Breaking News

ကမ္ဘာ့အသက်အရှည်ဆုံးလူသားအဖြစ် ဂင်းနစ်စံချိန်မှတ်တမ်းဝင်ခဲ့တဲ့သူ။

အသက် (၁၁၆) နှစ်အရွယ်ရှိပြီဖြစ်သူ ဂျပန်အဘွားအိုတစ်ဦးသည် ကမ္ဘာ့အသက်အရှည်ဆုံး လူသားအဖြစ် ဂင်းနစ်စံချိန်မှတ်တမ်းဝင်သွားခဲ့တယ်လို့ သိရှိရပါတယ်။ Kane Tanaka ဟုအမည်ရသည့် အဆိုပါ အမျိုးသမီးကို (၁၉၀၃) ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့၌ မွေးဖွားခဲ့ပြီး ပြီးခဲ့သည့် စနေနေ့က သူမနေထိုင်ရာ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ Fukuoka ဒေသ၌ အထူးအစီအစဉ်တစ်ခုကို ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ မွေးချင်း (၈) ယောက်အနက် (၇) ယောက်မြောက် မွေးချင်းဖြစ်သည့် Tanaka သည် (၁၉၂၂) ခုနှစ်၌ Hideo Tanaka နဲ့ အိမ်ထောင်ကျခဲ့ပြီး သားသမီးလေးယောက် ထွန်းကားခဲ့ပါတယ်။

သူမသည် နေ့စဉ်နေု့တိုင်း နံနက် (၆) နာရီ အိပ်ရာထလေ့ရှိပြီး Othello ဟုအမည်ရသည့် Board Game ကစားရခြင်းကို ကြိုက်နှစ်သက်ပြီး သင်္ချာဘာသာရပ်ကို လေ့လာလိုက်စားရခြင်းကိုလည်း နှစ်သက်သူတစ်ဦးဖြစ်ပါတယ်။ သူမ မတိုင်ခင်က ကမ္ဘာ့အသက်အရှည်ဆုံး လူသားအဖြစ် ဂျပန်အမျိုးသမီးတစ်ဦးဖြစ်သည့် အသက် (၁၁၇) နှစ်အရွယ် Chiyo Miyako ကသတ်မှတ်ခြင်းခံခဲ့ရပြီး ပြီးခဲ့သည့်ဇူလိုင်လက ကွယ်လွန်သွားခဲ့ပါတယ်။

အသက် (၁၂၂) နှစ်အရွယ်အထိ နေထိုင်သွားခဲ့သည့် ပြင်သစ်အမျိုးသမီး Jeanne Louise Calment မှာမူ ထာဝရ အသက်အရှည်ဆုံး လူသားအဖြစ် ဂင်းနစ်စံချိန်မှတ်တမ်းဝင်ထားခဲ့ပါတယ်။ ကမ္ဘာ့အသက်အရှည်ဆုံး လူသားများထဲ၌ အမျိုးသားများ ပါဝင်လာရေးအတွက် လက်ရှိအချိန်အထိ ရှာဖွေနေရဆဲဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကမ္ဘာ့အသက်အရှည်ဆုံး အမျိုးသားအဖြစ် စံချိန်တင်ခဲ့သည့် အမျိုးသားသည်လည်း ဂျပန်နိုင်ငံသား Masazo Nonaka ဖြစ်ပြီး အသက် (၁၁၃) နှစ်အထိ အသက်ရှင်နေထိုင်ခဲ့ကာ ပြီးခဲ့သည့် ဇန်နဝါရီလ၌ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းသိရှိရပါတယ်။

 

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

About admin

Check Also

၂၀၂၂ ခုနှစ်ရဲ့ အလုံခြုံဆုံးနဲ့ အန္တရာယ်အကင်းဆုံးသော မြို့တော်များ။

ခရီးသွားတွေအနေနဲ့ ဘယ်နေရာကို အလည်အပတ်သွားရမလဲဆိုတာ ဆုံးဖြတ်တဲ့အချိန်မှာ အန္တရာယ်ကင်းပြီး လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ နေရာတွေကိုသာ အဓိကဦးစားပေး ရွေးချယ်တတ်ကြပါတယ်။ ဒါပေမယ့် မကြာသေးခင်က ကမ္ဘာတစ်ဝှမ်းလုံးမှာ ကပ်ရောဂါဆိုးကြီး ပျံ့နှံ့လာခဲ့တာကြောင့် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro