Jenneifer Lopez အနေနဲ့ လူသိထင်ရှား တွဲခုတ်ခဲ့တဲ့ ရည်းစားဟောင်းတွေ ရှိပေမယ့်လည်း သူမအနေနဲ့ အဆင်ပြေချောမွေ့ခဲ့တယ်ဆိုတာမရှိခဲ့ပါဘူး။ ရုပ်ရှင်သရုပ်ဆောင်မင်းသမီး၊ အဆိုတော် JLO အနေနဲ့ သုံးကြိမ်တိုင်တိုင်လက်ထပ်ခဲ့ပြီး ဟောလီးဝုဒ်မှာ ထင်ပေါ်ကျော်ကြားသူတွေနဲ့လည်း တွဲခုတ်ခဲ့ပါသေးတယ်။ (Batman မင်းသားကြီး Ben Affleck လည်း အပါအဝင်ပေါ့ . . .) အခုဆက်လက်ပြီးတော့ JLO ရဲ့ အနုပညာသက်တမ်းတစ်လျှောက် သူမနဲ့ လူသိရှင်ကြား တွဲခုတ်ခဲ့တဲ့ သူမရဲ့ ရည်းစားဟောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .
၁။ Ojani Noa
JLO ဟာ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Ojani နဲ့ ဖေဖော်ဝါရီ ၁၉၉၇ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ သို့ပေမယ့် သူတို့နှစ်ယောက်ရဲ့ Relationship အခြေအနေဟာ ဖြောင့်ဖြူးသာယာမှု မရှိခဲ့ပါဘူး။ မင်္ဂလာဆောင်ပြီး ၁၁ လအကြာ သြဂုတ်လ ၁၉၉၈ ခုနှစ်မှာ နှစ်ဦးသဘောတူ ကွာရှင်းပြတ်ဆဲခဲ့ ကြပါတယ်။
၂။ Sean “ Diddy ” Combs
JLO ဟာ ၁၉၉၉ ခုနှစ်မှာတော့ Hip Hop လောကမှာ နာမည်ကျော်ကြားခဲ့သူတစ်ယောက်ဖြစ်တဲ့ Sean နဲ့ စတင်တွဲခုတ်ခဲ့ပါတယ်။ ၂ နှစ်ကြာလောက် တွဲခုတ်ပြီး ၂၀၀၁ ခုနှစ်အရောက်မှာ လမ်းခွဲခဲ့ကြပါတယ်။ ၂၀၀၃ ခုနှစ်က The Vibe Magazine ရဲ့ ဖော်ပြချက်အရ Sean ဟာ JLO နဲ့ တွဲနေစဉ်အတောအတွင်း ဖောက်ပြန်တဲ့ ကိစ္စရပ်တွေကို အကြိမ်ကြိမ်အခါခါ ကျူးလွန်ခဲ့ဖူးတယ်လို့ သိရှိရပါတယ်။
၃။ Cris Judd
၂၀၀၁ ခုနှစ်၊ စက်တင်ဘာလမှာတော့ JLO တစ်ယောက် သူမရဲ့ သီချင်းဖြစ်တဲ့ “ Love don’t cost a thing ” ဆိုတဲ့ Music Video ထဲမှ နောက်ခံအကသမား Cris Judd နဲ့ တရားဝင်တွဲခဲ့ပါတယ်။ သူတို့စုံတွဲဟာ ဇွန်လ ၂၀၀၂ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ၂၀၀၃ ခုနှစ်မှာတော့ ကွာရှင်းပြတ်စဲခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလက Us Weekly Magazine နဲ့ အင်တာဗျူးတစ်ခုမှာတော့ Cris မှ “ လုံးဝ အဆင်ပြေချောမွေ့ခဲ့ခြင်း မရှိပါဘူး . . .” ဆိုပြီး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ တကယ်လို့ ခင်ဗျားအနေနဲ့ မင်္ဂလာဆောင်ထားတဲ့သူတစ်ယောက်ဆိုရင် ကိစ္စရပ်တိုင်းကို အလွယ်တကူအလျှော့မပေးသင့်ပါဘူး . . . ” ဆိုပြီး Cris မှ ဆက်လက်ပြောကြားခဲ့ပါတယ်။
၄။ Ben Affleck
Justice League မင်းသားကြီး Ben နဲ့ JLO တို့ဟာ Gigli ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရင်း မေတ္တာမျှခဲ့ကြပါတယ်။ သူတို့စုံတွဲကို ပရိသတ်တွေက Bennifer လို့ နာမည်ပြောင်ပေးထားကြပြီး သူတို့နှစ်ယောက်ဟာ နိုဝင်ဘာ ၂၀၀၂ ခုနှစ်မှာ စေ့စပ်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ၂၀၀၄ ခုနှစ် ဇန်နဝါရီလမှာတော့ နှစ်ယောက်သား လမ်းခွဲခဲ့ကြပြီး JLO မှ “ ကျွန်မအနေနဲ့ အလုပ်အပေါ်မှာပဲ အာရုံစိုက်နေခဲ့ပြီး Ben နဲ့ ကျွန်မနဲ့ ဆက်ဆံရေးဟာလည်း ကျွန်မကြောင့်ပဲ ပျက်စီးခဲ့ရခြင်းဖြစ်တယ် . . .” ဆိုပြီး JLO မှ နှစ်တွေအတော်ကြာပြီးမှ အင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောကြားလာခဲ့ခြင်းဖြစ်ပါတယ်။
၅။ Marc Anthony
JLO နဲ့ Marc တို့ ၂၀၀၄ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ၂၀၀၈ ခုနှစ်မှာတော့ Max နဲ့ Emme ဆိုတဲ့ အမြွှာနှစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ သို့ပေမယ့်လည်း ၇ နှစ်အကြာ ပေါင်းဖက်ပြီးနောက်မှာ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။ “ ကျွန်မရဲ့ Relationship တစ်ခု အဆုံးသတ်သွားတဲ့အချိန်မှာ ကျွန်မအနေနဲ့ ခွင့်လွှတ်ပေးဖို့ဆိုတဲ့အကြောင်းရင်းကို ရှာဖွေလို့မရနိုင်ခဲ့ပါဘူး။ ဒါပေမယ့် Marc ကတော့ ကျွန်မကလေးတွေရဲ့ အဖေဆိုတော့ ကျွန်မဖက်ကနေ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ . . .” ဆိုပြီး ဧပြီလ ၂၀၁၆ ခုနှစ်တုန်းက အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
၆။ Beau “ Casper ” Smart
Anthony နဲ့ လမ်းခွဲပြီး ၄လ အကြာမှာတော့ JLO တစ်ယောက် နောက်ခံအကသမားဖြစ်တဲ့ Casper နဲ့ တွဲခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ JLO က Casper အား Las Vegas မှာရှိတဲ့ All I have residency အပန်းဖြေခန်းမရဲ့ Creative Director အဖြစ် ခန့်ထားခဲ့ပါတယ်။ နောက်ပိုင်း ရရှိခဲ့တဲ့ သတင်းတစ်ချို့အရ Casper ဟာ လိင်ပြောင်းထားတဲ့ မော်ဒယ်တစ်ဦးနဲ့ ဓာတ်ပုံတွေ ဖလှယ်ခြင်း၊ Message တွေနဲ့ အဆက်အသွယ်တွေပြုလုပ်နေတယ်ဆိုပြီး သိရှိရပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ ပြတ်သွားလိုက်၊ ပြန်တွဲလိုက်နဲ့ နောက်ဆုံး ၂၀၁၆ ခုနှစ်မှာတော့ တရားဝင် ပြတ်စဲခဲ့ကြပါတယ်။
၇။ Drake
The God’s Plan အဆိုတော် Drake ဟာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှာ JLO ရဲ့ ဖျော်ဖြေတင်ဆက်ပွဲကို တက်ရောက်လာခဲ့ပါတယ်။ ထိုအချိန်မှစ၍ သူတို့နှစ်ဦး အဆက်အသွယ်တွေ ပြုလုပ်လာကြပြီိး ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာတော့ မင်္ဂလာဆောင်ဖို့အတွက် စီစဉ်ခဲ့ကြပါတယ်။ သို့ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ဖေဖော်ဝါရီလထဲမှာပဲ လမ်းခွဲခဲ့ကြပါတယ်။
၈။ Alex Rodriguez
၂၀၁၇ ခုနှစ်မှာတော့ JLO တစ်ယောက် အမေရိကန် ဘေ့စ်ဘောကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ Alex နဲ့ တွဲခုတ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဧပြီလမှာ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကြပါတယ်။
<Unicode Version>
Jennifer Lopez နဲ႕ သူမရဲ႕ ရည္းစားေဟာင္းမ်ား။
Jenneifer Lopez အေနနဲ႕ လူသိထင္ရွား တြဲခုတ္ခ့ဲတ့ဲ ရည္းစားေဟာင္းေတြ ရွိေပမယ့္လည္း သူမအေနနဲ႕ အဆင္ေျပေခ်ာေမြ႕ခ့ဲတယ္ဆိုတာမရွိခ့ဲပါဘူး။ ရုပ္ရွင္သရုပ္ေဆာင္မင္းသမီး၊ အဆိုေတာ္ JLO အေနနဲ႕ သုံးႀကိမ္တိုင္တိုင္လက္ထပ္ခ့ဲၿပီး ေဟာလီးဝုဒ္မွာ ထင္ေပၚေက်ာ္ၾကားသူေတြနဲ႕လည္း တြဲခုတ္ခ့ဲပါေသးတယ္။ (Batman မင္းသားႀကီး Ben Affleck လည္း အပါအဝင္ေပါ့ . . .) အခုဆက္လက္ၿပီးေတာ့ JLO ရဲ႕ အႏုပညာသက္တမ္းတစ္ေလွ်ာက္ သူမနဲ႕ လူသိရွင္ၾကား တြဲခုတ္ခ့ဲတ့ဲ သူမရဲ႕ ရည္းစားေဟာင္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္ . . .
၁။ Ojani Noa
JLO ဟာ ရုပ္ရွင္ထုတ္လုပ္သူတစ္ဦးျဖစ္တ့ဲ Ojani နဲ႕ ေဖေဖာ္ဝါရီ ၁၉၉၇ ခုႏွစ္မွာ လက္ထပ္ခ့ဲပါတယ္။ သို႕ေပမယ့္ သူတို႕ႏွစ္ေယာက္ရဲ႕ Relationship အေျခအေနဟာ ေျဖာင့္ျဖဴးသာယာမႈ မရွိခ့ဲပါဘူး။ မဂၤလာေဆာင္ၿပီး ၁၁ လအၾကာ ၾသဂုတ္လ ၁၉၉၈ ခုနွစ္မွာ ႏွစ္ဦးသေဘာတူ ကြာရွင္းျပတ္ဆဲခ့ဲ ၾကပါတယ္။
၂။ Sean “ Diddy ” Combs
JLO ဟာ ၁၉၉၉ ခုႏွစ္မွာေတာ့ Hip Hop ေလာကမွာ နာမည္ေက်ာ္ၾကားခ့ဲသူတစ္ေယာက္ျဖစ္တ့ဲ Sean နဲ႕ စတင္တြဲခုတ္ခ့ဲပါတယ္။ ၂ ႏွစ္ၾကာေလာက္ တြဲခုတ္ၿပီး ၂၀၀၁ ခုႏွစ္အေရာက္မွာ လမ္းခြဲခ့ဲၾကပါတယ္။ ၂၀၀၃ ခုႏွစ္က The Vibe Magazine ရဲ႕ ေဖာ္ျပခ်က္အရ Sean ဟာ JLO နဲ႕ တြဲေနစဥ္အေတာအတြင္း ေဖာက္ျပန္တ့ဲ ကိစၥရပ္ေတြကို အႀကိမ္ႀကိမ္အခါခါ က်ဴးလြန္ခ့ဲဖူးတယ္လို႕ သိရွိရပါတယ္။
၃။ Cris Judd
၂၀၀၁ ခုႏွစ္၊ စက္တင္ဘာလမွာေတာ့ JLO တစ္ေယာက္ သူမရဲ႕ သီခ်င္းျဖစ္တ့ဲ “ Love don’t cost a thing ” ဆိုတ့ဲ Music Video ထဲမွ ေနာက္ခံအကသမား Cris Judd နဲ႕ တရားဝင္တြဲခ့ဲပါတယ္။ သူတို႕စုံတြဲဟာ ဇြန္လ ၂၀၀၂ ခုႏွစ္မွာ လက္ထပ္ခ့ဲၾကၿပီး ၂၀၀၃ ခုႏွစ္မွာေတာ့ ကြာရွင္းျပတ္စဲခ့ဲပါတယ္။ ၂၀၁၄ ခုႏွစ္၊ စက္တင္ဘာလက Us Weekly Magazine နဲ႕ အင္တာဗ်ဴးတစ္ခုမွာေတာ့ Cris မွ “ လုံးဝ အဆင္ေျပေခ်ာေမြ႕ခ့ဲျခင္း မရွိပါဘူး . . .” ဆိုၿပီး ထုတ္ေဖာ္ေျပာၾကားခ့ဲပါတယ္။ “ တကယ္လို႕ ခင္ဗ်ားအေနနဲ႕ မဂၤလာေဆာင္ထားတ့ဲသူတစ္ေယာက္ဆိုရင္ ကိစၥရပ္တိုင္းကို အလြယ္တကူအေလွ်ာ႕မေပးသင့္ပါဘူး . . . ” ဆိုၿပီး Cris မွ ဆက္လက္ေျပာၾကားခ့ဲပါတယ္။
၄။ Ben Affleck
Justice League မင္းသားႀကီး Ben နဲ႕ JLO တို႕ဟာ Gigli ရုပ္ရွင္ဇာတ္ကားကို ရိုက္ကူးရင္း ေမတၱာမွ်ခ့ဲၾကပါတယ္။ သူတို႕စုံတြဲကို ပရိသတ္ေတြက Bennifer လို႕ နာမည္ေျပာင္ေပးထားၾကၿပီး သူတို႕ႏွစ္ေယာက္ဟာ ႏိုဝင္ဘာ ၂၀၀၂ ခုႏွစ္မွာ ေစ့စပ္ပြဲ ျပဳလုပ္ခ့ဲၾကပါတယ္။ ၂၀၀၄ ခုႏွစ္ ဇန္နဝါရီလမွာေတာ့ ႏွစ္ေယာက္သား လမ္းခြဲခ့ဲၾကၿပီး JLO မွ “ ကၽြန္မအေနနဲ႕ အလုပ္အေပၚမွာပဲ အာရုံစိုက္ေနခ့ဲၿပီး Ben နဲ႕ ကၽြန္မနဲ႕ ဆက္ဆံေရးဟာလည္း ကၽြန္မေၾကာင့္ပဲ ပ်က္စီးခ့ဲရျခင္းျဖစ္တယ္ . . .” ဆိုၿပီး JLO မွ ႏွစ္ေတြအေတာ္ၾကာၿပီးမွ အင္တာဗ်ဴးတစ္ခုမွာ ထုတ္ေဖာ္ေျပာၾကားလာခ့ဲျခင္းျဖစ္ပါတယ္။
၅။ Marc Anthony
