Breaking News

ကျားသစ်နက်အနားသို့သွားရောက်ပြီး Selfie ဆွဲခဲ့သည့် အမျိုးသမီးရဲ့အဖြစ်။

Arizona တိရစ္ဆာန်ဥယျာဉ်၌ အမျိုးသမီးတစ်ဦးသည် ကျားသစ်မတစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး အဆိုပါဖြစ်ရပ်အတွက် တိရစ္ဆာန်ဥယျာဉ်မှ ကာယကံရှင်အမျိုးသမီးအား တောင်းပန်ခဲ့ကြောင်း သိရှိရပါတယ်။ Litchfield Park အတွင်းမှာ တည်ရှိတဲ့ အဆိုပါ တိရစ္ဆာန်ဥယျာဉ်မှ ပြောရေးဆိုခွင့်ရ အမျိုးသမီးပုဂ္ဂိုလ်တစ်ဦးက ယခုဖြစ်ရပ်နဲ့ ပတ်သက်၍ အရမ်းကို ထိတ်လန့်ကြောက်ရွံ့ခဲ့ရပြီး တိရစ္ဆာန်ဥယျာဉ်ဘက်မှလည်း အဆိုပါ မတော်တဆမှုအတွက် နောင်တရနေကြောင်း ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

မျက်မြင်သက်သေများရဲ့ အဆိုအရ အဆိုပါ အမျိုးသမီးသည် ဓာတ်ပုံရိုက်ရန်အတွက် အတားအဆီးများကို ကျော်ဖြတ်သွားခဲ့ပြီးနောက် အခုလိုပဲ ကျားသစ်နက်အမတစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။ ယခုဖြစ်ရပ်ဟာ စနေနေ့ညနေပိုင်းက ဖြစ်ပွားခဲ့ပြီး အဆိုပါ အမျိုးသမီးမှာ ဒဏ်ရာများရရှိခဲ့ကာ ဆေးကုသမှု ခံယူရန် လိုအပ်ခဲ့ကြောင်းလည်း Shawn Gilleland ရဲ့ Rural Metro မီးသတ်ဌာနမှ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အသက် (၃၀) ဝန်းကျင်ရှိ အဆိုပါအမျိုးသမီးကို ဆေးရုံသို့ ချက်ချင်းတင်ပို့ခဲ့ရပြီး အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိနေကြောင်းလည်း CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ တိရစ္ဆာန်ဥယျာဉ်ဘက်မှ “ဒီနေ့မှာ ဧည့်သည်တစ်ယောက်ဟာ ကျွန်မတို့ဆီက ကျားသစ်နက်အမတစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး အသက်အန္တရာယ် မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ မိသားစုရဲ့ တောင်းဆိုချက်အရ ဆေးဘက်ဆိုင်ရာအကူများကိုလည်း ချက်ချင်းခေါ်ယူပေးခဲ့ပါတယ်။ တိရစ္ဆာန်တွေအနေနဲ့ အတားအဆီးတွေကို ကျော်ဖြတ်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်မတို့အနေနဲ့ အခုလို အတားအဆီးတွေကို နေရာတကျ ထားပေးထားတာကိုလည်း နားလည်ပေးစေလိုပါတယ်။ ဒီနေ့ညမှာတော့ မိသားစုနဲ့ထပ်တူထပ်မျှ ကျွန်မတို့ ဆုတောင်းပေးနေပါတယ်။” ဟူ၍လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

မျက်မြင်သက်သေတစ်ဦးဖြစ်သည့် အဒမ်ဝဲလ်ကာဆင်ကလည်း အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့သည့် အချိန်၌ သူ့ရဲ့ မိသားစုနဲ့အတူ တိရစ္ဆာန်ရုံအတွင်းသို့ ရောက်ရှိနေပြီး အဒမ်က “ကျွန်တော်ဘာမှ မစဉ်းစားနိုင်ခဲ့ဘဲ အဲ့ဒီနေရာကို ဘယ်လိုပြေးသွားလဲတောင်မသိတော့ပါဘူး။ မိန်းကလေးတစ်ယောက်ရဲ့ လက်မောင်းက ခြံစည်းရိုးတွေကြားထဲရောက်နေပြီး အဲ့ဒီလက်မောင်းကို ကျားသစ်တစ်ကောင်က သူ့လက်သည်းတွေနဲ့ ဖမ်းဆွဲထားပါတယ်။”

