Breaking News

Kylie Jenner ကြောင့် Liam Payne နဲ့ Piers Morgan တို့ အငြင်းပွားမှုဖြစ်ပွား။

Kylie Jenner ကြောင့် Liam Payne နဲ့ Piers Morgan တို့ မမျှော်လင့်ထားဘဲ Twitter စာမျက်နှာတွေပေါ်မှာ အငြင်းပွားမှု ဖြစ်ပွားခဲ့ကြပါတယ်။

အခုလို အငြင်းပွားမှုဖြစ်ရတဲ့ အကြောင်းရင်းကတော့ Kylie Jenner ကို ကမ္ဘာ့အငယ်ဆုံး Billionaire အဖြစ် Forbes Magazine က သတ်မှတ်လိုက်ရာကနေ စတင်လာခဲ့ခြင်းဖြစ်ပါတယ်။ Forbes Magazine ရဲ့ သတ်မှတ်ချက်အပေါ် အသက် ၅၃ နှစ်အရွယ်ရှိတဲ့ Piers Morgan က လက်ခံနိုင်ခြင်းမရှိပေ။ ဒီလိုနဲ့ပဲ Morgan က “ Kylie Jenner က ကိုယ်တိုင်ကြိုးစားပြီး Billionaire ဖြစ်လာတာမဟုတ်ဘဲ သူ့ညီအစ်မတွေဖြစ်တဲ့ Kardashians တွေရဲ့ ညစ်ညမ်းတိပ်ခွေတွေကြောင့်ပဲ ဖြစ်ပါတယ် . . . ” ဆိုပြီး Twitter ပေါ်မှာ ဝေဖန်မှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။

ဒီလိုနဲ့ပဲ One Direction အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ အသက် ၂၅နှစ်အရွယ် Liam Payne က “ ခင်ဗျားက လူအများရဲ့ အာရုံစူးစိုက်မှုကို ရချင်လို့ အခြားလူတွေကို အခုလို မဟုတ်တရုတ်တွေ လိုက်ပြောနေသူတစ်ယောက်ပဲဖြစ်တယ် . . . ” ဆိုပြီး ရုပ်သံတင်ဆက်သူ ဗြိတိန်လူမျိုး Morgan ကို တုန့်ပြန် ပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီး သူကပဲ “ Kylie Jenner ဟာ ကိုယ်ပိုင်စီးပွားရေးကို ပြုလုပ်ပြီး အောင်မြင်လာတယ်ဆိုတာ လူတိုင်းသိနေကြတာပဲ။ ခင်ဗျားအနေနဲ့ လူတစ်ယောက်အောင်မြင်နေတာကို ပုတ်ခတ်ပြောဆိုနေမယ့်အစား ဂုဏ်ယူဝမ်းမြောက်သင့်ပါတယ် . . .” ဆိုပြီး ထပ်လောင်းပြောဆိုခဲ့ပါတယ်။

American Got Talent ရဲ့ အကဲဖြတ်ဒိုင်လူကြီးဟောင်းတစ်ဦးဖြစ်တဲ့ Morgans မှလည်း “ Hi Liam, ပထမဦးဆုံးအချက်ကတော့ Kylie ချမ်းသာလာတာ သူမကိုယ်တိုင် ကြိုးစားလာခဲ့တာမဟုတ်ဘဲ သူမအစ်မရဲ့ ညစ်ညမ်းတိပ်ခွေကြောင့်ပဲဖြစ်တယ်။ ဒုတိယအချက်ကတော့ Strip That Down ကို သီဆိုထားတဲ့ မင်းကပဲ မဆိုင်ဘဲ ဝင်ပြောတာတွေကို ရပ်တန်းက ရပ်သင့်တယ် . . .” ဆိုပြီး ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

 

#ST(Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

About admin

Check Also

Miley Cyrus တွဲခုတ်ခဲ့ဖူးသော ရည်းစားများ။

နာမည်ကျော် အဆိုတော် Miley Cyrus တစ်ယောက် တွဲခုတ်ခဲ့ဖူးသော ရည်းစားများနဲ့ ပတ်သက်၍ အံ့အားသင့်ဖွယ်ရာ မှတ်တမ်းများရှိနေပြီး သြစတြေးလျသရုပ်ဆောင် Liam Hemsworth၊ မော်ဒယ်လ် Stella …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro