Breaking News

ခြင်္သေ့ကိုက်သတ်လို့ သေဆုံးသွားသူတစ်ယောက်ရဲ့ ကြေကွဲဖွယ်ရာအဖြစ်အပျက်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့့ ချက်နိုင်ငံသား အမျိုးသား တစ်ဦးဟာ သူမွေးထားတဲ့ ခြင်္သေ့ကိုက်သတ်လို့ သေဆုံးသွားကြောင်း သိရှိရပြီး ရဲတွေမှလည်း ထိုခြင်္သေ့ကို အသေပစ်သတ်၍ နောက်ထပ်မှုခင်းတွေမဖြစ်အောင် အချိန်မီ တားဆီးနိုင်ခဲ့ပါတယ်။

ရဲတွေ့ရဲ့ သတင်းထုတ်ပြန်ချက်အရ ၎င်းအမျိုးသားဟာ အသက် ၃၃နှစ်အရွယ်ရှိ Michal Prasek ဆိုသူဖြစ်ပြီး သူရဲ့နေအိမ်မှာ ၉ နှစ်သားအရွယ်ခြင်္သေ့တစ်ကောင်နဲ့ အခြားခြင်္သေ့အမ တစ်ကောကို မွေးမြူထားတာပဲဖြစ်ပါတယ်။ သူ့ရဲ့အိမ်နီးနားချင်းတွေဟာလည်း ထိုခြင်္သေ့တွေကြောင့် အမြဲလိုလိုထိတ်လန့်နေရပြီး သူကိုယ်တိုင်ကလည်း ရှေ့မှာရှိတဲ့ အန္တရာယ်ကို မမြင်တွေ့နိုင်ခဲ့ပါဘူး။

သူ့ရဲ့အလောင်းကိုတော့ ဖခင်ဖြစ်သူက ခြင်္သေ့ရဲ့လှောင်အိမ်ထဲမှာ တွေ့ရှိခဲ့တာဖြစ်ပြီး တကိုယ်လုံးမှာလည်း ခြင်္သေ့ကိုက်ခြစ်ကုတ်ဖဲ့ထားတဲ့ ဒဏ်ရာတွေနဲ့ပြည့်နေခဲ့ပါတယ်။ သူ့ရဲ့ဖခင်ဖြစ်သူဟာဆိုရင်လည်း တားမရတဲ့သားရဲ့ဆန္ဒကြောင့် အိမ်မှာ ခြင်္သေ့မွေးတာကို ခွင့်ပြုထားရပေမယ့် အခုလို သူမွေးထားတဲ့ခြင်္သေ့ကြီးကြောင့်ဘဲ သားဖြစ်သူသေဆုံးသွားကို မြင်တွေ့ရလိုက်တဲ့အတွက် ယူကြုံးမရဖြစ်နေခဲ့ပါတယ်။

 

#ST(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

 

About admin

Check Also

လိင်ပြောင်းထားသူများနဲ့ လိင်တူချစ်သူများအပေါ် ညှင်းပန်းနှိပ်စက်သူများအား တရားဝင်အရေးယူတော့မည့် နိုင်ငံတစ်နိုင်ငံ။

ဘရာဇီးနိုင်ငံ၌ လိင်ပြောင်းထားသူများနဲ့ လိင်တူချစ်သူများအား ဖိနှိပ်သူများကို ဥပဒေအရအရေးယူ အပြစ်ပေးတော့မည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပြီး အဆိုပါ လိင်ပြောင်းနဲ့လိင်တူချစ်သူများအပေါ် ညှင်းပန်းနှိပ်စက်သူများအနေဖြင့် ထောင်ဒဏ် (၅) နှစ် ကျခံရမည်လည်း ဖြစ်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro