Breaking News

ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ်သောက်ခြင်းဆိုးကျိုးများ။

ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ်သောက်ခြင်းသည် ကလေးငယ်များ သေဆုံးခြင်း ပမာဏကို နှစ်ဆအထိ မြင့်တက်စေနိုင်ကြောင်း လေ့လာဆန်းစစ်ချက်အသစ်များအရ သိရှိရပါတယ်။ အဆိုပါ လေ့လာဆန်းစစ်ချက်အရ (၂၀၀၇) ခုနှစ်မှ (၂၀၁၁) ခုနှစ်အတွင်း ကိုယ်ဝန်ဆောင်နေစဉ်အတွင်း၌ တစ်ရက်ကို ဆေးလိပ် အလိပ် (၂၀) နဲ့ အထက် သောက်မည်ဆိုပါက မမျှော်လင့်ဘဲ ကလေးငယ်သေဆုံးသည့် ရာခိုင်နှုန်းသည် (၀.၀၇) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် တစ်ရက်ကို ဆေးလိပ်တစ်ဘူးနှုန်းသောက်ခြင်းသည်လည်း ကိုယ့်ရင်သွေးရုတ်တရက် သေဆုံးနိုင်ခြင်းကို ပုံမှန်ထက် သုံးဆ ပိုမိုမြင့်တက်စေကြောင်းလည်း လေ့လာသူများက ဆိုခဲ့ပါတယ်။ “တစ်ရက်ကို ဆေးလိပ်တစ်လိပ် ဒါမှမဟုတ် နှစ်လိပ်သောက်သုံးခြင်းကလည်း သင့်ကလေးငယ်ကို မမျှော်လင့်ဘဲ သေဆုံးစေနိုင်ပါတယ်။” ဟူ၍ ဒေါက်တာ ဂျေမီရက်ဒ်လန်းက ဆိုပါတယ်။

 

SIDS နဲ့ SUID

Sudden infant death syndrome (SIDS) ဟူ၍ လူသိများသည့် အဆိုပါ ဖြစ်စဉ်သည် အထူးသဖြင့် (၁) လသားအရွယ်ကလေးငယ်များမှ (၁) နှစ်သားအရွယ်အတွင်းအဖြစ်များလေ့ရှိပြီး အိပ်စက်ရာ၌ သူတို့ရဲ့ အစာအိမ်ကိုဖိပြီး မှောက်လျက်အိပ်စက်မိခြင်းကြောင့်လည်း ယခုကဲ့သို့ SIDS ဖြစ်ပွါးမှုနှုန်းက နှစ်ဆအထိ များပြားလာခဲ့ဲခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

(၁၉၉၄) ခုနှစ််မှစတင်ကာ “Back to sleep” ဟုအမည်ရသည့် Campaign တစ်ခုကို အသိဉာဏ်ကြွယ်ဝသော မိဘများအချို့က စတင်ပြုလုပ်ခဲ့ကြပြီး အဆိုပါအချိန်မှစ၍ SIDS နှုန်းကလည်း (၅၀) ရာခိုင်နှုန်းအထိ လျော့ကျခဲ့ပါတယ်။ နောက်ပိုင်းတွင်မူ ကလေးငယ်များရဲ့ အိပ်စင်အတွင်းမှ မလိုအပ်သော စောင်များ နဲ့ အရုပ်များကို ဖယ်ရှားပေးရန်အတွက်လည်း တိုက်တွန်းမှုများ ပြုလုပ်ခဲ့ကြပါတယ်။

(၂၀၁၀) ခုနှစ်၌ ကလေးများရဲ့ ကပ်ဘေးဆိုးကြီးဖြစ်သည့် အဆိုပါ SIDS နှုန်းသည် (၁၉၉၃) ခုနှစ်နှုန်းနဲ့ နှိုင်းယှဉ်ပါက တစ်နှစ်ကို လူ (၂,၀၀၀) နှုန်းအထိ ကျဆင်းသွားခဲ့ပြီဖြစ်ပါတယ်။ တစ်ချိန်တည်း၌ပင် SID ဖြစ်ပွါးမှုနှုန်းသည် အခြားသော ကိစ္စရပ်နှစ်မျိုးဖြစ်သည့် ဖျားနာခြင်းနဲ့မတော်တဆဖြစ်ရပ်များကြောင့် ပြန်လည်မြင့်တက်လာကြောင်းလည်း သိရှိရပါတယ်။ ယနေ့ခေတ်၌ လေ့လာဆန်းစစ်သူများက အဆိုပါ ဖြစ်ရပ် (၃) ခုကို ပေါင်းစပ်ကာ SUID (1209Short for sudden unexpected infant death) ဟူ၍ ပြောင်းလဲ ခေါ်ဆိုခဲ့ကြပါတယ်။

မိခင်ဖြစ်သူရဲ့ ဆေးလိပ်သောက်သုံးခြင်းနဲ့ SUID ဖြစ်ရပ်သည် ဆက်စပ်လျက်ရှိကြောင်းလည်း အမေရိကန်နိုင်ငံမှ လေ့လာဆန်းစစ်ရေးအဖွဲ့က ဆိုပါတယ်။ မိခင်များရဲ့ ဆေးလိပ်သောက်သုံးခြင်းသည် ကလေးငယ်များကို ပန်းနာရင်ကြပ်ရောဂါ၊ ကလေးဘဝတည်းက အဝလွန်ခြင်းဝေဒနာများနဲ့ ရင်ဆိုင်နိုင်ရစေကြောင်း ဖော်ပြခဲ့သလို ဆေးလိပ်မသောက်သော်လည်း ဆေးလိပ်နံ့ရှူမိသည့် မိခင်လောင်းသည်လည်း သန္ဓေသား ဖွံ့ဖြိုးမှုကို နှေးကွေးစေကာ ပေါင်ချိန်မပြည့်သည့် ကလေးမွေးဖွားနှုန်းကို (၂၀) ရာခိုင်နှုန်းအထိ မြင့်တက်စေပါတယ်။

ယခုကဲ့သို့ သတိပေးချက်များ ထုတ်ပြန်နေသော်လည်း အမေရိကန်နိုင်ငံရှိ ကိုယ်ဝန်ဆောင် မိခင်လောင်းများသည် ဆေးလိပ်သောက်သုံးခြင်းကို ရပ်တန့်နိုင်ခြင်းမရှိဘဲ တစ်နှစ်ကို ကိုယ်ဝန်ဆောင် အမျိုးသမီးဦးရေ (၃၃၈,၀၀၀) က ဆေးလိပ်သောက်သုံးနေဆဲဲဖြစ်ကြောင်းလည်း သိရှိရပါတယ်။ အချက်အလက်မှတ်တမ်းများအရ အဆိုပါ အမျိုးသမီးများအနက် (၅၅) ရာခိုင်နှုန်းသော အမျိုးသမီး အရေအတွက်သည် ဆေးလိပ်သောက်သုံးခြင်းကို ရပ်တန့်မရခြင်းကြောင့် ယခုကဲ့သို့ သောက်သုံးနေခြင်းဖြစ်ကြောင်းလည်း သိရှိရပါတယ်။

ဒါ့အပြင် ဆေးလိပ်သောက်သုံးတတ်သည့် အမျိုးသမီးတစ်ဦးသည် ရုတ်တရက် ကိုယ်ဝန်ရှိလာလျှင်လည်း ကောင်းမွန်သော အခြေအနေမဟုတ်ကြောင်း ရှာဖွေတွေ့ရှိမှုအသစ်များက ဖော်ပြခဲ့ပါတယ်။ “တကယ်လို့ရှင်က ကိုယ်ဝန်မရခင် (၃) လလောက်မှာ ဆေးလိပ်သောက်သုံးခဲ့ပြီး နောက်ဆုံးကျမှ ဆေးလိပ်ကို ဖြတ်လိုက်တယ်ဆိုရင်တောင် သာမန် ဆေးလိပ်မသောက်သုံးသူတွေထက် SUID ဖြစ်ပွါးနိုင်ချေနှုန်းက သာမန်ထက် (၅၀) ရာခိုင်နှုန်း ပိုမိုများပြားနေဆဲဖြစ်ပါတယ်။” ဟုလည်း ဆရာဝန်များကဆိုကြပါတယ်။

ဒီပမာဏသည် ကိုယ်ဝန်ဆောင်စဉ်တစ်လျှောက်လုံး ဆေးလိပ်သောက်သုံးခြင်းနဲ့ နှိုင်းယှဉ်ပါက SUID ဖြစ်ပွါးမှုနှုန်း ပိုမိုနည်းပါးပေမယ့် ဆေးလိပ်လုံးဝမသောက်သည့် အမျိုးသမီးများထက်ပိုမိုများပြားသည့် ပမာဏဖြစ်နေဆဲလည်း ဖြစ်ပါတယ်။

အမျိုးသမီးတော်တော်များများသည်လည်း ရင်သွေးငယ်များရဲ့ ကျန်းမာရေးအတွက် ဆေးလိပ်သောက်ခြင်းကို ရပ်တန့်လိုသော်လည်း ထင်ထားသည်ထက် ပိုမိုခက်ခဲနေသည်ကို တွေ့ရှိရပါတယ်။ Baby & Me Tobacco Free Program မှ Laurie Adams ကလည်း “ကျွန်တော်တို့ တွေ့ရှိရသလောက် ဒီနေ့ခေတ်မှာ လူမှုဆက်ဆံရေးကြောင့် ဆေးလိပ်သောက်နေတဲ့ အမျိုးသမီးက မရှိသလောက်ဖြစ်ပြီး ဆေးလိပ်အတွင်းပါဝင်တဲ့ နီကိုတင်းဓာတ်က သူတို့ကို ဆွဲဆောင်နေတာ ဖြစ်ပါတယ်။ အဲ့ဒီအချက်ကြောင့်လည်း အမျိုးသမီးအများစုက ဆေးလိပ်ကို နေ့စဉ်သောက်သုံးနေကြတာဖြစ်ပြီး တစ်ရက်ကို ဆေးလိပ်ဘူးတစ်ဝက်ကနေ တစ်ဘူးအထိ သောက်နေကြတာဖြစ်ပါတယ်။” ဟူ၍လည်း ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ပါတယ်။

<Unicode Version>

 

 

ကိုယ္ဝန္ေဆာင္ခ်ိန္ ေဆးလိပ္ေသာက္ျခင္းဆိုးက်ိဳးမ်ား။

ကုိယ္ဝန္ေဆာင္ခ်ိန္ ေဆးလိပ္ေသာက္ျခင္းသည္ ကေလးငယ္မ်ား ေသဆံုးျခင္း ပမာဏကုိ ႏွစ္ဆအထိ ျမင့္တက္ေစႏုိင္ေၾကာင္း ေလ့လာဆန္းစစ္ခ်က္အသစ္မ်ားအရ သိရွိရပါတယ္။ အဆုိပါ ေလ့လာဆန္းစစ္ခ်က္အရ (၂၀၀၇) ခုႏွစ္မွ (၂၀၁၁) ခုႏွစ္အတြင္း ကိုယ္ဝန္ေဆာင္ေနစဥ္အတြင္း၌ တစ္ရက္ကို ေဆးလိပ္ အလိပ္ (၂၀) နဲ႔ အထက္ ေသာက္မည္ဆုိပါက မေမွ်ာ္လင့္ဘဲ ကေလးငယ္ေသဆံုးသည့္ ရာခုိင္ႏႈန္းသည္ (၀.၀၇) ရာခုိင္ႏႈန္းအထိ ျမင့္တက္ခ့ဲေၾကာင္း သိရွိရပါတယ္။

ဒါ့အျပင္ တစ္ရက္ကို ေဆးလိပ္တစ္ဘူးႏႈန္းေသာက္ျခင္းသည္လည္း ကိုယ့္ရင္ေသြးရုတ္တရက္ ေသဆံုးႏုိင္ျခင္းကို ပုံမွန္ထက္ သံုးဆ ပိုမိုျမင့္တက္ေစေၾကာင္းလည္း ေလ့လာသူမ်ားက ဆိုခ့ဲပါတယ္။ “တစ္ရက္ကို ေဆးလိပ္တစ္လိပ္ ဒါမွမဟုတ္ ႏွစ္လိပ္ေသာက္သံုးျခင္းကလည္း သင့္ကေလးငယ္ကို မေမွ်ာ္လင့္ဘဲ ေသဆံုးေစႏုိင္ပါတယ္။” ဟူ၍ ေဒါက္တာ ေဂ်မီရက္ဒ္လန္းက ဆုိပါတယ္။

 

SIDS နဲ႔ SUID

Sudden infant death syndrome (SIDS) ဟူ၍ လူသိမ်ားသည့္ အဆုိပါ ျဖစ္စဥ္သည္ အထူးသျဖင့္ (၁) လသားအရြယ္ကေလးငယ္မ်ားမွ (၁) ႏွစ္သားအရြယ္အတြင္းအျဖစ္မ်ားေလ့ရွိၿပီး အိပ္စက္ရာ၌ သူတုိ႔ရဲ႕ အစာအိမ္ကိုဖိၿပီး ေမွာက္လ်က္အိပ္စက္မိျခင္းေၾကာင့္လည္း ယခုက့ဲသို႔ SIDS ျဖစ္ပြါးမႈႏႈန္းက ႏွစ္ဆအထိ မ်ားျပားလာခ့ဲဲျခင္းျဖစ္ေၾကာင္း သိရွိရပါတယ္။

(၁၉၉၄) ခုႏွစ္္မွစတင္ကာ “Back to sleep” ဟုအမည္ရသည့္ Campaign တစ္ခုကို အသိဥာဏ္ၾကြယ္ဝေသာ မိဘမ်ားအခ်ိဳ႕က စတင္ျပဳလုပ္ခ့ဲၾကၿပီး အဆုိပါအခ်ိန္မွစ၍ SIDS ႏႈန္းကလည္း (၅၀) ရာခုိင္ႏႈန္းအထိ ေလ်ာ့က်ခ့ဲပါတယ္။ ေနာက္ပိုင္းတြင္မူ ကေလးငယ္မ်ားရဲ႕ အိပ္စင္အတြင္းမွ မလိုအပ္ေသာ ေစာင္မ်ား နဲ႔ အရုပ္မ်ားကို ဖယ္ရွားေပးရန္အတြက္လည္း တုိက္တြန္းမႈမ်ား ျပဳလုပ္ခ့ဲၾကပါတယ္။

(၂၀၁၀) ခုႏွစ္၌ ကေလးမ်ားရဲ႕ ကပ္ေဘးဆုိးႀကီးျဖစ္သည့္ အဆုိပါ SIDS ႏႈန္းသည္ (၁၉၉၃) ခုႏွစ္ႏႈန္းနဲ႕ ႏိႈင္းယွဥ္ပါက တစ္ႏွစ္ကို လူ (၂,၀၀၀) ႏႈန္းအထိ က်ဆင္းသြားခ့ဲၿပီျဖစ္ပါတယ္။ တစ္ခ်ိန္တည္း၌ပင္ SID ျဖစ္ပြါးမႈႏႈန္းသည္ အျခားေသာ ကိစၥရပ္ႏွစ္မ်ိဳးျဖစ္သည့္ ဖ်ားနာျခင္းနဲ႔မေတာ္တဆျဖစ္ရပ္မ်ားေၾကာင့္ ျပန္လည္ျမင့္တက္လာေၾကာင္းလည္း သိရွိရပါတယ္။ ယေန႔ေခတ္၌ ေလ့လာဆန္းစစ္သူမ်ားက အဆုိပါ ျဖစ္ရပ္ (၃) ခုကို ေပါင္းစပ္ကာ SUID (1209Short for sudden unexpected infant death) ဟူ၍ ေျပာင္းလဲ ေခၚဆုိခ့ဲၾကပါတယ္။

မိခင္ျဖစ္သူရဲ႕ ေဆးလိပ္ေသာက္သံုးျခင္းနဲ႔ SUID ျဖစ္ရပ္သည္ ဆက္စပ္လ်က္ရွိေၾကာင္းလည္း အေမရိကန္ႏုိင္ငံမွ ေလ့လာဆန္းစစ္ေရးအဖြဲ႕က ဆုိပါတယ္။ မိခင္မ်ားရဲ႕ ေဆးလိပ္ေသာက္သံုးျခင္းသည္ ကေလးငယ္မ်ားကုိ ပန္းနာရင္ၾကပ္ေရာဂါ၊ ကေလးဘဝတည္းက အဝလြန္ျခင္းေဝဒနာမ်ားနဲ႔ ရင္ဆုိင္ႏိုင္ရေစေၾကာင္း ေဖာ္ျပခ့ဲသလို ေဆးလိပ္မေသာက္ေသာ္လည္း ေဆးလိပ္နံ႔ရွဴမိသည့္ မိခင္ေလာင္းသည္လည္း သေႏၶသား ဖြံ႕ၿဖိဳးမႈကို ေႏွးေကြးေစကာ ေပါင္ခ်ိန္မျပည့္သည့္ ကေလးေမြးဖြားႏႈန္းကို (၂၀) ရာခိုင္ႏႈန္းအထိ ျမင့္တက္ေစပါတယ္။

ယခုက့ဲသုိ႔ သတိေပးခ်က္မ်ား ထုတ္ျပန္ေနေသာ္လည္း အေမရိကန္ႏုိင္ငံရွိ ကိုယ္ဝန္ေဆာင္ မိခင္ေလာင္းမ်ားသည္ ေဆးလိပ္ေသာက္သံုးျခင္းကို ရပ္တန္႔ႏုိင္ျခင္းမရွိဘဲ တစ္ႏွစ္ကို ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးဦးေရ (၃၃၈,၀၀၀) က ေဆးလိပ္ေသာက္သံုးေနဆဲဲျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။ အခ်က္အလက္မွတ္တမ္းမ်ားအရ အဆုိပါ အမ်ိဳးသမီးမ်ားအနက္ (၅၅) ရာခိုင္ႏႈန္းေသာ အမ်ိဳးသမီး အေရအတြက္သည္ ေဆးလိပ္ေသာက္သံုးျခင္းကုိ ရပ္တန္႔မရျခင္းေၾကာင့္ ယခုက့ဲသို႔ ေသာက္သံုးေနျခင္းျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

ဒါ့အျပင္ ေဆးလိပ္ေသာက္သံုးတတ္သည့္ အမ်ိဳးသမီးတစ္ဦးသည္ ရုတ္တရက္ ကိုယ္ဝန္ရွိလာလွ်င္လည္း ေကာင္းမြန္ေသာ အေျခအေနမဟုတ္ေၾကာင္း ရွာေဖြေတြ႔ရွိမႈအသစ္မ်ားက ေဖာ္ျပခ့ဲပါတယ္။ “တကယ္လို႔ရွင္က ကိုယ္ဝန္မရခင္ (၃) လေလာက္မွာ ေဆးလိပ္ေသာက္သံုးခ့ဲၿပီး ေနာက္ဆံုးက်မွ ေဆးလိပ္ကို ျဖတ္လိုက္တယ္ဆုိရင္ေတာင္ သာမန္ ေဆးလိပ္မေသာက္သံုးသူေတြထက္ SUID ျဖစ္ပြါးႏိုင္ေခ်ႏႈန္းက သာမန္ထက္ (၅၀) ရာခိုင္ႏႈန္း ပိုမိုမ်ားျပားေနဆဲျဖစ္ပါတယ္။” ဟုလည္း ဆရာဝန္မ်ားကဆုိၾကပါတယ္။

ဒီပမာဏသည္ ကိုယ္ဝန္ေဆာင္စဥ္တစ္ေလွ်ာက္လံုး ေဆးလိပ္ေသာက္သံုးျခင္းနဲ႔ ႏိႈင္းယွဥ္ပါက SUID ျဖစ္ပြါးမႈႏႈန္း ပိုမိုနည္းပါးေပမယ့္ ေဆးလိပ္လံုးဝမေသာက္သည့္ အမ်ိဳးသမီးမ်ားထက္ပိုမိုမ်ားျပားသည့္ ပမာဏျဖစ္ေနဆဲလည္း ျဖစ္ပါတယ္။

အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားသည္လည္း ရင္ေသြးငယ္မ်ားရဲ႕ က်န္းမာေရးအတြက္ ေဆးလိပ္ေသာက္ျခင္းကို ရပ္တန္႔လိုေသာ္လည္း ထင္ထားသည္ထက္ ပိုမိုခက္ခဲေနသည္ကို ေတြ႔ရွိရပါတယ္။ Baby & Me Tobacco Free Program မွ Laurie Adams ကလည္း “ကြ်န္ေတာ္တို႔ ေတြ႔ရွိရသေလာက္ ဒီေန႔ေခတ္မွာ လူမႈဆက္ဆံေရးေၾကာင့္ ေဆးလိပ္ေသာက္ေနတ့ဲ အမ်ိဳးသမီးက မရွိသေလာက္ျဖစ္ၿပီး ေဆးလိပ္အတြင္းပါဝင္တ့ဲ နီကိုတင္းဓာတ္က သူတုိ႔ကို ဆြဲေဆာင္ေနတာ ျဖစ္ပါတယ္။ အ့ဲဒီအခ်က္ေၾကာင့္လည္း အမ်ိဳးသမီးအမ်ားစုက ေဆးလိပ္ကို ေန႔စဥ္ေသာက္သံုးေနၾကတာျဖစ္ၿပီး တစ္ရက္ကို ေဆးလိပ္ဘူးတစ္ဝက္ကေန တစ္ဘူးအထိ ေသာက္ေနၾကတာျဖစ္ပါတယ္။” ဟူ၍လည္း ဖြင့္ဟေျပာၾကားမႈမ်ား ျပဳလုပ္သြားခ့ဲပါတယ္။

<Zawgyi Version>

 

#HM(Soshwe)

#SoshweBeauty&Health

#SoshweForYourDailyLife

#Like&Share

About admin

Check Also

လူတော်တော်များများ နံနံပင်ကို မုန်းတီးရခြင်းနဲ့ပက်သက်ပြီး လေ့လာတွေ့ရှိမှု။

ကျွန်မတို့အနေနဲ့ စားသောက်ဆိုင်တစ်ခုခုမှာ တခြားသောစားသုံးသူပဲဖြစ်ဖြစ်၊ ကိုယ့်နဲ့အတူလိုက်လာတဲ့ သူငယ်ချင်းကပဲဖြစ်ဖြစ် စားပွဲထိုး (သို့) စားဖိုမှူးကို “နံနံပင်မထည့်နဲ့နော်။”ဆိုပြီး သတိပေးတဲ့ စကားမျိုးကို မကြာခဏကြားရမှာပါ။ ကမ္ဘာနဲ့ချီပြီးပြောရမယ်ဆိုရင်တော့ ကမ္ဘာတစ်ဝှမ်းမှာတော့ နံနံပင်ကို …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro