Breaking News
NEW YORK, NY - SEPTEMBER 14: Justin Bieber and Hailey Baldwin seen on the streets of Brooklyn on September 14, 2018 in New York City. (Photo by James Devaney/GC Images)

အခက်အခဲတွေနဲ့ ရုန်းကန်နေရတဲ့ သူ့အတွက် ဆုတောင်းပေးရန် ပရိသတ်များကို တောင်းဆိုသွားသည့် ဂျက်စတင်ဘီဘာ။

Instagram စာမျက်နှာ၌ Followers ပေါင်း (၁၃၉) သန်း ရရှိထားသည့် ဂျက်စတင်ဘီဘာက သူ့အနေနဲ့ လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲများအတွက် စိုးရိမ်ပူပန်ခြင်းမရှိဘဲ ပရိသတ်များအား လက်ရှိအခြေအနေကို သိရှိစေလိုသည့် ရည်ရွယ်ချက်နဲ့သာ ယခုကဲ့သို့ ရေးသားမျှဝေခဲ့ခြင်းဖြစ်ကြောင်း သူ့ရဲ့ Instagram စာမျက်နှာမှတစ်ဆင့် ရေးသားဖော်ပြခဲ့ပါတယ်။

အသက် (၂၅) နှစ်အရွယ်ရှိပြီဖြစ်သူ ပေါ့ပ်အဆိုတော် ဂျက်စတင်ဘီဘာက သူ့ရဲ့ Instagram စာမျက်နှာပေါ်၌ “ကျွန်တော် ပရိသတ်တွေကို လက်ရှိအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး နည်းနည်းလေး အသိပေးချင်ရုံသပ်သပ်ဖြစ်ပြီး မကြာခင်မှာ ကျွန်တော် ခင်ဗျားတို့ဆီကို သေချာပေါက် ပြန်လာခဲ့ပါမယ်။ လောလောဆယ်မှာတော့ ကျွန်တော် အရမ်းကို ခက်ခဲရုန်းကန်နေရပြီး ထူးခြားတဲ့ စိတ်ခံစားချက်တွေကြောင့်လည်း ကျွန်တော်အရာအားလုံးနဲ့ အဆက်ပြတ်နေသလို ခံစားနေရပါတယ်။”

“ကျွန်တော်က အမြဲတမ်း လျင်လျင်မြန်မြန်နဲ့ ပြန်လာနိုင်ခဲ့တာကြောင့် လက်ရှိဖြစ်ရပ်တွေကို စိုးရိမ်ကြောင့်ကြခြင်းမရှိပါဘူး။ အခုလို ခင်ဗျားတို့ကို ပြောပြတာကလည်း ခင်ဗျားတို့ကို သိစေချင်ရုံသပ်သပ်ဖြစ်ပြီး ကျွန်တော့်အတွက် ဆုမွန်ကောင်းတောင်းပေးစေချင်လို့ပါ။” ဟူ၍ ရေးသားဖော်ပြခဲ့ပါတယ်။

ဂျက်စတင်ဘီဘာရဲ့ ထောင်ပေါင်းများစွာသော ပရိသတ်များကတော့ သူ့ရဲ့ ရိုးသားပွင့်လင်းမှုကို ဂုဏ်ပြုခဲ့ကြပြီး အားပေးစကားအများအပြား ပြောကြားခဲ့ကြောင်းလည်း သိရှိရပါတယ်။

 

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ကြည့်ရှုသူပရိသတ်တွေရဲ့ မျှော်မှန်းချက်အတိုင်း မဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများ။

ရုပ်ရှင်ကြည့်ပရိသတ်တွေဟာဆိုရင် ရုပ်ရှင်တစ်ကားမထွက်လာခင် ထိုဇာတ်ကားရဲ့Trailer ကို ကြည့်ပြီးတဲ့နောက်မှာပဲ ဇာတ်လမ်းတစ်ခုရဲ့ အစ၊ အလယ်၊ အဆုံးနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်မျှော်လင့်ချက်လေးတွေ ထားတတ်ကြပါတယ်။ ဒီလိုနဲ့ပဲ ဇာတ်ကားတစ်ကားလုံး လူထုရှေ့ရောက်လာတဲ့အခါမှာ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro