Breaking News

အသက် (၂၃) နှစ်အရွယ် ဗြိတိန်အမျိုးသမီးတစ်ဦး ဂွါတီမာလာဒေသအနီး၌ ပျောက်ဆုံး။

ကျောပိုးအိတ်တစ်လုံးလွယ်ကာ ဒေသအနှံ့ခရီးထွက်နေသည့် အသက် (၂၃) နှစ်အရွယ်
ဗြိတိန်အမျိုးသမီးတစ်ဦးသည် ဂွါတီမာလာဒေသ၌ ပျောက်ဆုံးသွားခဲ့ပြီး သူမရဲ့ မိဘများက သူမရဲ့
ပျောက်ဆုံးမှုအပေါ် စိုးရိမ်နေကြောင်း ဗီဒီယိုတစ်ခုမှတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Oxford ဒေသအနီးရှိ Witney အရပ်မှ Catherine Shaw ဟုအမည်ရသည့် အဆိုပါ အမျိုးသမီးငယ်လေးသည် မတ်လ (၄) ရက်နေ့က နောက်ဆုံးတွေ့ရှိရပြီးနောက်ပိုင်း လက်ရှိအချိန်ထိ ပျောက်ဆုံးနေခြင်းလည်း ဖြစ်ပါတယ်။ သူမသည် သူငယ်ချင်းတစ်ဦးနဲ့အတူ အမေရိကန်တောင်ပိုင်းဒေသရှိ San Pedro, Lake Atitlan ဒေသကို ခရီးထွက်ခဲ့သေးကြောင်းလည်း သိရှိရပါတယ်။ လက်ရှိအချိန်၌မူ သူမရဲ့ပျောက်ဆုံးမှုအပေါ် မိဘများက အကြီးအကျယ် စိတ်ပူနေကြပြီး “သူမကဘယ်ရောက်ပြီး ဘာတွေလုပ်နေလဲဆိုတာကို ကျွန်မတို့ကို အမြဲတမ်း အကြောင်းကြားသူတစ်ယောက်ဖြစ်တာကြောင့် အခုလို ပျောက်ဆုံးနေတာက ပုံမှန်မဟုတ်တဲ့ ကိစ္စဖြစ်ပြီး သူမရဲ့လုံခြုံမှုအတွက် ကျွန်မတို့ အကြီးအကျယ် ပူပင်သောကရောက်နေရပါတယ်။ ကျေးဇူးပြုပြီး ကျွန်မတို့သမီးလေးကို ဝိုင်းဝန်းရှာဖွေပေးကြပါ။” ဟူ၍ အဆိုပါ ဗီဒီယို၌ ပူဆွေးသောကရောက်စွာဖြင့် ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ ဖခင်ဖြစ်သူက သမီးဖြစ်သူရဲ့ ပုံပန်းသွင်းပြင်နဲ့ ပတ်သက်၍လည်း ခန္ဓာကိုယ် ပိန်ပိန်ပါးပါး နဲ့ အရပ် (၅) ပေ (၇) လက်မဖြစ်ကြောင်း ပြောကြားခဲ့သလို Catherine ရဲ့ မိခင်ဖြစ်သူကလည်း သမီးဖြစ်သူရဲ့ ဓာတ်ပုံကို ကင်မရာရှေ့ထံ ယူဆောင်ပြသကာ လက်ရှိအချိန်၌ ဆံပင်အတိုနဲ့ ဖြစ်ကြောင်းလည်း ပြောပြသွားခဲ့တယ်လို့ သိရှိရပါတယ်။

 

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

About admin

Check Also

လိင်ပြောင်းထားသူများနဲ့ လိင်တူချစ်သူများအပေါ် ညှင်းပန်းနှိပ်စက်သူများအား တရားဝင်အရေးယူတော့မည့် နိုင်ငံတစ်နိုင်ငံ။

ဘရာဇီးနိုင်ငံ၌ လိင်ပြောင်းထားသူများနဲ့ လိင်တူချစ်သူများအား ဖိနှိပ်သူများကို ဥပဒေအရအရေးယူ အပြစ်ပေးတော့မည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပြီး အဆိုပါ လိင်ပြောင်းနဲ့လိင်တူချစ်သူများအပေါ် ညှင်းပန်းနှိပ်စက်သူများအနေဖြင့် ထောင်ဒဏ် (၅) နှစ် ကျခံရမည်လည်း ဖြစ်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro