Breaking News
ဘရာဇီးနိုင်ငံကို တစ်ဖက်တစ်လမ်းမှ ကူညီပေးနေတဲ့ အသက် ၂ရနှစ်အရွယ် မိန်းကလေး။
ဘရာဇီးနိုင်ငံမှာ အသက် ၄နှစ်ကနေ ၁ရနှစ်အတွင်းရှိ ကလေးငယ်တွေဟာ ပညာသင်ကြားခွင့် ရရှိတာပဲဖြစ်ပါတယ်။ သို့ပေယ့်လည်း လက်ရှိအချိန်အခါမှာတော့ ကလေးတွေရဲ့ သုံးပုံတစ်ပုံကသာလျှင် ကျောင်းတက်ရောက်ပြီး ပညာသင်ကြားတာကို တွေ့ရှိရပါတယ်။ အခမဲ့နေ့ကလေးထိန်းကျောင်းတွေ ရှိသော်ငြားလည်း စာရင်းပေးသွင်းထားတဲ့ ကလေးငယ် အရေအတွက်ဟာလည်း ၂ သန်းကျော်လောက် ရှိပါတယ်။ “ Community Mothers ” လို့ အမည်ပေးထားတဲ့ အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဟာလည်း သူတို့နေထိုင်ရာ နေအိမ်မှာပဲ နေ့ကလေးထိန်းကျောင်းတွေကို စတင်ဖွင့်လှစ်လာခဲ့ပါတယ်။
နည်းလမ်းတွေ၊ သင်ထောက်ကူပစ္စည်းတွေနဲ့ အခြားလိုအပ်ချက်တွေကြောင့် အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သို့ပေမယ့် အသက် ၂၇ နှစ်အရွယ် Elisa Mansur လို့ခေါ် အမျိုးသမီး စွန့်ဦးတီထွင်သူဟာ သူ့နည်းသူ့ဟန်နဲ့ တစ်ဖက်တစ်လမ်းကနေ ကူညီထောက်ပ့ံပေးဖို့ ကြိုးစားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက ကမ္ဘာ့ဘဏ်က ကြီးမှူးကျင်းပတဲ့ လူငယ်စွန့်ဦးတီထွင်သူများပွဲမှာ အကောင်းဆုံးဆုရရှိခဲ့သူ Elisa ကတော့ အောက်ခြေကနေ စတင်လုပ်ဆောင်ဖို့အတွက် ကြိုးစားခဲ့ပါတယ်။ Community Mother အဖွဲ့အစည်းကို ဦးဆောင်ပြီး လိုအပ်သည်များကို သင်ကြားပေးခြင်း၊ အသင်းအဖွဲ့ဖွဲ့စည်းပေးခြင်း၊ နေ့စဉ်လုပ်ဆောင်စရာရှိသည်များကို အချိန်ဇယားနှင့်တကွ ပြင်ဆင်သတ်မှတ်ပေးခြင်းတို့ကို ပြုလုပ်ပေးပြီး ကလေးငယ်လေးတွေရဲ့ ပညာရေးကို အထောက်အကူဖြစ်စေရုံသာမက ဘရာဇီးနိုင်ငံအတွက် အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။
<Unicode Version>
ဘရာဇီးနိုင်ငံကို တစ်ဖက်တစ်လမ်းမှ ကူညီပေးနေတဲ့ အသက် ၂၇နှစ်အရွယ် မိန်းကလေး။
<Zawgyi Version>
#ST(Soshwe)
#SoshweNews
#SoshweForYourDailyLife
#Like&Share
About admin
Check Also
အမေရိကန်တွေကို ပြစ်တင်ပြောဆိုလိုက်တဲ့ အီလွန်မတ်စ်
Tesla နဲ့ SpaceX အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်က နိုင်ငံသားတွေရဲ့ လုပ်အားကြောင့် တရုတ်နိုင်ငံဟာ အလွန်အားကောင်းတဲ့ ကုမ္ပဏီတချို့ ထွက်ပေါ်လာမယ်လို့ ချီးကျူးလိုက်ပါတယ်။ “အလွန်တော်သလောက် အလုပ်ကြိုးစားကြတဲ့ တရုတ်နိုင်ငံသားတွေအများကြီးပဲ။ …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro