HomeSportယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ကစားရန် ကော်တင်ဟိုဆန္ဒရှိနေ။

ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ကစားရန် ကော်တင်ဟိုဆန္ဒရှိနေ။

- Advertisement -

ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သူ ကော်တင်ဟိုသည် လာမယ့် နွေရာသီ အပြောင်းအရွှေ့၌ ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ ကော်တင်ဟိုသည် ပြီးခဲ့သည့် စနေနေ့က ဗယ်လက်ကာနိုအသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် လာလီဂါပွဲစဉ်တွင် ဘာစီလိုနာအသင်းအတွက် ပါဝင်ကစားပေးခဲ့ပေမယ့် ပုံမှန်ခြေစွမ်းပြသနိုင်ရန် ရုန်းကန်ခဲ့ရပြီး ပွဲကစားချိန် မိနစ် (၈၀) ၌ ကွင်းလယ်ကစားသမား ရာကီတစ်နဲ့ လူစားလဲခြင်းခံခဲ့ရပါတယ်။

အသက် (၂၆) နှစ်အရွယ်ရှိပြီဖြစ်သူ ကော်တင်ဟိုသည် ပြီးခဲ့သည့် (၂၀၁၈) ခုနှစ် ဇန်နဝါရီလ၌ လီဗာပူးအသင်းမှ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး လက်ရှိ (၂၀၁၈-၁၉) ခုနှစ် ဘောလုံးရာသီ၌ အသင်းအတွက်  ပြိုင်ပွဲစုံသွင်းဂိုး (၈) ဂိုးသွင်းပြီး (၅) ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးထားနိုင်ပါတယ်။

လက်ရှိအချိန်၌မူ အဆိုပါ ဘရာဇီးကွင်းလယ်ကစားသမားရဲ့ စပိန်မြေအနာဂတ်ဟာ ရေရှည်အာမခံချက်မရှိတော့ဘဲ ဘာစီလိုနာအသင်းကလည်း လာမည့်အပြောင်းအရွှေ့ရာသီ၌ ကော်တင်ဟိုကို ရောင်းချသွားဖွယ်ရှိတယ်လို့ သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။

- Advertisement -

The Mirror သတင်းစာရဲ့ ဖော်ပြချက်အရ ကော်တင်ဟိုသည် ယူနိုက်တက်ကစားသမားအချို့နဲ့ စကားပြောဖြစ်ခဲ့ပြီး လာမည့် (၂၀၁၉-၂၀) ခုနှစ် ဘောလုံးရာသီ၌ ယူနိုက်တက်အသင်းထံ လာရောက်ကစားရန် မေးမြန်းမှုများရှိခဲ့ကြောင်း သိရှိရပါတယ်။ အခြားသော သတင်းများရဲ့ ဖော်ပြချက်အရ ကော်တင်ဟိုသည် ပရီးမီးယားလိဂ်ပွဲစဉ်များကို လွမ်းဆွတ်နေပြီဖြစ်ပြီး အသင်းဟောင်း လီဗာပူးအသင်းရဲ့ အဓိက ပြိုင်ဘက်ဖြစ်သည့် ယူနိုက်တက်အသင်းထံ လာရောက်ကစားရန်အတွက်လည်း စိတ်အားထက်သန်နေကြောင်း သိရှိရပါတယ်။

- Advertisement -

ကော်တင်ဟိုသည် လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၁၅၂) ပွဲပေါင်း ကစားပေးခဲ့ပြီး သွင်းဂိုး (၄၁) ဂိုး၊ (၃၇) ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

2 + one =

Must Read

အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။

ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...