HomeOtherဆယ်ကျော်သက်အရွယ် Miss Universe တစ်ဦးကွယ်လွန်။

ဆယ်ကျော်သက်အရွယ် Miss Universe တစ်ဦးကွယ်လွန်။

- Advertisement -

နယ်သာလန် မော်ဒယ်လ်တစ်ဦးဖြစ်သူ Lotte van der Zee သည် မိသားစုနဲ့အတူ ခရီးထွက်နေစဉ်အတွင်း Heart- Attack ရောဂါဖြင့် ကွယ်လွန်သွားခဲ့တယ်လို့ သိရှိရပါတယ်။ အဆိုပါ နယ်သာလန်မော်ဒယ်လ်သည် Austria နိုင်ငံ Westendorf ၌ မိသားစုနဲ့ အတူ နှင်းလျှောစီးရင်း အပန်းဖြေခရီး ထွက်လာချိန် ယခုလိုမျိုး အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရခြင်းဖြစ်ပြီး ကွယ်လွန်သူသည် လွန်ခဲ့သည့် ရက်ပိုင်းကမှ အသက် (၂၀) ပြည့်မြောက်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ပြည်တွင်းသတင်းစာတစ်စောင်နဲ့ တွေ့ဆုံရာ၌ အဆိုပါ မော်ဒယ်လ်ရဲ့ မိဘများက သမီးဖြစ်သူသည် မသေဆုံးခင် တစ်ညအလို၌ သူငယ်ချင်းများနဲ့အတူ  ညဘက်အပြင်ထွက်ပျော်ပါးခဲ့ပေမယ့် မည်သည့် ကျန်းမာရေးပြဿနာမျှရှိခဲ့ပုံမပေါ်ဘဲ အိမ်သို့ကောင်းမွန်စွာ ပြန်ရောက်ခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ သို့သော်လည်း နံနက်အိပ်ရာထချိန်အထိ နံနက်စာထမစားနိုင်ခဲ့သည့် သမီးဖြစ်သူအား မိဘနှစ်ပါးက သွားရောက်ကြည့်ရှုခဲ့ရာမှ Lotte တစ်ယောက် အိပ်ရာပေါ်တွင် နာမကျန်းဖြစ်နေခဲ့သည်ကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

Lotte ရဲ့ Instagram စာမျက်နှာ၌ မိဘများက သူတို့ရဲ့ သမီးဖြစ်သူဟာ မမျှော်လင့်ထားတဲ့ နှလုံးရုတ်တရက် ရပ်တန့်မှုကြောင့် ယခုကဲ့သို့ ကွယ်လွန်ခဲ့ရခြင်းဖြစ်ကြောင်း ရှင်းလင်းရေးသားထားခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ မိဘများက “ရှင်တို့အနေနဲ့ တစ်ချိန်တည်းမှာပဲ ဝမ်းနည်းဝမ်းသာဖြစ်ရတဲ့ ခံစားချက်နှစ်မျိုးလုံးကို ခံစားရတဲ့ အခိုက်အတန့်တွေကို ကြုံခဲ့ဖူးမှာဖြစ်ပြီး ကျွန်မတို့အတွက်လည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ဒီလိုခံစားချက်မျိုးကို တစ်ချိန်တည်း ခံစားခဲ့ရပါတယ်။ ရှင်တို့အားလုံးရဲ့ အားပေးထောက်ခံမှုတွေ၊ ချစ်ခြင်းမေတ္တာတရားတွေ အားလုံးအတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပြီး လူပေါင်းများစွာက Lotte အပါအဝင် ကျွန်မတို့မိသားစုနဲ့ အတူတကွ ရှိပေးနေတာကို တွေ့ရတာ တကယ်ကို အံ့အားသင့်စရာပါပဲ။ လုံးဝကို အားပြတ်သွားတဲ့ အခိုက်မှာ ရှင်တို့ပေးစွမ်းတဲ့ ခွန်အားတွေ၊ ချစ်ခြင်းမေတ္တာတွေကို ကျွန်မတို့ရရှိခဲ့ပြီး Lotte လည်း ကျွန်မတို့လို ခံစားရလိမ့်မယ်လို့ ယုံကြည်ပါတယ် . . .” ဟူ၍လည်း ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

- Advertisement -

https://www.instagram.com/p/BuMX6L_lhXr/?utm_source=ig_embed

- Advertisement -

နာမကျန်းဖြစ်နေတဲ့ မော်ဒယ်လ် Lotte ကို မိဘများက အနီးဆုံးဆေးရုံကို ချက်ချင်းတင်ပို့ခဲ့ပေမယ့် Coma အခြေအနေကို ရောက်ရှိသွားပြီး ကိုယ်တွင်းအင်္ဂါများပင် အလုပ်မလုပ်တော့သည့်နောက်တွင်မူ မိဘများက Lotte ကိုလက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

https://www.instagram.com/p/Bueat8ElIA-/?utm_source=ig_embed

“ကျွန်မတို့ရဲ့ အဖိုးတန်ရတနာလေးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့  အချိန် (၂၂း၄၇) နာရီမှာ ကျွန်မတို့အားလုံးကို စွန့်ခွာသွားခဲ့ပါတယ်။ အရမ်းချစ်ရတဲ့ Lotte တစ်ယောက် ကျွန်မတို့ဘေးနားမှာ မရှိနိုင်တော့ဘူးဆိုတာက တကယ်ကို အိမ်မက်လိုပါပဲ။ ကျွန်မတို့ နှလုံးသားတွေ တစ်စစီ ကွဲကြေသွားသလို ခံစားရပါတယ်။ ဒီဖြစ်ရပ်အတွင်းမှာ ကျွန်မတို့ မိသားစုကို အားပေးခဲ့တဲ့သူအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ် . . .” ဟူ၍လည်း Lotte ရဲ့မိဘများက သူမရဲ့ Instagram မှတစ်ဆင့် Lotte ရဲ့ဓာတ်ပုံကိုတင်ပြီး Caption ရေးသားခဲ့ပါတယ်။

Lotte တစ်ယောက် Heart- Attack ဝေဒနာကို ခံစားခဲ့ရသည့် အကြောင်းရင်းကို လက်ရှိအချိန်အထိ သိရှိရခြင်းမရှိသေးဘဲ သူမရဲ့ မိဘများကလည်း အဆိုပါအကြောင်းရင်းကို ရှာဖွေဖော်ထုတ်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Lotte သည် (၂၀၁၇) ခုနှစ်၌ Miss Teen Universe pageant ဆုကို ဆွတ်ခူးရရှိခဲ့သည့် အချိန်မှစ၍ ပရော်ဖက်ရှင်နယ် မော်ဒယ်လ်တစ်ယောက်အဖြစ်ရပ်တည်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။

 

#HM(Soshwe)

#SoshweNews

- Advertisement -

#SoshwweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

13 − 7 =

Must Read

အမျိုးသားများနဲ့ အမျိုးသမီးများကို တန်းတူညီမျှ အခွင့်အရေးပေးသော နိုင်ငံများအကြောင်း။

ကမ္ဘာကြီးမှာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ နေ့စဉ်နဲ့အမျှ တန်းတူညီမျှ ရင်ဘောင်တန်းပြီး သွားလာလှုပ်ရှားနေကြပါတယ်။ ဒါပေမယ့်လည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ အမျိုးသားနဲ့ အမျိုးသမီးတွေအကြား အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ မတူညီကြပါဘူး။ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ကြေငြာချက်အရ နိုင်ငံ ၆ နိုင်ငံတည်းကသာ အမျိုးသားနဲ့ အမျိုးသမီးတွေကြားမှာ တူညီတဲ့ရပိုင်ခွင့်တွေ သတ်မှတ်ပေးထားကြောင်း လေ့လာတွေ့ရှိရပါတယ်။ လွန်ခဲ့တဲ့...