Breaking News
မပြောလည်းပဲ သိနေသင့်သော အခြေခံလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းများ။
ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ နေထိုင်သွားလာ လှုပ်ရှားရင်နဲ့ လူအများနဲ့ ထိတွေ့ဆက်ဆံနေကြရပါတယ်။ ထိုသို့ ပေါင်းသင်းဆက်ဆံရာမှာလည်း မပြောလည်းပဲသိ်နေရမယ့်၊ လူတိုင်းလိုလို လိုက်နာရမယ့် အခြေခံ စည်းမျဉ်း၊ စည်းကမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ တကယ်လို့ သင့်မိတ်ဆွေတစ်ယောက်ယောက်ဆီမှာ ဆေးလိပ် (သို့) ပီကေ တစ်ခုပဲကျန်တော့မယ်ဆိုရင် သင့်အနေနဲ့ တောင်းဖို့မသင့်တော်တော့ဘူးဆိုတာ သိနေရပါမယ်။
၂။ တကယ်လို့သင်ဟာ သန့်စင်ခန်းအသုံးပြုနေတုန်း အိမ်သာသုံးစက္ကူကုန်သွားခဲ့သည်ရှိသော် သင့်အနေနဲ့ နောက်လူအဆင်ပြေစေနိုင်ဖို့အတွက် စက္ကူအသစ် ပြန်ထားပေးဖို့လိုအပ်ပါတယ်။
၃။ အမှားတစ်ခုခုလုပ်ထားပြီးနောက် တောင်းပန်စကားပြောတဲ့အခါမျိုးမှာလည်း ဆင်ခြေမပေးမိစေဖို့ အရမ်းအရေးကြီးပါတယ်။
၄။ တကယ်လို့ တစ်ယောက်ယောက်က လက်ကိုင်ဖုန်းကနေတစ်ဆင့် ဓာတ်ပုံပဲဖြစ်စေ၊ Message ပဲဖြစ်စေ လာပြခဲ့သည်ရှိသော် သူပြချင်တဲ့အရာကိုသာ ကြည့်ရှုပြီး ပြန်ပေးဖို့လိုအပ်ပါတယ်။ (ဖုန်း Screen ကို ဘယ်ရွှေ့၊ ညာရွှေ့ လုပ်တယ်ဆိုတာဟာ သူများရဲ့ Privacy ကို ချိုးဖောက်ရာရောက်တယ်လို့ သိထားရပါမယ် . . .)
၅။ တကယ်လို့ တစ်စုံတစ်ယောက်ဆီက ကားဌားစီးတယ်ဆိုရင်လည်း ကိုယ်ဌားစီးပြီိးနောက် ကားကို ဆီပြန်ဖြည့်ပေးဖို့ကလည်း အရေးကြီးပါတယ်။
၆။ အသင်းအဖွဲ့နဲ့ ညစာစားသည်ဖြစ်စေ၊ အပြင်ထွက်စားသည်ပဲဖြစ်စေ၊ စျေးကြီးတဲ့ အစားအစာကို မှာယူစားသုံးတဲ့သူက ငွေရှင်းရာတွင်လည်း ပိုပေးရမယ်ဆိုတာကို မှတ်ထားရပါ့မယ်။
၇။ လူထူထပ်တဲ့ နေရာကို ရောက်ရှိနေချိန်၌ သီးချင်းကို Speaker နဲ့ နားထောင်ခြင်းမျိုး ရှောင်ကြဉ်ရပါမယ်။ (ကိုယ်ကြိုက်တဲ့ သီချင်းအမျိုးအစားနဲ့ အခြားသူအကြိုက်နဲ့ တူချင်မှတူမယ်လေ . . .)
၈။ အသုဘရောက်ရှိနေချိန်မှာလည်း မိသားစုဝင်များရှေ့မှောက်၌ ငိုကြွေးခြင်းမျိုး ရှောင်ရှားရပါမယ်။
၉။ နှာချေ၊ ချောင်းဆိုးတဲ့အခါမျိုးတွေမှာလည်း မျက်နှာကို လက်နဲ့အုပ်ထားဖို့ အလွန်အရေးကြီးပါတယ်။
၁၀။ Shopping Center တွေကို စျေးဝယ်ထွက်တဲ့အခါမျိုးတွေမှာလည်း တွန်းလှည်းအသုံးပြုသည်ဖြစ်စေ၊ ခြင်းတောင်းအသုံးပြုသည်ဖြစ်စေ၊ လိုအပ်သည့်ပစ္စည်းများ ဝယ်ယူပြီး ငွေရှင်းပြီးနောက်မှာ နေရာတကျ ပြန်ထားပေးဖို့လည်း အရေးကြီးပါတယ်။
၁၁။ တကယ်လို့သင်ဟာ ပစ္စည်းတစ်ခုခုကို သုံးကြိမ်နဲ့အထက် ဌားရပြီဆိုရင် ထိုပစ္စည်းကို သင့်ရဲ့ ဝယ်ယူဖို့လိုအပ်နေတဲ့ ပစ္စည်းစာရင်းထဲမှာ ထည့်သွင်းထားရပါမယ်။
၁၂။ တကယ်လို့ တစ်ဦးတစ်ယောက်နဲ့ ချိန်းဆိုထားတဲ့ တွေ့ဆုံပွဲဟာ သင့်ကြောင့် ပျက်သွားခဲ့သည်ရှိသော် သင့်အနေနဲ့ အစားထိုး ပြန်လည်ချိန်းဆိုဖို့ နေ့တစ်နေ့ကို စီစဉ်ပေးရပါ့မယ်။
၁၃။ တစ်စုံတစ်ယောက်ရဲ့ မင်္ဂလာဆောင်ပွဲမှာ သင့်ရဲ့ ချစ်သူကို လက်ထပ်ခွင့်တောင်းဆိုခြင်းအား အထူးသတိပြု ရှောင်ရှားဖို့ လိုအပ်ပါတယ်။
၁၄။ ဆေးလိပ်သောက်ခွင့်မရှိတဲ့နေရာမျိုးမှာလည်း Vape ကို သောက်သုံးခြင်းဟာ မသင့်တော်ပါဘူး။
၁၅။ ဓာတ်လှေခါးစီးတဲ့အခါမျိုးတွေမှာလည်း သင့်အနေနဲ့ Control နဲ့နီးတဲ့နေရာမျိုးမှာဆိုရင် တံခါးအဖွင့်အပိတ်ခလုတ်ကို ထိန်းချုပ်ပေးဖို့ အလွန်အရေးကြီးပါတယ်။ (အလိုက်မသိတဲ့သူတွေကြောင့် ကျွန်တော်ဆို ညက်တာ ခဏခဏပဲ . . .)
၁၆။ စက်လှေခါးအသုံးပြုတဲ့အခါမျိုးတွေမှာလည်း ညာဖက်ကို ကပ်ရပ်ပြီး လမ်းလျှောက်ဆင်းမည်ဆိုပါက ဘယ်ဖက်ကနေ ဆင်းရပါမယ်။
၁၇။ စျေးရောင်းသူပဲဖြစ်ဖြစ်၊ သန့်ရှင်းရေးလုပ်သူပဲဖြစ်ဖြစ်၊ Taxi မောင်းနှင်သူပဲဖြစ်ဖြစ် လေးစားမှုကို ပြသရပါ့မယ်။ (ဘာလို့လဲဆိုတော့ ကျွန်တော်တို့အားလုံးဟာ လူသားတွေဖြစ်လို့ပါပဲ . . .)
<Unicode Version>
၆။       အသင်းအဖွဲ့နဲ့ ညစာစားသည်ဖြစ်စေ၊ အပြင်ထွက်စားသည်ပဲဖြစ်စေ၊ ဈေးကြီးတဲ့ အစားအစာကို မှာယူစားသုံးတဲ့သူက ငွေရှင်းရာတွင်လည်း ပိုပေးရမယ်ဆိုတာကို မှတ်ထားရပါ့မယ်။
၁၀။     Shopping Center တွေကို ဈေးဝယ်ထွက်တဲ့အခါမျိုးတွေမှာလည်း တွန်းလှည်းအသုံးပြုသည်ဖြစ်စေ၊ ခြင်းတောင်းအသုံးပြုသည်ဖြစ်စေ၊ လိုအပ်သည့်ပစ္စည်းများ ဝယ်ယူပြီး ငွေရှင်းပြီးနောက်မှာ နေရာတကျ ပြန်ထားပေးဖို့လည်း အရေးကြီးပါတယ်။
<Zawgyi Version>
#ST(Soshwe)
#SoshweLifeStyle
#SoshweForYourDailyLife
#Like&Share
About admin
Check Also
မိန်းမ ၉ ယောက် ပိုင်ဆိုင်ထားတဲ့ ဘရာဇီးမော်ဒယ်။
မိန်းမ ၉ ယောက်ရှိပြီး ကလေးယူဖို့ပါ စီစဉ်နေတဲ့ အမျိုးသားတစ်ဦးဟာ ဘယ်သူနဲ့ ကလေးအရင်ယူမလဲဆိုတာကို ‘Fisrt Come, First Served’ ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဒီကိစ္စကိုလည်း …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro