Breaking News

ရီးရဲယ်မက်ဒရစ်အသင်းသို့ မော်ရင်ဟို ပြန်လာမည့် အစီအစဉ်အား ကန့်ကွက်ခဲ့သည့် ကစားသမားများ။

ရီးရဲယ်မက်ဒရစ်အသင်းရဲ့ Icon ကစားသမားများဖြစ်ကြတဲ့ ဂါရတ်ဘေးလ်နဲ့ အသင်းခေါင်းဆောင် ရာမို့စ်တို့ဟာ နည်းပြဟောင်းမော်ရင်ဟို တစ်ယောက် ဘာနေဗျူးသို့ ပြန်လည်ရောက်ရှိလာကာ အသင်းကို တာဝန်ယူသွားမည်ဆိုသည့် အစီအစဉ်အပေါ် ကန့်ကွက်ခဲ့ကြကြောင်း သိရှိရပါတယ်။ ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ ရီးရဲယ်မက်ဒရစ်အသင်းအား (၂၀၁၀) ခုနှစ်မှ (၂၀၁၃) ခုနှစ်အထိ တာဝန်ယူကိုင်တွယ်ခဲ့ဖူးပြီး လက်ရှိအချိန်၌မူ နည်းပြ ဆိုလာရီရဲ့ နေရာကို အစားထိုးဝင်ရောက်ကာ အသင်းကို တစ်ကျော့ပြန် ကိုင်တွယ်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိအချိန်၌မူ အသင်းကို ချန်ပီယံလိဂ်ဖလား (၃) ကြိမ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြဟောင်း ဇီဒန်းကိုသာ နည်းပြအဖြစ် ပြန်လည်ခန့်အပ်ခဲ့ပါတယ်။

ရီးရဲယ်မက်ဒရစ်အသင်းရဲ့ ဥက္ကဌဟောင်းဖြစ်သူ ကယ်လ်ဒါရွန်ကလည်း အသင်းအနေနဲ့ မကြာခင်မှာပဲ မော်ရင်ဟိုကို နည်းပြအဖြစ် အလျင်အမြန်နဲ့ ခန့်အပ်သွားဖွယ်ရှိကြောင်း ဖွင့်ဟပြောကြားခဲ့ဖူးပြီး အသင်းရဲ့ ကြယ်ပွင့်ကစားသမားများမှာမူ အဆိုပါ သတင်းနဲ့ ပတ်သက်ပြီး မပျော်မရွှင်ဖြစ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

Daily Mail သတင်းစာရဲ့ ဖော်ပြချက်အရ အသင်းခေါင်းဆောင် နောက်ခံလူ ရာမို့စ်နဲ့ တောင်ပံကစားသမား ဂါရတ်ဘေးလ်တို့ဟာ ယူနိုက်တက် နည်းပြဟောင်းတစ်ဦးလည်း ဖြစ်သည့် မော်ရင်ဟိုကို အသင်းသို့ ပြန်လာဖို့အတွက် ဆန္ဒမရှိကြောင်း သိရှိရပါတယ်။ အသင်းခေါင်းဆောင်ရာမို့စ်သည်လည်း အေဂျက်စ်အသင်းကို ၁-၄ ဂိုးနဲ့ ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်အပြီးတွင် အသင်းပိုင်ရှင်ဖြစ်သူ ဖလော်ရန်တီနိုပီရက်ဇ်နဲ့ ပြဿနာများဖြစ်ပွားခဲ့ပြီး ရာသီကုန်၌ အသင်းမှ ထွက်ခွာရန် သတင်းများ ထွက်ပေါ်နေသည့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

တစ်ပတ်အတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် ပြိုင်ပွဲစုံ အိမ်ကွင်း (၃) ပွဲ၌ ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး ဖိအားများပြားနေသည့် နည်းပြဆိုလာရီမှာမူ လက်ရှိအချိန်၌ ရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီဖြစ်ပြီး ယမန်နေ့ညက တစ်နာရီကျော်ကြာ ပြုလုပ်ခဲ့သည့် ရီးရဲယ်မက်ဒရစ်အသင်းရဲ့ ဘုတ်အဖွဲ့အစည်းအဝေး ပြီးဆုံးသည့်နောက်တွင် နည်းပြဟောင်း ဇီဒန်းကို ပြန်လည်ခန့်အပ်ခဲ့ပြီးဖြစ်သည့်သတင်းများကြောင့် အသင်းရဲ့ စီနီယာကစားသမားများကလည်း ပျော်ရွှင်နှစ်သက်နေကြကြောင်း သိရှိရပါတယ်။

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ယူနိုက်တက်ပရိသတ်တွေကို အာမခံချက်ပေးလိုက်တဲ့ ရော်နယ်ဒို။

ရာသီကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းကထွက်ခွာပြီး အသင်းဟောင်းရီးရဲလ်ကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်နေမှုကို ရော်နယ်ဒိုက ဘရန်ဖို့ဒ်နဲ့ပွဲအပြီးမှာ တိကျတဲ့အဖြေ ပေးသွားခဲ့ပြီဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ယူနိုက်တက်ကနေ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro