Breaking News

အိမ်ထောင်ဖက်တွေရဲ့ ချစ်သံယောဇဉ်ကို မခိုင်မြဲစေတဲ့ အကြောင်းအရင်းများ။

ချစ်သူရည်းစားတွေ/အိမ်ထောင်ဖက်တွေမှာ မတူကွဲပြားတဲ့ ကြိုက်နှစ်သက်တဲ့အရာတွေရှိတယ် ဆိုပေမယ့် တချို့သောသဘောထားကွဲပြားမှုတွေက ပြဿနာအကြီးအကျယ်ဖြစ်သည်အထိ ဆိုးရွားလာနိုင်ပါတယ်။

၁။ အားလပ်ချိန်တွေမှာ ကိုယ့်ရဲ့အိမ်ထောင်ဖက်ကို အချိန်မပေးနိုင်တာ။

ကိုယ်စီအလုပ်တွေရှိတာမို့ အိမ်ထောင်ဖက်နဲ့ ၂၄နာရီလုံး အတူတူ ရှိမနေနိုင်သလို အကြိုက်တွေလည်းမတူနိုင်ပါဘူး။ တစ်ယောက်က အချစ်ဇာတ်ကားကြည့်ချင်တဲ့အချိန်မှာ တစ်ယောက်က သည်းထိတ်ရင်ဖိုဇာတ်ကားကို ကြည့်ချင်တာမျိုး။ တစ်ယောက်က အားကစားလုပ်ချင်တဲ့အချိန်မှာ တစ်ယောက်က နားနားနေနေ နေချင်တာမျိုး။ သို့ပေမယ့်လည်း အားလပ်ချိန်လေးတွေမှာ နှစ်ဦးသားသဘောကျနှစ်သက်တဲ့ အရာလေးတွေလုပ်ရင်း ကုန်ဆုံးခြင်းက သံယောဇဉ်ကို ပိုမိုခိုင်မြဲစေမှာဖြစ်ပါတယ်။

 

၂။ တစ်ယောက်ကိုတစ်ယောက်လေးစားမှုမရှိတာ။

တစ်ခါတစ်လေမှာ “နင်ကဘယ်တော့မှ ပန်းကန်တွေဝိုင်းမဆေးပေးဘူး” လို့ပြောလိုက်ခြင်းက ကိုယ့်အိမ်ထောင်ဖက်က တခြားအိမ်အလုပ်တွေဝိုင်းလုပ်ပေးဖူးတာကို မေ့လိုက်ပြီး မလုပ်ပေးနိုင်တဲ့ တစ်ခုကိုပဲ အပြစ်တင်သလိုဖြစ်သွားကာ နှစ်ဦးသားကြားမှာ အထစ်အငေါ့တွေဖြစ်စေနိုင်ပါတယ်။

 

၃။ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး စကားများတာ။

အိမ်ထောင်ဖက်နှစ်ယောက်မှာ ဝင်ငွေပိုများတဲ့သူက အကုန်ကျစရိတ်တွေကို ပိုပြီးတာဝန်ယူရတတ်ကြပါတယ်။ အဲ့လိုအခါမျိုးကျရင် နှစ်ဦးလုံးရဲ့ဝင်ငွေကိုခြုံငုံပြီး အကုန်ကျစရိတ််အတွက် အသုံးပြုတာက ပိုပြီးထိရောက်ပါတယ်။

 

၄။ အကြောင်းအရင်းတစ်ခုကြောင့်ပဲ ခဏခဏ စကားများရတာ။

တစ်အိမ်ထဲမှာ အတူတူနေရတဲ့ အိမ်ထောင်ဖက်တွေက နောက်တစ်နေ့ရောက်သွားပေမယ့်လည်း မနေ့က အကြောင်းအရင်းကြောင့် ရန်ဖြစ်နေရတာဟာ သူတို့ရဲ့ပင်ကိုယ်စရိုက်တွေက မတူတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုပြဿနာမျိုးကို မဖြေရှင်းပဲနဲ့ ဒီအတိုင်းဆက်နေသွားမယ်ဆိုရင်တော့ ကွာရှင်းရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

 

၅။ တစ်ယောက်က တစ်ယောက်ကို အဆိုးပဲမြင်ပြီး အပြစ်တွေပြောနေတာ။

တစ်ယောက်က နည်းနည်းလေးမှားတာနဲ့ နောက်တစ်ယောက်က နားမလည်ပေးဘဲ အပြစ်တွေချည်းပဲပြောနေတာက နှစ်ဦးကြားမှာရှိတဲ့ ချစ်သံယောဇဉ်ကို မှေးမှိန်သွားစေနိုင်ပြီး ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို စိတ်ပိုင်းဆိုင်ရာအရ ညှဉ်းပန်းနှိပ်စက်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။

 

၆။ မကျေနပ်တာကို ထုတ်မပြောဘဲ စိတ်ထဲမှာ သိမ်းထားတာ။

ကိုယ်ဖြစ်စေချင်တာ၊ လုပ်စေချင်တာကို ကိုယ့်ရဲ့အိမ်ထောင်ဖက်က မလုပ်ပေးနိုင်တဲ့အခါမျိုးမှာ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေတတ်ပါတယ်။ အဲ့လိုအခါမျိုးမှာ မကျေနပ်တာကို မမြိုသိပ်ထားဘဲ ကိုယ့်ရဲ့အိမ်ထောင်ဖက်ကို စိတ်ဆိုးမာန်ဆိုးနဲ့ပြောပြီး ပြဿနာဖြေရှင်းသည့်တိုင် နှစ်ဦးကြားမှာရှိနေတဲ့ တင်းမာမှုကို ပြေလျော့သွားစေမှာပါ။

 

၇။ ဘယ်တော့မှရန်မဖြစ်တာ။

ချစ်သူနှစ်ဦးဘယ်တော့မှရန်မဖြစ်ရခြင်းက နှစ်ယောက်ထဲမှာ တစ်ယောက်က ရင်ထဲမှာခံစားရတဲ့ မကျေနပ်တာတွေကို ထုတ်ပြောဖို့ဝန်လေးနေတာမျိုးပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့အိမ်ထောင်ဖက်က လက်မခံရင်တောင် ကိုယ်ကနားလည်အောင်ရှင်းပြပြီး ညှိနှိုင်းသင့်ပါတယ်။

 

၈။ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့တဲ့အချိန်တွေနည်းလာတာ။

အိမ်ထောင်ဖက်တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ပွေ့ဖက်ခြင်းလေးတွေက နှစ်ဦးကြားက သံယောဇဉ်ကို ပိုမိုနွေးထွေးစေပါတယ်။

 

၉။ အတူတူ ရယ်မောခြင်း မရှိတော့တာ။

တစ်ယောက်ပြောတဲ့ ဟာသကို နောက်တစ်ယောက်က ရယ်ရတယ်လို့မထင်မှတ်တော့ဘဲ ကိုယ့်ရဲ့ အိမ်ထောင်ဖက်က ကိုယ့်အပေါ် စိတ်ဝင်စားမှုမရှိတော့ဘူးလို့ ထင်လာတတ်ပါတယ်။

 

၁၀။ အိမ်ထောင်ဖက်ရဲ့ မိသားစုကို သဘောမကျတာ။

လူတစ်ယောက်နဲ့ အိမ်ထောင်ပြုရာမှာ အိမ်ထောင်ဖက်ရဲ့ မိသားစုဝင်တွေကို မချစ်နိုင်ရင်တောင်မှ အနည်းဆုံး အလိုက်အထိုက် ပေါင်းသင်းပြီး အဆင်ပြေအောင်နေထိုင်သင့်ပါတယ်။

<Unicode Version>

 

 

 

အိမ္ေထာင္ဖက္ေတြရဲ႕ ခ်စ္သံေယာဇဥ္ကို မခိုင္ၿမဲေစတ့ဲ အေၾကာင္းအရင္းမ်ား။

ခ်စ္သူရည္းစားေတြ/အိမ္ေထာင္ဖက္ေတြမွာ မတူကြဲျပားတဲ့ ႀကိဳက္ႏွစ္သက္တဲ့အရာေတြရွိတယ္ဆိုေပမယ့္ တခ်ိဳ႕ေသာသေဘာထားကြဲျပားမႈေတြက ျပႆနာအၾကီးအက်ယ္ျဖစ္သည္အထိ ဆိုးရြားလာႏိုင္ပါတယ္။

၁။ အားလပ္ခ်ိန္ေတြမွာ ကိုယ့္ရဲ႕အိမ္ေထာင္ဖက္ကို အခ်ိန္မေပးႏိုင္တာ။

ကိုယ္စီအလုပ္ေတြရွိတာမို႔ အိမ္ေထာင္ဖက္နဲ႔ ၂၄ နာရီလံုး အတူတူ ရွိမေနႏိုင္သလို အႀကိဳက္ေတြလည္းမတူႏိုင္ပါဘူး။ တစ္ေယာက္က အခ်စ္ဇာတ္ကားၾကည့္ခ်င္တဲ့အခ်ိန္မွာ တစ္ေယာက္က သည္းထိတ္ရင္ဖိုဇာတ္ကားကို ၾကည့္ခ်င္တာမ်ိဳး။ တစ္ေယာက္က အားကစားလုပ္ခ်င္တဲ့အခ်ိန္မွာ တစ္ေယာက္က နားနားေနေန ေနခ်င္တာမ်ိဳး။ သို႔ေပမယ့္လည္း အားလပ္ခ်ိန္ေလးေတြမွာ ႏွစ္ဦးသားသေဘာက်ႏွစ္သက္တဲ့ အရာေလးေတြလုပ္ရင္း ကုန္ဆံုးျခင္းက သံေယာဇဥ္ကို ပိုမိုခိုင္ၿမဲေစမွာျဖစ္ပါတယ္။

 

၂။ တစ္ေယာက္ကိုတစ္ေယာက္ေလးစားမႈမရွိတာ။

တစ္ခါတစ္ေလမွာ “နင္ကဘယ္ေတာ့မွ ပန္းကန္ေတြဝိုင္းမေဆးေပးဘူး” လို႔ေျပာလိုက္ျခင္းက ကိုယ့္အိမ္ေထာင္ဖက္က တျခားအိမ္အလုပ္ေတြဝိုင္းလုပ္ေပးဖူးတာကို ေမ့လိုက္ၿပီး မလုပ္ေပးႏိုင္တဲ့ တစ္ခုကိုပဲ အျပစ္တင္သလိုျဖစ္သြားကာ ႏွစ္ဦးသားၾကားမွာ အထစ္အေငါ့ေတြျဖစ္ေစႏိုင္ပါတယ္။

 

၃။ေငြေရးေၾကးေရးနဲ႔ပတ္သက္ၿပီး စကားမ်ားတာ။

အိမ္ေထာင္ဖက္ႏွစ္ေယာက္မွာ ဝင္ေငြပိုမ်ားတဲ့သူက အကုန္က်စရိတ္ေတြကို ပိုၿပီးတာဝန္ယူရတတ္ၾကပါတယ္။ အဲ့လိုအခါမ်ိဳးက်ရင္ ႏွစ္ဦးလံုးရဲ႕ဝင္ေငြကိုျခံဳငံုၿပီး အကုန္က်စရိတ္္အတြက္ အသံုးျပဳတာက ပိုၿပီးထိေရာက္ပါတယ္။

 

၄။ အေၾကာင္းအရင္းတစ္ခုေၾကာင့္ပဲ ခဏခဏ စကားမ်ားရတာ။

တစ္အိမ္ထဲမွာ အတူတူေနရတဲ့ အိမ္ေထာင္ဖက္ေတြက ေနာက္တစ္ေန႔ေရာက္သြားေပမယ့္လည္း မေန႔က အေၾကာင္းအရင္းေၾကာင့္ ရန္ျဖစ္ေနရတာဟာ သူတုိ႔ရဲ႕ပင္ကိုယ္စရိုက္ေတြက မတူတာေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒီလိုျပႆနာမ်ိဳးကို မေျဖရွင္းပဲနဲ႔ ဒီအတိုင္းဆက္ေနသြားမယ္ဆိုရင္ေတာ့ ကြာရွင္းရတဲ့အထိ ျဖစ္သြားႏိုင္ပါတယ္။

 

၅။ တစ္ေယာက္က တစ္ေယာက္ကုိ အဆိုးပဲျမင္ၿပီး အျပစ္ေတြေျပာေနတာ။

တစ္ေယာက္က နည္းနည္းေလးမွားတာနဲ႔ ေနာက္တစ္ေယာက္က နားမလည္ေပးဘဲ အျပစ္ေတြခ်ည္းပဲေျပာေနတာက ႏွစ္ဦးၾကားမွာရွိတဲ့ ခ်စ္သံေယာဇဥ္ကို ေမွးမွိန္သြားေစႏိုင္ၿပီး ကိုယ့္ရဲ႕ အိမ္ေထာင္ဖက္ကို စိတ္ပိုင္းဆိုင္ရာအရ ညွဥ္းပန္းႏွိပ္စက္တဲ့အထိ ျဖစ္သြားတတ္ပါတယ္။

