Louis Tomlinson က One direction အဖွဲ့သားဟောင်းတစ်ယောက်ဖြစ်တဲ့ Zayn Malik နဲ့ သူ့ကြားက သူငယ်ချင်းဆက်ဆံရေးဟာ အရင်လိုပြန်မဖြစ်လာနိုင်တော့ဘူးလို့ အင်တာဗျူးတစ်ခုမှာဖြေကြားခဲ့တာပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ one direction အဖွဲ့မှာ အတူရှိတုန်းက အရမ်းကိုရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်ခဲ့ကြပေမယ့် အခုချိန်မှာတော့ ဆက်ဆံရေးတွေကျဲသွားကြပါတယ်။ ဒီလိုဖြစ်ရခြင်းအကြောင်းအရင်းကို Louis က Dan Wootton နဲ့ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ “ကျွန်တော်တို့ သူငယ်ချင်းဆက်ဆံရေးက အရင်လိုပြန်မဖြစ်လာတော့တာ အမှန်ပါပဲဗျာ။ ကျွန်တော့အမေဆုံးပါးသွားပြီးတဲ့နောက်မှာ ကျွန်တော် Zayn နဲ့ မကြာခဏဖုန်းပြောဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ဗျာ ကျွန်တော့်ဖျော်ဖြေတင်ဆက်မှုကို တခြားအဖွဲ့ဝင်တွေအကုန်လုံးက ကျွန်တော့်ကိုအားပေးဖို့အတွက် တက်ရောက်ခဲ့ပေမယ့် သူရောက်မလာခဲ့ဘူးဗျာ” ဆိုပြီးဖြေကြားခဲ့ပါတယ်။
https://www.instagram.com/p/BM9s8S3jSzV/?utm_source=ig_embed
ဒီအင်တာဗျူးထဲမှာ Louisပြောတဲ့ သူ့ရဲ့ဖျော်ဖြေတင်ဆက်မှုဆိုတာက သူ့ရဲ့အမေကွယ်လွန်ပြီး ရက်အနည်းငယ်အကြာမှာ X-Factor အဆိုပြိုင်ပွဲမှာ “Just Hold On” သီချင်းကို ဖျော်ဖြေတင်ဆက်တာကို ပြောချင်တာပဲဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ Zayn က သူ့ရဲ့ တွစ်တာအကောင့်ကနေပြီး အောက်ပါအတိုင်း အားပေးစကားပြောခဲ့တာ ဖြစ်ပါတယ်။
@Louis_Tomlinson love you bro! All of your family is in my prayers. proud of your strength and know your mum is too x
— zayn (@zaynmalik) December 9, 2016
Louis က ” ကျွန်တော့်သူငယ်ချင်း Harry ၊ Liam နဲ့ Niall သုံးယောက်လုံးက လာပြီးအားပေးခဲ့တာပါ။ ကျွန်တော်လိုအပ်နေခဲ့တာလည်း အဲ့လိုတောင့်တမှုမျိုးပါပဲဗျာ။ ဒီလိုမျိုးတွေဖြစ်ခဲ့တယ်ဆိုပေမယ့်လည်း Zayn အစစအရာရာ အဆင်ပြေဖို့တော့ ကျွန်တော်မျှော်လင့်ပါတယ် ” လို့ထပ်လောင်းပြောပြခဲ့ပါတယ်။
#SY(Soshwe)
#SoshweCelebrities
#SoshweForYourDailyLife
#Like&Share