JLO နဲ႕ Marc တို႕ ၂၀၀၄ ခုႏွစ္မွာ လက္ထပ္ခ့ဲၾကၿပီး ၂၀၀၈ ခုႏွစ္မွာေတာ့ Max နဲ႕ Emme ဆိုတ့ဲ အျမႊာႏွစ္ေယာက္ကို ေမြးဖြားခ့ဲပါတယ္။ သို႕ေပမယ့္လည္း ၇ ႏွစ္အၾကာ ေပါင္းဖက္ၿပီးေနာက္မွာ ႏွစ္ဦးသေဘာတူ ကြာရွင္းျပတ္စဲခ့ဲၾကပါတယ္။ “ ကၽြန္မရဲ႕ Relationship တစ္ခု အဆုံးသတ္သြားတ့ဲအခ်ိန္မွာ ကၽြန္မအေနနဲ႕ ခြင့္လႊတ္ေပးဖို႕ဆိုတ့ဲအေၾကာင္းရင္းကို ရွာေဖြလို႕မရႏိုင္ခ့ဲပါဘူး။ ဒါေပမယ့္ Marc ကေတာ့ ကၽြန္မကေလးေတြရဲ႕ အေဖဆိုေတာ့ ကၽြန္မဖက္ကေန အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားသြားမွာပါ . . .” ဆိုၿပီး ဧၿပီလ ၂၀၁၆ ခုႏွစ္တုန္းက အင္တာဗ်ဴးတစ္ခုမွာ ေျပာၾကားခ့ဲပါတယ္။
၆။ Beau “ Casper ” Smart
Anthony နဲ႕ လမ္းခြဲၿပီး ၄လ အၾကာမွာေတာ့ JLO တစ္ေယာက္ ေနာက္ခံအကသမားျဖစ္တ့ဲ Casper နဲ႕ တြဲခ့ဲပါတယ္။ ေနာက္ပိုင္းမွာေတာ့ JLO က Casper အား Las Vegas မွာရွိတ့ဲ All I have residency အပန္းေျဖခန္းမရဲ႕ Creative Director အျဖစ္ ခန္႕ထားခ့ဲပါတယ္။ ေနာက္ပိုင္း ရရွိခ့ဲတ့ဲ သတင္းတစ္ခ်ိဳ႕အရ Casper ဟာ လိင္ေျပာင္းထားတ့ဲ ေမာ္ဒယ္တစ္ဦးနဲ႕ ဓာတ္ပုံေတြ ဖလွယ္ျခင္း၊ Message ေတြနဲ႕ အဆက္အသြယ္ေတြျပဳလုပ္ေနတယ္ဆိုၿပီး သိရွိရပါတယ္။ ဒီလိုနဲ႕ သူတို႕ႏွစ္ေယာက္ဟာ ျပတ္သြားလိုက္၊ ျပန္တြဲလိုက္နဲ႕ ေနာက္ဆုံး ၂၀၁၆ ခုႏွစ္မွာေတာ့ တရားဝင္ ျပတ္စဲခ့ဲၾကပါတယ္။
၇။ Drake
The God’s Plan အဆိုေတာ္ Drake ဟာ ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာမွာ JLO ရဲ႕ ေဖ်ာ္ေျဖတင္ဆက္ပြဲကို တက္ေရာက္လာခ့ဲပါတယ္။ ထိုအခ်ိန္မွစ၍ သူတို႕ႏွစ္ဦး အဆက္အသြယ္ေတြ ျပဳလုပ္လာၾကၿပီိး ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလမွာေတာ့ မဂၤလာေဆာင္ဖို႕အတြက္ စီစဥ္ခ့ဲၾကပါတယ္။ သို႕ေပမယ့္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေဖေဖာ္ဝါရီလထဲမွာပဲ လမ္းခြဲခ့ဲၾကပါတယ္။
၈။ Alex Rodriguez
၂၀၁၇ ခုႏွစ္မွာေတာ့ JLO တစ္ေယာက္ အေမရိကန္ ေဘ့စ္ေဘာကစားသမားေဟာင္းတစ္ေယာက္ျဖစ္တ့ဲ Alex နဲ႕ တြဲခုတ္ခ့ဲၿပီး ၂၀၂၁ ခုႏွစ္ ဧၿပီလမွာ ႏွစ္ဦးသေဘာတူ လမ္းခြဲခ့ဲၾကပါတယ္။
<Zawgyi Version>
#ST(Soshwe)
#Soshwe(Celebrity)
#SoshweForYourDailyLife
#Like&Share