HomeEntertainmentပေါင်သန်း (၁၀၀) ရရှိမည်ဆိုပါက မိုက်တိုင်ဆန်နဲ့ ထိုးသတ်သွားမည်ဟု စိန်ခေါ်လိုက်သူ။

ပေါင်သန်း (၁၀၀) ရရှိမည်ဆိုပါက မိုက်တိုင်ဆန်နဲ့ ထိုးသတ်သွားမည်ဟု စိန်ခေါ်လိုက်သူ။

- Advertisement -

လက်ဝှေ့အကျော်အမော်တစ်ဦးဖြစ်သူ Lennox Lewis သည် WBC, IBF, IBO ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်များကို ကာကွယ်နိုင်ခဲ့သူတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် (၂၀၀၂) ခုနှစ်၌လည်း မိုက်တိုင်ဆန်ကို အနိုင်ယူထိုးသတ်နိုင်ခဲ့ပါတယ်။ Memphis, Tennessee ၌ ထိုးသတ်ခဲ့သည့် ကမ္ဘာ့ချန်ပီယံလုပွဲတွင် Lewis က မိုက်တိုင်ဆန်ကို (၈) ချီမြောက်တွင် အလဲထိုးသတ်ကာ ကမ္ဘာ့ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

နောက်ထပ် (၂) နှစ်အကြာ၌မူ Lewis သည် ကစားသမားဘဝမှ အနားယူသွားခဲ့ပြီး လက်ရှိအချိန်တွင်မူ ပေါင်သန်း (၁၀၀) သာ ရရှိမည်ဆိုပါက အနားယူရာမှ ပြန်လာကာ မိုက်တိုင်ဆန်နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ Joe Rogan ရဲ့ အသံဖိုင်တစ်ခုတွင် Lewis က သူ့အနေနဲ့ လွန်ခဲ့သည့် (၁၇) နှစ်ခန့်က ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် မိုက်တိုင်ဆန်နဲ့ ပြန်လည်ထိုးသတ်ရန် ဆန္ဒရှိသော်လည်း ကြီးမားသည့် ထိုးသတ်ကြေး ရရှိမှသာ ထိုးသတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Rogan က Lewis အား လက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ နောက်ထပ်တစ်ကြိမ် ပြန်လာရန် ဆန္ဒရှိသလားဆိုသည့် မေးခွန်းအား မေးမြန်းခဲ့ရာ Lewis က “ခင်ဗျားတို့ သိတဲ့အတိုင်းပါပဲ။ ကျွန်တော်သာ ပေါင်သန်း (၁၀၀) ရမယ်ဆိုရင် ကျွန်တော် အခု ဝတ်ထားတဲ့ ညအိပ်ဝတ်စုံကို ချွတ်ပြီး ပြန်လာခဲ့ပါမယ်။ ခင်ဗျားတကယ်မယုံဘူးဆိုရင် အခုချက်ချင်း ချက်လက်မှတ်သွားယူလာခဲ့ပါ။” ဟူ၍ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

- Advertisement -

Lewis က မည်သူနဲ့ ထိုးသတ်ချင်သည်ဆိုခြင်းကိုမူ ကနဦးတွင် ပြောကြားခဲ့ခြင်းမရှိပေမယ့် အန်သိုနီဂျိုရှူအာနဲ့ ထိုးသတ်မလားဆိုသည့် မေးခွန်းကိုမူ ချက်ချင်း ပယ်ချသွားခဲ့ပြီး “တိုင်ဆန်နဲ့ထိုးမှာပါ။” ဟု ယုံကြည်ချက်အပြည့်ဖြင့် ဖြေကြားသွားတယ်လို့ သိရှိရပါတယ်။ ကမ္ဘာ့ချန်ပီယံအဖြစ် (၃) ကြိမ်တိုင်တိုင် အောင်ပွဲခံနိုင်ခဲ့သည့် မိုက်တိုင်ဆန်သည် (၁၉၉၉) ခုနှစ်ကာလအတွင်း၌ ထောင်နန်းစံမြန်းနေခဲ့ရပြီး ဒီအချက်သည်လည်း Lewis အတွက် ပိုမိုကောင်းမွန်တဲ့ ကစားသမားဖြစ်လာရန် အခွင့်အရေးဖြစ်ခဲ့ကြောင်း ကာယကံရှင် Lewis ကိုယ်တိုင်က ဖွင့်ဟပြောကြားခဲ့ပါတယ်။ “ကျွန်တော် တိုင်ဆန်ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်လိုက်ရင် သူက ကျွန်တော်နဲ့ တစ်နေရာတည်းက လာခဲ့တဲ့ ကစားသမားပါ။ ကျွန်တော်လည်း ထောင်ထဲက ထွက်လာတာဖြစ်ပြီး တိုင်ဆန်ကလည်း ထောင်ထဲမှာ အချိန်ကုန်ခဲ့ရတာတွေ ရှိပါတယ်။ သူထောင်ထဲ ရောက်နေတုန်းက ကျွန်တော်က အပြင်မှာ ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းဆင်းနေပြီး ပွဲတွေလည်း ထိုးသတ်နေပါပြီ။”

- Advertisement -

“သူက ကျွန်တော့်လို အခွင့်အရေးမျိုးမရှိခဲ့ပါဘူး။ သူထောင်က လွတ်လာတော့ ပြန်ပြီးလေ့ကျင့်ခဲ့ပြီး သူဘာလုပ်ရမလဲ သူသိပါတယ်။ ဒါပေမယ့် သူဘယ်အရာကို ချစ်မြတ်နိုုးလဲဆိုတာကိုတော့ မသိပါဘူး။ သူက ပိုက်ဆံတော်တော်လေးရှာနိုင်ခဲ့ပြီး သူ့စားပွဲမှာ စားသောက်ဖွယ်ရာတွေအပြည့် ရှိနေခဲ့ပါတယ်။ ကျွန်တော် လက်ဝှေ့သမားဟောင်းတွေနဲ့ ပြန်တွေ့တိုင်း ခင်ဗျားတို့ကို ကြိုးဝိုင်းထဲမှာ အချိန်တွေအကြာကြီးနေနိုင်အောင် ဘယ်အရာတွေက ဆွဲဆောင်ခဲ့သလဲဆိုပြီး မေးလေ့ရှိပါတယ်။”

“သူတို့ဒီအတွက် အဖြေမရှိပါဘူး။ သူတို့က အဆိုတော် Dancer မဖြစ်နိုင်ခဲ့ဘဲ လက်ဝှေ့ထိုးဖို့ပဲ သိပြီး ဒီကနေ ပိုက်ဆံရှာနိုင်တယ်ဆိုတာကိုပဲ သိပါတယ်။ အဲ့ဒီအကြောင်းအရာတွေကြောင့်လည်း သူတို့ ကြိုးဝိုင်းထဲကို တစ်ကျော့ပြန် ရောက်ရှိလာကြတာဖြစ်ပါတယ်။” ဟု Lewis က မှတ်ချက်ပြုပြောကြားမှုများ ပြုလုပ်သွားခဲ့ပါတယ်။
<Unicode Version>

 

ေပါင္သန္း (၁၀၀) ရရွိမည္ဆိုပါက မိုက္တိုင္ဆန္နဲ႔ ထိုးသတ္သြားမည္ဟု စိန္ေခၚလိုက္သူ။

လက္ေဝွ႔အေက်ာ္အေမာ္တစ္ဦးျဖစ္သူ Lennox Lewis သည္ WBC, IBF, IBO ဟဲဗီးဝိတ္တန္းခ်န္ပီယံခါးပတ္မ်ားကို ကာကြယ္ႏိုင္ခ့ဲသူတစ္ဦးျဖစ္ၿပီး ၿပီးခ့ဲသည့္ (၂၀၀၂) ခုႏွစ္၌လည္း မိုက္တိုင္ဆန္ကုိ အႏုိင္ယူထုိးသတ္ႏုိင္ခ့ဲပါတယ္။ Memphis, Tennessee ၌ ထုိးသတ္ခ့ဲသည့္ ကမာၻ႕ခ်န္ပီယံလုပြဲတြင္ Lewis က မုိက္တိုင္ဆန္ကုိ (၈) ခ်ီေျမာက္တြင္ အလဲထုိးသတ္ကာ ကမာၻ႕ခ်န္ပီယံအျဖစ္ ေအာင္ပြဲခံႏုိင္ခ့ဲတာလည္း ျဖစ္ပါတယ္။

ေနာက္ထပ္ (၂) ႏွစ္အၾကာ၌မူ Lewis သည္ ကစားသမားဘဝမွ အနားယူသြားခ့ဲၿပီး လက္ရွိအခ်ိန္တြင္မူ ေပါင္သန္း (၁၀၀) သာ ရရွိမည္ဆုိပါက အနားယူရာမွ ျပန္လာကာ မုိက္တိုင္ဆန္နဲ႔ ယွဥ္ၿပိဳင္ထိုးသတ္သြားမည္ျဖစ္ေၾကာင္း ေၾကညာခ့ဲပါတယ္။ Joe Rogan ရဲ႕ အသံဖိုင္တစ္ခုတြင္ Lewis က သူ႔အေနနဲ႔ လြန္ခ့ဲသည့္ (၁၇) ႏွစ္ခန္႔က ယွဥ္ၿပိဳင္ထိုးသတ္ခ့ဲသည့္ မုိက္တိုင္ဆန္နဲ႔ ျပန္လည္ထုိးသတ္ရန္ ဆႏၵရွိေသာ္လည္း ႀကီးမားသည့္ ထုိးသတ္ေၾကး ရရွိမွသာ ထုိးသတ္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားခ့ဲပါတယ္။

Rogan က Lewis အား လက္ေဝွ႔ႀကိဳးဝုိင္းအတြင္းသို႔ ေနာက္ထပ္တစ္ႀကိမ္ ျပန္လာရန္ ဆႏၵရွိသလားဆုိသည့္ ေမးခြန္းအား ေမးျမန္းခ့ဲရာ Lewis က “ခင္ဗ်ားတုိ႔ သိတ့ဲအတုိင္းပါပဲ။ ကြ်န္ေတာ္သာ ေပါင္သန္း (၁၀၀) ရမယ္ဆုိရင္ ကြ်န္ေတာ္ အခု ဝတ္ထားတ့ဲ ညအိပ္ဝတ္စံုကုိ ခြ်တ္ၿပီး ျပန္လာခ့ဲပါမယ္။ ခင္ဗ်ားတကယ္မယံုဘူးဆုိရင္ အခုခ်က္ခ်င္း ခ်က္လက္မွတ္သြားယူလာခ့ဲပါ။” ဟူ၍ တုံ႔ျပန္ေျပာၾကားခ့ဲပါတယ္။

Lewis က မည္သူနဲ႔ ထိုးသတ္ခ်င္သည္ဆုိျခင္းကိုမူ ကနဦးတြင္ ေျပာၾကားခ့ဲျခင္းမရွိေပမယ့္ အန္သိုနီဂ်ိဳရွဴအာနဲ႔ ထိုးသတ္မလားဆုိသည့္ ေမးခြန္းကိုမူ ခ်က္ခ်င္း ပယ္ခ်သြားခ့ဲၿပီး “တုိင္ဆန္နဲ႔ထုိးမွာပါ။” ဟု ယံုၾကည္ခ်က္အျပည့္ျဖင့္ ေျဖၾကားသြားတယ္လို႔ သိရွိရပါတယ္။ ကမာၻ႕ခ်န္ပီယံအျဖစ္ (၃) ႀကိမ္တုိင္တုိင္ ေအာင္ပြဲခံႏုိင္ခ့ဲသည့္ မုိက္တုိင္ဆန္သည္ (၁၉၉၉) ခုႏွစ္ကာလအတြင္း၌ ေထာင္နန္းစံျမန္းေနခ့ဲရၿပီး ဒီအခ်က္သည္လည္း Lewis အတြက္ ပိုမိုေကာင္းမြန္တ့ဲ ကစားသမားျဖစ္လာရန္ အခြင့္အေရးျဖစ္ခ့ဲေၾကာင္း ကာယကံရွင္ Lewis ကိုယ္တုိင္က ဖြင့္ဟေျပာၾကားခ့ဲပါတယ္။ “ကြ်န္ေတာ္ တုိင္ဆန္ရဲ႕ သမုိင္းေၾကာင္းကုိ ျပန္ၾကည့္လိုက္ရင္ သူက ကြ်န္ေတာ္နဲ႔ တစ္ေနရာတည္းက လာခ့ဲတ့ဲ ကစားသမားပါ။ ကြ်န္ေတာ္လည္း ေထာင္ထဲက ထြက္လာတာျဖစ္ၿပီး တုိင္ဆန္ကလည္း ေထာင္ထဲမွာ အခ်ိန္ကုန္ခ့ဲရတာေတြ ရွိပါတယ္။ သူေထာင္ထဲ ေရာက္ေနတုန္းက ကြ်န္ေတာ္က အျပင္မွာ ျပင္းျပင္းထန္ထန္ေလ့က်င့္ခန္းဆင္းေနၿပီး ပြဲေတြလည္း ထုိးသတ္ေနပါၿပီ။”

- Advertisement -

“သူက ကြ်န္ေတာ့္လို အခြင့္အေရးမ်ိဳးမရွိခ့ဲပါဘူး။ သူေထာင္က လြတ္လာေတာ့ ျပန္ၿပီးေလ့က်င့္ခ့ဲၿပီး သူဘာလုပ္ရမလဲ သူသိပါတယ္။ ဒါေပမယ့္ သူဘယ္အရာကုိ ခ်စ္ျမတ္ႏုိုးလဲဆုိတာကုိေတာ့ မသိပါဘူး။ သူက ပိုက္ဆံေတာ္ေတာ္ေလးရွာႏုိင္ခ့ဲၿပီး သူ႔စားပြဲမွာ စားေသာက္ဖြယ္ရာေတြအျပည့္ ရွိေနခ့ဲပါတယ္။ ကြ်န္ေတာ္ လက္ေဝွ႔သမားေဟာင္းေတြနဲ႔ ျပန္ေတြ႔တုိင္း ခင္ဗ်ားတုိ႔ကို ႀကိဳးဝုိင္းထဲမွာ အခ်ိန္ေတြအၾကာႀကီးေနႏုိင္ေအာင္ ဘယ္အရာေတြက ဆြဲေဆာင္ခ့ဲသလဲဆုိၿပီး ေမးေလ့ရွိပါတယ္။”

“သူတုိ႔ဒီအတြက္ အေျဖမရွိပါဘူး။ သူတုိ႔က အဆုိေတာ္ Dancer မျဖစ္ႏုိင္ခ့ဲဘဲ လက္ေဝွ႔ထိုးဖုိ႔ပဲ သိၿပီး ဒီကေန ပိုက္ဆံရွာႏုိင္တယ္ဆုိတာကိုပဲ သိပါတယ္။ အ့ဲဒီအေၾကာင္းအရာေတြေၾကာင့္လည္း သူတို႔ ႀကိဳးဝုိင္းထဲကုိ တစ္ေက်ာ့ျပန္ ေရာက္ရွိလာၾကတာျဖစ္ပါတယ္။” ဟု Lewis က မွတ္ခ်က္ျပဳေျပာၾကားမႈမ်ား ျပဳလုပ္သြားခ့ဲပါတယ္။

<Zawgyi Version>

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

seventeen − five =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...