ဥရောပနိုင်ငံများနဲ့ မြို့ကြီးများကို ပေါင်းစပ်ပြီး တည်ဆောက်ထားသည့် ဒူဘိုင်းမြို့မှ လူလုပ်ကျွန်းကြီး (၆) ခုသည် တဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီဖြစ်ပြီး အဆိုပါ ဒေါ်လာ (၅) ဘီလျံတန် စီမံကိန်းကြီး ပြီးဆုံးသွားပါက တစ်ချိန်တည်း၌ပင် ကမ္ဘာ့လှည့်ခရီးသွား (၁၆,၀၀၀) ကို လက်ခံနိုင်မည်ဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါ လူလုပ်ဥရောပတိုက်ကြီး၌တွင်မူ အမြဲလိုလို နေသာနေမည်ဖြစ်သည့်အပြင် သမုဒ္ဒရာရဲ့ နွေးထွေးမှုနဲ့သဲဖြူများကိုပါ ခံစားနိုင်မှာလည်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှ နာမည်ကြီးမြို့များဖြစ်သည့် ဗင်းနစ်အပါအဝင် စိန့်ပီတာစဘတ်၊ ဆွီဒင်၊ ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ အခြားသော နိုင်ငံများရဲ့ပုံရိပ်များကိုလည်း အဆိုပါ စီမံကိန်းကြီးအတွင်း၌ ထည့်သွင်းတည်ဆောက်ထားကြောင်းလည်း သိရှိရပါတယ်။
လက်ရှိအချိန်၌မူ အဆိုပါ စီမံကိန်းကြီးကို အပြီးသတ်ရန် နောက်ဆုံးအချိန် အပိုင်းအခြားကို ရောက်ရှိနေပြီဖြစ်ပါတယ်။ အဆိုပါ စီမံကိန်းကြီးကို (၂၀၀၃) ခုနှစ် မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ လူချမ်းသာများ နဲ့ နာမည်ကျော်များအတွက်လည်း လူလုပ်ကျွန်းငယ်ပေါင်း (၃၀၀) ကျော်ကိုထည့်သွင်းတည်ဆောက်ထားတယ်လို့ သိရှိရပါတယ်။ အဆိုပါ ကျွန်းငယ်များကို တည်ဆောက်ရန်အတွက် တန်ချိန်ပေါင်း (၃၄) ဘီလျံရှိသည့် ကြီးမားသော ကျောက်တုံးများ နဲ့ မီလီယံ (၃၂၀) ကုဗမီတာရှိသည့် သဲများကို အသုံးပြုကာ ပေမီလျံပေါင်းများစွာ နက်ရှိုင်းသည့် ပင်လယ်ပြင်ကို မြေဖို့ပစ်ခဲ့ရပါတယ်။
ဥရောပရဲ့ နှလုံးသားဟုခေါ်ဆိုသည့် အဆိုပါ ကျွန်းကြီးများ၌ ဟိုတယ်နဲ့ အပန်းဖြေစံအိမ်ပေါင်း (၁၃) လုံးပါဝင်ပြီး အားလပ်ရက်၌အနားယူရန်အတွက် အိမ်ပေါင်း (၄,၀၀၀) ထက်မနည်းထည့်သွင်းတည်ဆောက်ထားပါတယ်။ ဒါ့အပြင် ဆွီဒင်ကျွန်းပေါ်၌လည်း နန်းတော်တမျှ ခမ်းနားတဲ့ “Waterfront Palaces” (၁၀) လုံးပါဝင်ပြီး ဂျာမနီကျွန်းပေါ်၌မူ ဗီလာပေါင်း (၃၂) လုံး ရှိနေမည်လည်း ဖြစ်ပါတယ်။ စိန့်ပီတာစဘတ်ကျွန်းကိုမူ ရေပေါ်အိမ် (၇၈) လုံးက ဝန်းရံတည်ဆောက်ထားကြောင်းလည်း သိရှိရပါတယ်။
ဆွီဒင်နိုင်ငံ ကိုယ်စားပြု နန်းတော်ကြီးသည်လည်း တည်ဆောက်မှုများ ပြီးစီးလုနီးပါးဖြစ်နေသလို အဆိုပါ ကျွန်းပေါ်မှ အိမ်ရာ (၁၀) လုံးကိုလည်း ရောင်းချပြီးဖြစ်ကြောင်း သြစတြေးလျ စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးက ပြီးခဲ့သည့်နှစ်အတွင်း၌ ပြောကြားခဲ့ပါတယ်။ အဆိုပါ အိမ်ရာများအနက် အိမ်ရာ (၈) လုံးကို အရှေ့အလယ်ပိုင်းဒေသမှ ဘီလျံနာတစ်ဦးထံ ရောင်းချခဲ့ခြင်းဖြစ်ပြီး ကျန် (၂) လုံးကိုမူ ဥရောပတိုက်မှ ဘီလျံနာတစ်ဦးထံ ရောင်းချထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမနီကျွန်းပေါ်မှ ဗီလာအားလုံးကိုလည်း ရောင်းချခဲ့ပြီးဖြစ်တယ်လို့ အဆိုပါ စီးပွါးရေးလုပ်ငန်းရှင်က ဆိုခဲ့ပါတယ်။ ဗင်းနစ်မြို့နဲ့ ပတ်သက်သည့် နေရာ၌ ရေအောက်နားနေခန်းများလည်းပါဝင်ပြီး အဆိုပါစီမံကိန်းကြီး၌ ဆွစ်ဇာလန်ကျွန်းနဲ့ Main Europe ရဲ့ အခြားသော ဟိုတယ် (၉) လုံးတို့၌လည်း ရေအောက်နားနေခန်းများကို ထည့်သွင်းတည်ဆောက်ထားပါတယ်။
Middle East Economic Digest ရဲ့ အယ်ဒီတာတစ်ဦးဖြစ်သည့် Richard Thompson ကလည်း “လူတွေက အတွေ့အကြုံအသစ်တွေကို ရှာဖွေနေပြီး ကမ်းခြေပေါ်မှာပဲ အပန်းဖြေရတာကို ရိုးအီနေကြပါပြီ။ သူတို့က နောက်ထပ် စွန့်စားမှုအသစ်တွေကို ရှာဖွေနေကြပြီး သူတို့ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေအတွက် အသစ်အဆန်းတချို့ လိုအပ်ပါတယ်။ သူတို့အတွက် တန်ဖိုးဖြတ်မရတဲ့ အရာအချို့နဲ့ သူတို့ရဲ့ ဘဝမှတ်တမ်းမှာ တစ်စုံတစ်ခု တိုးတက်ဖို့အတွက် အသစ်အဆန်းဖြစ်တဲ့ အရာတွေကို လိုချင်တောင့်တနေကြပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။
လက်ဘနွန်ကျွန်းစုကိုမူ ပုဂ္ဂလိကပိုင် ကမ်းခြေအသေးစားအဖြစ် သတ်မှတ်ထားပြီး စီးပွားဖြစ် ရောင်းချရန်အတွက်လည်း ပြင်ဆင်ထားပါတယ်။ Allsopp & Allsopp ဟုအမည်ရသည့် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီတစ်ခုက အဆိုပါ ကျွန်းစုကို ရောင်းချရန် တာဝန်ယူထားပြီး ဟိုတယ် Group တစ်ခုက Eco- friendly resort တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ဝယ်ယူရန် စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။
<Unicode Version>
ဒူဘုိင္းၿမိဳ႕၌ ေပၚေပါက္လာေတာ့မည့္ ကမာၻ႕တန္ဖိုးအႀကီးမားဆံုး အပန္းေျဖစခန္း။
ဥေရာပႏုိင္ငံမ်ားနဲ႔ ၿမိဳ႕ႀကီးမ်ားကို ေပါင္းစပ္ၿပီး တည္ေဆာက္ထားသည့္ ဒူဘုိင္းၿမိဳ႕မွ လူလုပ္ကြ်န္းႀကီး (၆) ခုသည္ တျဖည္းျဖည္း ရုပ္လံုးေပၚလာၿပီျဖစ္ၿပီး အဆုိပါ ေဒၚလာ (၅) ဘီလ်ံတန္ စီမံကိန္းႀကီး ၿပီးဆံုးသြားပါက တစ္ခ်ိန္တည္း၌ပင္ ကမာၻ႕လွည့္ခရီးသြား (၁၆,၀၀၀) ကုိ လက္ခံႏုိင္မည္ျဖစ္ေၾကာင္း သိရွိရပါတယ္။ အဆုိပါ လူလုပ္ဥေရာပတုိက္ႀကီး၌တြင္မူ အၿမဲလိုလို ေနသာေနမည္ျဖစ္သည့္အျပင္ သမုဒၵရာရဲ႕ ေႏြးေထြးမႈနဲ႔သဲျဖဴမ်ားကုိပါ ခံစားႏုိင္မွာလည္း ျဖစ္ပါတယ္။ ကမာၻေပၚမွ နာမည္ႀကီးၿမိဳ႕မ်ားျဖစ္သည့္ ဗင္းနစ္အပါအဝင္ စိန္႔ပီတာစဘတ္၊ ဆြီဒင္၊ ဂ်ာမနီ၊ ဆြစ္ဇာလန္နဲ႔ အျခားေသာ ႏုိင္ငံမ်ားရဲ႕ပုံရိပ္မ်ားကိုလည္း အဆုိပါ စီမံကိန္းႀကီးအတြင္း၌ ထည့္သြင္းတည္ေဆာက္ထားေၾကာင္းလည္း သိရွိရပါတယ္။
လက္ရွိအခ်ိန္၌မူ အဆုိပါ စီမံကိန္းႀကီးကို အၿပီးသတ္ရန္ ေနာက္ဆံုးအခ်ိန္ အပုိင္းအျခားကို ေရာက္ရွိေနၿပီျဖစ္ပါတယ္။ အဆုိပါ စီမံကိန္းႀကီးကို (၂၀၀၃) ခုႏွစ္ မွ စတင္တည္ေဆာက္ခ့ဲျခင္းျဖစ္ကာ လူခ်မ္းသာမ်ား နဲ႔ နာမည္ေက်ာ္မ်ားအတြက္လည္း လူလုပ္ကြ်န္းငယ္ေပါင္း (၃၀၀) ေက်ာ္ကိုထည့္သြင္းတည္ေဆာက္ထားတယ္လို႔ သိရွိရပါတယ္။ အဆုိပါ ကြ်န္းငယ္မ်ားကို တည္ေဆာက္ရန္အတြက္ တန္ခ်ိန္ေပါင္း (၃၄) ဘီလ်ံရွိသည့္ ႀကီးမားေသာ ေက်ာက္တံုးမ်ား နဲ႔ မီလီယံ (၃၂၀) ကုဗမီတာရွိသည့္ သဲမ်ားကုိ အသံုးျပဳကာ ေပမီလ်ံေပါင္းမ်ားစြာ နက္ရိႈင္းသည့္ ပင္လယ္ျပင္ကို ေျမဖို႔ပစ္ခ့ဲရပါတယ္။
ဥေရာပရဲ႕ ႏွလံုးသားဟုေခၚဆုိသည့္ အဆုိပါ ကြ်န္းႀကီးမ်ား၌ ဟိုတယ္နဲ႔ အပန္းေျဖစံအိမ္ေပါင္း (၁၃) လံုးပါဝင္ၿပီး အားလပ္ရက္၌အနားယူရန္အတြက္ အိမ္ေပါင္း (၄,၀၀၀) ထက္မနည္းထည့္သြင္းတည္ေဆာက္ထားပါတယ္။ ဒါ့အျပင္ ဆြီဒင္ကြ်န္းေပၚ၌လည္း နန္းေတာ္တမွ် ခမ္းနားတ့ဲ “Waterfront Palaces” (၁၀) လံုးပါဝင္ၿပီး ဂ်ာမနီကြ်န္းေပၚ၌မူ ဗီလာေပါင္း (၃၂) လံုး ရွိေနမည္လည္း ျဖစ္ပါတယ္။ စိန္႔ပီတာစဘတ္ကြ်န္းကုိမူ ေရေပၚအိမ္ (၇၈) လံုးက ဝန္းရံတည္ေဆာက္ထားေၾကာင္းလည္း သိရွိရပါတယ္။
ဆီြဒင္ႏုိင္ငံ ကုိယ္စားျပဳ နန္းေတာ္ႀကီးသည္လည္း တည္ေဆာက္မႈမ်ား ၿပီးစီးလုနီးပါးျဖစ္ေနသလို အဆိုပါ ကြ်န္းေပၚမွ အိမ္ရာ (၁၀) လံုးကိုလည္း ေရာင္းခ်ၿပီးျဖစ္ေၾကာင္း ၾသစေၾတးလ် စီးပြါးေရးလုပ္ငန္းရွင္တစ္ဦးက ၿပီးခ့ဲသည့္ႏွစ္အတြင္း၌ ေျပာၾကားခ့ဲပါတယ္။ အဆုိပါ အိမ္ရာမ်ားအနက္ အိမ္ရာ (၈) လံုးကို အေရွ႕အလယ္ပိုင္းေဒသမွ ဘီလ်ံနာတစ္ဦးထံ ေရာင္းခ်ခ့ဲျခင္းျဖစ္ၿပီး က်န္ (၂) လံုးကုိမူ ဥေရာပတိုက္မွ ဘီလ်ံနာတစ္ဦးထံ ေရာင္းခ်ထားၿပီးျဖစ္ပါတယ္။ ဒါ့အျပင္ ဂ်ာမနီကြ်န္းေပၚမွ ဗီလာအားလံုးကုိလည္း ေရာင္းခ်ခ့ဲၿပီးျဖစ္တယ္လို႔ အဆုိပါ စီးပြါးေရးလုပ္ငန္းရွင္က ဆိုခ့ဲပါတယ္။ ဗင္းနစ္ၿမိဳ႕နဲ႔ ပတ္သက္သည့္ ေနရာ၌ ေရေအာက္နားေနခန္းမ်ားလည္းပါဝင္ၿပီး အဆုိပါစီမံကိန္းႀကီး၌ ဆြစ္ဇာလန္ကြ်န္းနဲ႔ Main Europe ရဲ႕ အျခားေသာ ဟုိတယ္ (၉) လံုးတုိ႔၌လည္း ေရေအာက္နားေနခန္းမ်ားကို ထည့္သြင္းတည္ေဆာက္ထားပါတယ္။
Middle East Economic Digest ရဲ႕ အယ္ဒီတာတစ္ဦးျဖစ္သည့္ Richard Thompson ကလည္း “လူေတြက အေတြ႔အႀကံဳအသစ္ေတြကုိ ရွာေဖြေနၿပီး ကမ္းေျခေပၚမွာပဲ အပန္းေျဖရတာကို ရိုးအီေနၾကပါၿပီ။ သူတို႔က ေနာက္ထပ္ စြန္႔စားမႈအသစ္ေတြကို ရွာေဖြေနၾကၿပီး သူတို႔ရဲ႕ ဆုိရွယ္မီဒီယာအေကာင့္ေတြအတြက္ အသစ္အဆန္းတခ်ိဳ႕ လုိအပ္ပါတယ္။ သူတို႔အတြက္ တန္ဖုိးျဖတ္မရတ့ဲ အရာအခ်ိဳ႕နဲ႔ သူတုိ႔ရဲ႕ ဘဝမွတ္တမ္းမွာ တစ္စံုတစ္ခု တုိးတက္ဖို႔အတြက္ အသစ္အဆန္းျဖစ္တ့ဲ အရာေတြကုိ လိုခ်င္ေတာင့္တေနၾကပါတယ္။” ဟု ေျပာၾကားခ့ဲပါတယ္။
လက္ဘႏြန္ကြ်န္းစုကိုမူ ပုဂၢလိကပိုင္ ကမ္းေျခအေသးစားအျဖစ္ သတ္မွတ္ထားၿပီး စီးပြားျဖစ္ ေရာင္းခ်ရန္အတြက္လည္း ျပင္ဆင္ထားပါတယ္။ Allsopp & Allsopp ဟုအမည္ရသည့္ အိမ္ၿခံေျမအက်ိဳးေဆာင္ကုမၸဏီတစ္ခုက အဆုိပါ ကြ်န္းစုကို ေရာင္းခ်ရန္ တာဝန္ယူထားၿပီး ဟုိတယ္ Group တစ္ခုက Eco- friendly resort တည္ေဆာက္ရန္ ရည္ရြယ္ခ်က္ျဖင့္ ဝယ္ယူရန္ စိတ္ဝင္စားေနေၾကာင္း သိရွိရပါတယ္။
#HM(Soshwe)
#SoshweTravel
#SoshweForYourDailyLife
#Like&Share