 

၆။ မေက်နပ္တာကို ထုတ္မေျပာဘဲ စိတ္ထဲမွာ သိမ္းထားတာ။

ကိုယ္ျဖစ္ေစခ်င္တာ၊ လုပ္ေစခ်င္တာကို ကိုယ့္ရဲ႕အိမ္ေထာင္ဖက္က မလုပ္ေပးႏိုင္တဲ့အခါမ်ိဳးမွာ စိတ္ထဲတြင္ မေက်မနပ္ ျဖစ္ေနတတ္ပါတယ္။ အဲ့လိုအခါမ်ိဳးမွာ မေက်နပ္တာကို မၿမိဳသိပ္ထားဘဲ ကိုယ့္ရဲ႕အိမ္ေထာင္ဖက္ကို စိတ္ဆိုးမာန္ဆိုးနဲ႔ေျပာၿပီး ျပႆနာေျဖရွင္းသည့္တိုင္ ႏွစ္ဦးၾကားမွာရွိေနတဲ့ တင္းမာမႈကို ေျပေလ်ာ႕သြားေစမွာပါ။

 

၇။ ဘယ္ေတာ့မွရန္မျဖစ္တာ။

ခ်စ္သူႏွစ္ဦး ဘယ္ေတာ့မွရန္မျဖစ္ရျခင္းက ႏွစ္ေယာက္ထဲမွာ တစ္ေယာက္က ရင္ထဲမွာခံစားရတဲ့ မေက်နပ္တာေတြကို ထုတ္ေျပာဖို႔ ဝန္ေလးေနတာမ်ိဳးပဲ ျဖစ္ပါတယ္။ ကိုယ့္ရဲ႕အိမ္ေထာင္ဖက္က လက္မခံရင္ေတာင္ ကိုယ္ကနားလည္ေအာင္ရွင္းျပၿပီး ညွိႏႈိင္းသင့္ပါတယ္။

 

၈။ တစ္ေယာက္နဲ႔တစ္ေယာက္ ထိေတြ႔တဲ့အခ်ိန္ေတြနည္းလာတာ။

အိမ္ေထာင္ဖက္တစ္ေယာက္နဲ႔တစ္ေယာက္ ထိေတြ႔ေပြ႔ဖက္ျခင္းေလးေတြက ႏွစ္ဦးၾကားက သံေယာဇဥ္ကို ပိုမိုေႏြးေထြးေစပါတယ္။

 

၉။  အတူတူ ရယ္ေမာျခင္း မရွိေတာ့တာ။

တစ္ေယာက္ေျပာတဲ့ ဟာသကို ေနာက္တစ္ေယာက္က ရယ္ရတယ္လို႔မထင္မွတ္ေတာ့ဘဲ ကိုယ့္ရဲ႕ အိမ္ေထာင္ဖက္က ကိုယ့္အေပၚ စိတ္ဝင္စားမႈမရွိေတာ့ဘူးလို႔ ထင္လာတတ္ပါတယ္။

 

၁၀။ အိမ္ေထာင္ဖက္ရဲ႕ မိသားစုကို သေဘာမက်တာ။

လူတစ္ေယာက္နဲ႔ အိမ္ေထာင္ျပဳရာမွာ အိမ္ေထာင္ဖက္ရဲ႕ မိသားစုဝင္ေတြကို မခ်စ္ႏိုင္ရင္ေတာင္မွ အနည္းဆံုး အလိုက္အထိုက္ ေပါင္းသင္းၿပီး အဆင္ေျပေအာင္ ေနထိုင္သင့္ပါတယ္။

 

#SY(Soshwe)

#SoshweLifeStyle

#SoshweForYourDailyLife

#Like&Share

About admin

Check Also

မိန်းမ ၉ ယောက် ပိုင်ဆိုင်ထားတဲ့ ဘရာဇီးမော်ဒယ်။

မိန်းမ ၉ ယောက်ရှိပြီး ကလေးယူဖို့ပါ စီစဉ်နေတဲ့ အမျိုးသားတစ်ဦးဟာ ဘယ်သူနဲ့ ကလေးအရင်ယူမလဲဆိုတာကို ‘Fisrt Come, First Served’ ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဒီကိစ္စကိုလည်း …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro