အသက် ၂၃နှစ်အရွယ် ထိပ်တန်းမော်ဒယ်တစ်ယောက်ဖြစ်တဲ့ Kendall Jenner က သူမရဲ့ အင်စတာဂရမ်အကောင့်မှာ သူမမွေးထားတဲ့မြွေလေးက ဆံပင်ကိုရစ်ပတ်နေတဲ့ ဗီဒီယိုကို “My Son” လို့ caption တပ်ထားပြီး ပို့စ်တင်ခဲ့ပါတယ်။ Kendall အနေနဲ့ သူမမွေးထားတဲ့မြွေလေးကို ခန္ဓာကိုယ်တစ်ခုလုံးကိုသာမက ဆံပင်မှာပါ ရစ်ပတ်ခွင့်ပေးရတာကို လုံးဝမကြောက်တဲ့အပြင် သဘောကျနှစ်သက်နေပုံပါပဲ။ တိရစ္ဆာန်တွေကိုချစ်တတ်တဲ့ Kendallဟာ သူမချစ်ရတဲ့ Doberman Pinscher ခွေးအမျိုးအစားရဲ့ပုံတွေကိုလည်း သူမရဲ့အင်စတာဂရမ်အကောင့်မှာ တင်လေ့ရှိပါတယ်။
ဥရောပမှာကျင်းပတဲ့ ဖက်ရှင်ရှိုးပွဲတွေတက်ရောက်ပြီးတဲ့နောက်မှာတော့ Kendall ဟာ West Coast ကို ပြန်သွားခဲ့ပါတယ်။ သူမရဲ့ညီအစ်မတွေရှိရာ လော့စ်အိန်ဂျလိစ်မြို့ကြီးနဲ့ ဝေးကွာနေတဲ့အချိန်မှာတော့ Kendall ကို သူမရဲ့ချစ်သူ Ben Simmon ရဲ့ ဘတ်စ်ကတ်ဘောပြိုင်ပွဲတွေမှာ သွားရောက်အားပေးတဲ့ပုံရိပ်တွေကိုလည်း မြင်တွေ့ရတာပဲဖြစ်ပါတယ်။
Kendall က သူမနဲ့ Ben Simmon တို့တွဲနေတာကို အချိန်အတိုင်းအတာတစ်ခုအထိ ပရိသတ်တွေကို အသိမပေးခဲ့ပေမယ့် The Elle DeGeneres Show မှာ အမှန်အတိုင်းဖွင့်ပြောဝန်ခံခဲ့ပါတယ်။ Ellen က Kendall ရဲ့ ဘတ်စ်ကတ်ဘောကစားခြင်းအပေါ် စိတ်ဝင်စားမှုကို စပ်စုပြီးတဲ့နောက်မှာတော့ NBA ဘတ်စ်ကတ်ဘောကစားပွဲရဲ့ ပရိသတ်ထိုင်ခုံမှာ ထိုင်နေတဲ့ Kendall ရဲ့ ဓာတ်ပုံကို ပြပြီးစနောက်နေခဲ့တာပါ။ ဆက်လက်ပြီး Ellen ကပဲ “နင့်အရှေ့က လမ်းလျှောက်သွားတဲ့ကောင်လေးကြောင့် နင့်ကိုတောင်သေချာမမြင်ရပါဘူးနော်။ နေပါဦး အဲ့ကောင်လေးက ဘယ်သူလဲ?” ဆိုပြီး အရွှန်းဖောက်လိုက်ပါတယ်။ ဒါကို Kendall က “ကျွန်မလည်း သေသေချာချာမသိဘူးရှင့်” လို့ရယ်မောပြီး ပြန်ဖြေတာကို Ellenက “ဒါဆို နင်သူ့နဲ့တွဲနေတာပေါ့နော်။ တွဲနေတာကရော ဘယ်လောက်ကြာပြီလဲ?” ဆိုပြီး ခပ်တည်တည်နဲ့ မေးလိုက်တော့မှ Kendall က သူတို့နှစ်ဦးတွဲနေတာ အချိန်ခဏလေးပဲရှိပါသေးတယ်လို့ ဝန်ခံခဲ့တာပါ။ Kendall က သူမရဲ့ချစ်သူ Ben နဲ့ လွန်ခဲ့တဲ့ နွေဦးကမှ ချစ်သူတွေစဖြစ်ခဲ့ပြီး သူတို့စုံတွဲကို မကြာခဏဆိုသလို တတွဲတွဲ သွားလာနေတာကို တွေ့မြင်ရမှာပါ။
#SY(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share