Rita Ora နဲ့ Andrew Garfield တို့ တွဲခုတ်လာတာ လအနည်းငယ်ကြာပြီးနောက်မှာ ပြတ်သွားကြပြီလို့ သတင်းများထွက်ပေါ်လာကြပါတယ်။
အသက် ၂၈ နှစ်အရွယ် အဆိုတော်မလေး Rita နဲ့ Amazing Spiderman မင်းသား Andrew တို့ဟာ ဒီနှစ်အစောပိုင်းလောက်မှာ လမ်းခွဲခဲ့ကြတယ်လို့ The Mirror Magazine မှ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ Rita မှ “ အခြေအနေအားလုံးကို အခုပဲ ရပ်ပစ်ချင်နေပါပြီ။ Garfield အနေနဲ့ သီးသန့်နေချင်နေတာကပိုများပါတယ် . . . ” လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်တုန်းကတောင် အဆိုတော်မလေးနဲ့ Spiderman မင်းသားတို့ဟာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြင်နာစွာနဲ့ ပုခုံးလေးဖက်ပြီး လမ်းအတူတူလျှောက်နေတာကိုတောင် မြင်ခဲ့ရပါသေးတယ်။
#ST(1209Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share