HomeOtherGolden Retriever ခွေးလေးကို ဓါးနဲ့ အကြိမ် ၁၀၀ ခန့် ထိုးသတ်ခဲ့သူ။

Golden Retriever ခွေးလေးကို ဓါးနဲ့ အကြိမ် ၁၀၀ ခန့် ထိုးသတ်ခဲ့သူ။

- Advertisement -

Arizona ပြည်နယ်သား အသက်၂၇နှစ်အရွယ် Jacob Bushkin က သူ့ရဲ့ Golden Retriver ခွေးလေးကို ဓါးနဲ့အကြိမ်၁၀၀ခန့် ထိုးသတ်ခဲ့ပြီး အမှိုက်ပုံထဲမှာ သွားပစ်ခဲ့တဲ့အတွက်ကြောင့် တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုနဲ့ ကြာသပတေးနေ့မှာ ထိန်းသိမ်းဖမ်းဆီးခံထားရတာဖြစ်တယ်လို့ Scottsdale ရဲဌာနချုပ်က ထုတ်ပြန်ကြေညာထားတာပဲဖြစ်ပါတယ်။ Jacob ရဲ့ အိမ်နီးနားချင်း Marcia Solomonthis ဆိုသူက “ဒီလိုမျိုး အန္တရာယ်မပြုတတ်တဲ့ခွေးကို ဓါးနဲ့ထိုးသတ်တယ်ဆိုတာ တကယ်ကိုမယုံနိုင်လောက်အောင် ကြောက်စရာကောင်းတာပဲ”လို့ ဆိုခဲ့ပါတယ်။

စုံစမ်းစစ်ဆေးသူတွေက Bushkin က သူ့ခွေးလေးသေသွားပြီဆိုတာကို သူ့မိသားစုဝင်တွေပြောပြခဲ့လို့ သူ့မိသားစုဝင်တွေက ခွေးလေးကိုလိုက်ရှာကြည့်ရာမှာ ဂိုဒေါင်ထဲက အမှိုက်ပုံးထဲမှာတွေ့ခဲ့တာဖြစ်ပါတယ်။ မိသားစုဝင်တွေက တိရစ္ဆာန်ဆရာဝန်ဆီကို ခေါ်သွားတဲ့အချိန်မှာတော့ ဆရာဝန်က ခွေးလေးဟာ ဓါးနဲ့အကြိမ်ပေါင်းများစွာထိုးသတ်ခံထားရတာဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ အဲ့ဒီနောက်မှာ Scottsdale ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားခဲ့တာပဲဖြစ်ပါတယ်။

- Advertisement -

ရဲတွေက Bushkinကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် သူက လက်မခံခဲ့ပါဘူး။ ဒါကြောင့် ရဲတွေက သူ့ရဲ့နေအိမ်ကိုသွားရောက်ပြီး စစ်ဆေးကြည့်ရှုရာကနေ တခြားသက်သေတွေကိုပါ ရှာဖွေရရှိခဲ့တာပဲဖြစ်ပါတယ်။

- Advertisement -

FOX 10သတင်းဌာနရဲ့ပြောကြားချက်အရတော့ အခင်းဖြစ်သွားတဲ့နေရာမှာ ကြမ်းခင်းကိုသန့်ရှင်းတဲ့ပစ္စည်းတွေ၊ မီးဖိုချောင်သုံးဓါးတွေထည့်ရာမှာသုံးလေ့ရှိတဲ့ဘူးအလွတ်နဲ့ သွေးအများကြီးကို တွေ့ရတာပဲဖြစ်ပါတယ်။ သူကခုလက်ရှိမှာတော့ အကျဉ်းချခံထားရပြီး တရားခွင်ဝင်ရောက်စစ်ဆေးခံရတာမျိုးတော့မရှိသေးပါဘူး။

- Advertisement -

 

#SY(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read