်လည်းဖြစ်ပါတယ်။

Leonardo တည်ထောင်ထားတဲ့ ပရဟိတအဖွဲ့ဟာ သဘာဝဘေးအန္တရာယ်တွေကို ကာကွယ်ပေးဖို့နဲ့ ဒုက္ခရောက်နေသူတွေကို ငွေကြေးထောက်ပံ့ပေးဖို့အတွက် ကမ္ဘာတစ်ဝှမ်းကစေတနာရှင်တွေ လှူဒါန်းထားတဲ့ ငွေနဲ့ရပ်တည်နေတဲ့ World Wide Fund လို့ အမည်ရတဲ့ အဖွဲ့အစည်းပဲဖြစ်ပါတယ်။ WWF အဖွဲ့အစည်းဟာဆိုရင် ရဲနဲ့စစ်သားတွေ အနိုင်ကျင့်ခံရတဲ့အမှုတွေ မကြာခဏ ဖြစ်ပေါ်နေတဲ့ နီပေါနိုင်ငံ Terai Arc ဒေသမှာ ကူညီလုပ်ကိုင်ပေးနေတာပဲဖြစ်တယ်။ BuzzFeed သတင်းဌာနရဲ့ စုံစမ်းစစ်ဆေးချက်အရ သဘာဝတောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ပေးဖို့အတွက်နဲ့ စစ်ဘက်ဆိုင်ရာတွေက အနီးနားက ရွာသူရွာသားတွေကို နှိပ်စက်ညင်းပန်းတာတွေကို ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူနိုင်ဖို့အတွက် အဆိုပါပရဟိတအဖွဲ့အစည်းက ကြိုးပမ်းပေးနေတာပဲဖြစ်ပါတယ်။

အတွင်းကိစ္စတွေ ပေါက်ကြားသွားချိန်မှာ WWF အဖွဲ့အစည်းနဲ့ဆိုင်တဲ့ လုပ်ငန်းဆောင်တာတွေကို အရင်လို အချိန်မပေးဖြစ်တော့တဲ့ DiCaprio ရဲ့ ဆုံးဖြတ်ချက်ဟာ အဖွဲ့အစည်းရဲ့တခြားအဖွဲ့ဝင်တွေအတွက် ဖိအားပိုများလာစေပါတယ်။ ဒေသခံတိုင်းရင်းသားတွေအပေါ် ရက်စက်ယုတ်မာမှုတွေကိုတော့ DiCaprio သိထားပုံမရပါဘူး။ ဒါကြောင့်လည်း BuzzFeed သတင်းဌာနက DiCaprio ကို သက်သေအထောက်ထားတွေ ပြောပြပေးဖို့တောင်းဆိုချက်ကို ငြင်းဆိုနေခြင်းပဲဖြစ်ပါတယ်။ သို့ပေမယ့် လွန်ခဲ့တဲ့ရက်အချို့က ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က “WWFအဖွဲ့အစည်းကို စွပ်စွဲချက်တွေက စိုးရိမ်ဖွယ်ဖြစ်နေပါတယ်။ LDF အသင်းတစ်ခုလုံးကလည်း ကမ္ဘာတစ်ဝှမ်းက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်ပြီး ထိရောက်တဲ့ငွေကြေးထောက်ပံ့မှုပြုလုပ်ပေးနိုင်ဖို့အတွက် နဲ့ WWF အပါအဝင် အခြားသော လုပ်ဖော်ကိုင်ဖက်တွေရဲ့ တာဝန်ခံမှုတွေကို နိုင်ငံတကာဥပဒေတွေ၊ လူသားအခွင့်အရေးတွေနဲ့ လိုက်လျောညီထွေစွာ ရှိနေနိုင်ဖို့အတွက် တာဝန်ယူထားတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဖက်ကလည်း WWF အဖွဲ့အစည်းကို ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့အတွက် နဲ့ သင့်တော်တဲ့ ပြင်ဆင်ချက်တွေပြုလုပ်ရင်း ငွေကြေးသုံးစွဲထားတာတွေကို သေချာချပြပြီး ပြည်သူတွေရဲ့ သံသယတွေကို ဖြေရှင်းဖို့အတွက် တိုက်တွန်းထားပါတယ်။

- Advertisement -

WWF အဖွဲ့အစည်းဟာ အတွင်းရေးကိစ္စနဲ့ပတ်သက်ပြီး ပြန်ကြားချက်ကို မှန်ကန်တဲ့ စုံစမ်းမေးမြန်းခြင်းတွေ ပြုလုပ်ဖို့အတွက် အခြားသော စုံစမ်းလေ့လာရေးအဖွဲ့ကို တာဝန်ပေးအပ်ထားတယ်လို့တော့ သတင်းရရှိထားပါတယ်။ ဒါပေမဲ့ BuzzzFeed သတင်းဌာနက ဒီပြဿနာနဲ့ပတ်သက်ပြီး မှန်ကန်ကြောင်း အခိုင်အမာတင်ပြထားတဲ့အဆိုတွေက WWF က အဖွဲ့အဝင်တွေနားလည်ထားတာနဲ့ ကွဲပြားနေတယ်လို့ ဆိုထားပါသေးတယ်။ နီပေါဒေသခံတိုင်းရင်းသားတွေကလည်း အစောင့်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခြင်းကို ခံရတယ်လို့ တင်ပြထားပါသေးတယ်။

- Advertisement -

Leonardi DiCaprio ရဲ့ ပရဟိတအဖွဲ့အစည်းဟာဆိုရင် နိုင်ငံတော်မှာရှိတဲ့ ကျားမျိုးစိတ်တွေကို ကာကွယ်ဖို့အတွက် ၂၀၁၀ ခုနှစ်ကတည်းက စတင်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ ထိုနှစ်ထဲမှာပဲ နိုင်ငံတော်ပန်းခြံနှစ်ခုနားမှာ စစ်သားတွေ ကင်းလှည့်ရင်း လူသတ်မှုတွေ ဖြစ်ပေါ်ခဲ့ရခြင်းနဲ့ပတ်သက်ပြီး ကုလသမဂ္ဂက သက်သေအထောက်အထားတွေနဲ့ ထုတ်ပြန်ကြေညာလိုက်တာပဲဖြစ်ပါတယ်။ အရာရှိတွေဟာ ရာဇဝတ်ကောင်တွေ အပြစ်လွတ်အောင် သက်သေအတုတွေဖန်တီးပြီး သက်သေအစစ်တွေကိုဖျောက်ဖျက်ခြင်း၊ အသတ်ခံရသူတွေဟာ နယ်မြေကျူးကျော်သူတွေဖြစ်တယ်လို့ မှားယွင်းစွာဖြေဆိုခြင်း၊  အသတ်ခံရသူတွေရဲ့မိသားစုတွေကို ရာဇဝတ်ကောင်တွေအပေါ် တရားစွဲထားတာတွေကို ရုပ်သိမ်းပေးဖို့တောင်းဆိုတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီလူသတ်မှုမှာဆိုရင် စစ်သားတွေဟာ အပြစ်မဲ့တဲ့ တိုင်းရင်းသူနှစ်ယောက်နဲ့ ၁၂နှစ်အရွယ်ကောင်မလေးကို သတ်ခဲ့တာပဲဖြစ်ပါတယ်။

 

#SY(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

two × 2 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...