“သူ့ရဲ့ အရေပြားအတွင်းအထိ ကျားသစ်ရဲ့ လက်သည်းတွေက ရောက်နေပေမယ့် ကျွန်တော် အဲ့ဒီမိန်းကလေးကို ဆွဲမထုတ်နိုင်ခဲ့ပါဘူး။ ကျွန်တော့်အမေက အဲ့ဒီအချိန်မှာ ကျွန်တော့်အနောက်ကို ပြေးလာပြီး သူမရဲ့ ရေဘူးကို လှောင်အိမ်အတွင်းကိုကျော်ပြီး ပစ်လိုက်ပါတယ်။ အဲ့ဒီရေဘူးက ကျားသစ်ကို အနှောင့်အယှက်ပေးခဲ့ပြီး ကျွန်တော်တို့လည်း ဒီဒုက္ခကနေ လွတ်မြောက်ခဲ့တာပါ။ ကျားသစ်က အဲ့ဒီအချိန်ကျမှ မိန်းကလေးကို လွှတ်ပေးခဲ့ပြီး ကျွန်တော်တို့လည်း အဲ့ဒီတော့မှ သူမကို ဆွဲထုတ်လို့ရခဲ့ပါတယ် . . .” ဟု ပြန်လည်ပြောပြသွားခဲ့ပါတယ်။ ဒါပေမယ့် အဒမ်ဝဲလ်ကာဆင်ကတော့ အဆိုပါ မိန်းကလေး မည်သို့မည်ပုံနဲ့ ကျားသစ်လှောင်အိမ်နားအထိ ရောက်ရှိသွားခဲ့ခြင်းကိုမူ တွေ့ရှိခဲ့ခြင်းမရှိဘူးလို့ သိရှိရပါတယ်။

အဆိုပါ တိရစ္ဆာန်ဥယျာဉ်မှ ဝန်ထမ်းတစ်ဦးကလည်း “သူမရဲ့ အသက်အန္တရာယ်ကို မထိခိုက်ခဲ့ဘဲ အဆင်ပြေနေတယ်ဆိုပေမယ့် လက်မောင်းကတော့ တော်တော်ဆိုးရွားသွားပါတယ်။ သူတော်တော်နာနေမှာဖြစ်ပြီး တော်တော်ကြီးဆိုးတဲ့ ဒဏ်ရာပါ။” ဟူ၍လည်း မှတ်ချက်ပြုပြောကြားသွားခဲ့ပါတယ်။

အဆိုပါ တိရစ္ဆာန်ဥယျာဉ်ဖက်မှလည်း “ကျွန်မတို့ရဲ့ ကျားသစ်နဲ့ ပတ်သက်ပြီး နောက်ထပ်ဘာမှထပ်မဖြစ်စေရဘူးဆိုတာကို ကတိပေးပါတယ်။ သူမက တောရိုင်းတိရစ္ဆာန်တစ်ကောင်ဖြစ်ပြီး ဧည့်သည်တွေအတွက်လည်း လုံခြုံစိတ်ချရဖို့အတွက် သင့်တော်တဲ့ အတားအဆီးတွေတပ်ဆင်ထားပါတယ်။ ဒါပေမယ့် ဒီအတားအဆီးတွေကို ကျော်ဖြတ်သွားတယ်ဆိုရင်တော့ ဒါက တောရိုင်းတိရစ္ဆာန်ရဲ့ အမှားမဟုတ်တော့ပါဘူး။ သူမနဲ့သူမရဲ့မိသားစုအတွက် ကျွန်မတို့ အခုချိန်ထိ ဆုတောင်းပေးနေပါတယ် . . .” ဟုသူတို့ရဲ့ Twitter စာမျက်နှာမှတစ်ဆင့် ရေးသားဖော်ပြသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

 

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ရဲတပ်ဖွဲ့ဝင် မြင်းတစ်ကောင်ရဲ့ ထူးထူးဆန်းဆန်းအမူအကျင့်။

မာဆေးဆိုက််ဒ်ရဲတပ်ဖွဲ့၌ နှစ်ပေါင်း (၁၅) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် မြင်းတစ်ကောင်သည် နံနက်မိုးလင်းပါက လက်ဖက်ရည်တစ်ခွက််ကို ပုံမှန်သောက်သုံးလေ့ရှိကြောင်း သိရှိရပါတယ်။ Jack ဟု အမည်ရသည့် အသက် (၂၀) …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro