အသက် ၄၉ နှစ်အရွယ် အော်စကာဆုရှင် Gwyneth Paltrowက သူမရဲ့ကိုယ်ပိုင်စီးပွားရေးကို လုပ်ကိုင်နေပြီဖြစ်တာကြောင့် သူမရဲ့အနုပညာအလုပ်ကို စွန့်လွတ်တော့မယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ထိုကောလဟာလတွေနဲ့ ပက်သက်ပြီး Gwyneth မှ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပြီး သူမရဲ့ကိုယ်ပိုင်စီးပွားရေးဟာ သူမရဲ့အနုပညာပိုးကို မလွှမ်းမိုးနိုင်သေးပါဘူးဆိုပြီး ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
Today Magazine မှ သတင်းတင်ဆက်သူ Savannah Guthriethis က Gwyneth ကို အင်တာဗျူးလုပ်ရာမှာ Gwyneth က တစ်ရှိန်ထိုးအောင်မြင်နေတဲ့ သူမရဲ့ အနုပညာအလုပ်နဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအကြောင်းကို ပရိသတ်တွေကို အသိပေးမျှဝေခဲ့ပါတယ်။ Paltrow က “ကျွန်မက အနုပညာအလုပ်တွေလည်း ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ပါဘူး။ ကျွန်မရဲ့ Goop ကုမ္ပဏီအတွက်ကျတော့ ကျွန်မက ဒီကုမ္ပဏီကိုတည်ထောင်သူရော၊ ကုမ္ပဏီရဲ့CEO လည်းဖြစ်တာကြောင့် ဒီအလုပ်ကိုတော့ ကျွန်မနေ့တိုင်းလုပ်နေရမှာပါပဲ။ အခုလည်း ကျွန်မရဲ့ကုမ္ပဏီက ပုံမှန်လည်ပတ်နိုင်ပြီဖြစ်တာမို့ ကျွန်မအလုပ်ကို အချိန်ပေးနိုင်သလို ကျွန်မရဲ့ကလေးတွေကိုလည်း အချိန်ပေးနိုင်လာပါပြီ။ အခုချိန်မှာတော့ ကျွန်မရဲ့အနုပညာအလုပ်ကို အချိန်ပြည့်လုပ်နိုင်ဦးမယ်မထင်ဘူး” လို့ ဆိုပါတယ်။
သူမရဲ့ ကိုယ်ပိုင်လုပ်ငန်းအပြင် အနုပညာအလုပ်တွေကိုပါ ပူးတွဲလုပ်ကိုင်နေတဲ့ မင်းသမီး Paltrow ဟာ ကိုယ်ပိုင်စီးပွားရေးကို အချိန်ပိုပေးနိုင်ဖို့အတွက် အနုပညာအလုပ်တွေကို ခဏ အနားပေးထားရခြင်းပဲဖြစ်ပါတယ်။
<Unicode Version>
Iron Man မင္းသမီး Gwyneth Paltrow အႏုပညာလုပ္ငန္းေတြကို ရပ္ဆိုင္းလိုက္ၿပီလား ? ? ?
အသက္ ၄၉ ႏွစ္အရြယ္ ေအာ္စကာဆုရွင္ Gwyneth Paltrowက သူမရဲ႕ကိုယ္ပိုင္စီးပြားေရးကို လုပ္ကိုင္ေနၿပီျဖစ္တာေၾကာင့္ သူမရဲ႕အႏုပညာအလုပ္ကို စြန္႔လြတ္ေတာ့မယ္ဆိုတဲ့ ေကာလဟာလေတြ ထြက္ေပၚလာခ့ဲပါတယ္။ ထိုေကာလဟာလေတြနဲ႕ ပက္သက္ၿပီး Gwyneth မွ ျပတ္ျပတ္သားသား ျငင္းဆိုလိုက္ၿပီး သူမရဲ႕ကိုယ္ပိုင္စီးပြားေရးဟာ သူမရဲ႕အႏုပညာပိုးကို မလႊမ္းမိုးႏိုင္ေသးပါဘူးဆိုၿပီး ထုတ္ေဖာ္ေျပာဆိုခ့ဲပါတယ္။
Today Magazine မွ သတင္းတင္ဆက္သူ Savannah Guthriethis က Gwyneth ကို အင္တာဗ်ဴးလုပ္ရာမွာ Gwyneth က တစ္ရွိန္ထိုးေအာင္ျမင္ေနတဲ့ သူမရဲ႕ အႏုပညာအလုပ္နဲ႔ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းအေၾကာင္းကို ပရိသတ္ေတြကို အသိေပးမွ်ေဝခဲ့ပါတယ္။ Paltrow က “ကၽြန္မက အႏုပညာအလုပ္ေတြလည္း ဘယ္ေတာ့မွ ရပ္တန္႔မွာ မဟုတ္ပါဘူး။ ကၽြန္မရဲ႕ Goop ကုမၸဏီအတြက္က်ေတာ့ ကၽြန္မက ဒီကုမၸဏီကိုတည္ေထာင္သူေရာ၊ ကုမၸဏီရဲ႕CEO လည္းျဖစ္တာေၾကာင့္ ဒီအလုပ္ကိုေတာ့ ကၽြန္မေန႔တိုင္းလုပ္ေနရမွာပါပဲ။ အခုလည္း ကၽြန္မရဲ႕ကုမၸဏီက ပံုမွန္လည္ပတ္ႏိုင္ၿပီျဖစ္တာမို႔ ကၽြန္မအလုပ္ကို အခ်ိန္ေပးႏိုင္သလို ကၽြန္မရဲ႕ကေလးေတြကိုလည္း အခ်ိန္ေပးႏိုင္လာပါၿပီ။ အခုခ်ိန္မွာေတာ့ ကၽြန္မရဲ႕အႏုပညာအလုပ္ကို အခ်ိန္ျပည့္လုပ္ႏိုင္ဦးမယ္မထင္ဘူး” လို႔ ဆိုပါတယ္။
သူမရဲ႕ ကိုယ္ပိုင္လုပ္ငန္းအျပင္ အႏုပညာအလုပ္ေတြကိုပါ ပူးတြဲလုပ္ကိုင္ေနတ့ဲ မင္းသမီး Paltrow ဟာ ကိုယ္ပိုင္စီးပြားေရးကို အခ်ိန္ပိုေပးႏိုင္ဖို႔အတြက္ အႏုပညာအလုပ္ေတြကို ခဏ အနားေပးထားရျခင္းပဲျဖစ္ပါတယ္။
<Zawgyi Version>
#SY(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share