Breaking News

လူတိုင်းသိထားသင့်တဲ့ စားပွဲဝိုင်းစည်းကမ်းချက်များ။

တကယ်လို့ သင့်အနေနဲ့ လူကြီးလူကောင်းတွေနဲ့ဖြစ်စေ၊ အလုပ်အကိုင်ကိစ္စကြောင့်ပဲဖြစ်စေ၊ အကြောင်းအရင်းတစ်ခုခုကြောင့် စားဝိုင်းတစ်ခုခုသို့ ရောက်ရှိခဲ့မယ်ဆိုရင် သင့်ရဲ့ အစားသောက်ထိုင်စားနေပုံတွေ၊ ပြုမူပုံတွေကြောင့် ကိုယ့်နဲ့အတူ စားသောက်နေသူတွေက ကိုယ့်အပေါ်အထင်ကြီးသွားနိုင်သလို၊ အထင်လည်း သေးသွားနိုင်ပါတယ်။ ဒါကြောင့် သူငယ်ချင်းတို့အနေနဲ့လည်း ဗဟုသုတရရှ်ိစေနိုင်ရန်ရည်ရွယ်ပြီး ဆောင်ရန်၊ ရှောင်ရန် အချက်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ်မှာယူထားတဲ့ အစားအသောက်ဟာ ပူနေတယ်ဆိုရင် အေးတဲ့အချိန်အထိ စောင့်ပြီးမှ စားသုံးပါ။ အမြန်အေးအောင်ဆိုပြီးတော့ အစားအသောက်ကို ဘယ်တော့မှ မမှုတ်လိုက်ပါနဲ့။

 

၂။ ကိုယ်မစားချင်တဲ့အစားအသောက်ကို လက်ကိုင်ပုဝါထဲ မထွေးထုတ်ပါနဲ့။ ပန်းကန်ရဲ့တစ်နေရာမှာ ပုံထားလိုက်ပါ။

၃။ စားနေတဲ့ အစားအစာကုန်သွားမှ စကားပြောပါ။ အစာတွေဝါးနေရင်းစကားပြောမယ်ဆိုရင် အစားအစာတွေက ပါးစပ်အပြင်ကိုထွက်လာနိုင်ပါတယ်။

၄။ အစားအစာသုံးဆောင်ရာမှာ ဓါးကို သေချာမှန်ကန်စွာကိုင်ပါ။

၅။ လက်ကိုင်ပုဝါကိုသေချာသုံးပြုပါ။ ဆိုလိုချင်တာက လက်ကိုင်ပုဝါက ပါးစပ်ထောင့်လေးတွေကို သုတ်ဖို့အတွက်ဖြစ်ပြီး သွားမှာပေကျံနေတာတွေကို သုတ်ဖို့မဟုတ်ပါဘူး။

၆။ ပေါင်မုန့်တွေကို ဓါးနဲ့မလှီးပဲနဲ့ လက်နဲ့ပဲဖဲ့ပါ။

၇။ ကိုယ်မှာထားတဲ့အစားအသောက်ကို အရင်မြည်းကြည့်ပြီး လိုအပ်သည်ဆိုမှ ပြုပြင်ပါ။

၈။ စားသောက်ပြီးပြီဆိုရင် စားသောက်ပြီးကြောင်းသိစေနိုင်တဲ့ ဓား၊ ခက်ရင်း (သို့) ဇွန်းခက်ရင်း ထားပုံအတိုင်း ထားပြီး ပန်းကန်ကိုလည်း သူအရင်ရှိတဲ့ နေရာမှာပဲထားပါ။

၉။ ဧည့်သည်တွေနဲ့ ဘီယာ၊ အရက် သောက်သုံးတဲ့အခါတွေမှာလည်း သိပ်အများကြီးမသောက်မိပါစေနဲ့။ ဘာလို့လည်းဆိုတော့ လူတစ်ယောက်က မူးလာပြီဆိုရင် ကိုးရိုးကားရားနိုင်လာလို့ပါ။

၁၀။ အကြောင်းတစ်ခုခုကြောင့် စားဝိုင်းကနေထွက်သွားမယ်ဆိုရင်တောင် အကြာကြီး ထမသွားသင့်ပါဘူး။

၁၁။ စားသောက်တဲ့အခါမှာ ညာဖက်လက်ကို အသုံးပြုပါ။

၁၂။ စားပွဲဝိုင်းမှာထိုင်နေတဲ့ တခြားသူတွေကိုစောင့်ဆိုင်းပြီး အတူတူ စားသောက်ပါ။ တစ်ယောက်တည်း အရင်ဦးဆုံး မစားလိုက်ပါနဲ့။

၁၃။ အစားအသောက်တစ်ခုကို တခြားသူတွေကိုပါဝေပေးရမယ်ဆိုရင် ကိုယ့်ရဲ့ ညာဘက်ကနေစပြီး ကမ်းပေးပါ။

၁၄။ ပေါင်မုန့်တစ်ချပ်လုံးကို ထောပတ်သုတ်လိုက်တာမျိုးမဟုတ်ဘဲ တစ်ကိုက်စာလေးဖဲ့ပြီး အဲ့အပေါ်မှာမှထောပတ်သုတ်ပြီး သုံးဆောင်ပါ။

၁၅။ အိမ်ရှင်တွေက စားသောက်နေတဲ့ စားပွဲဝိုင်းကနေ ထလိုက်တာပဲဖြစ်ဖြစ်၊ နှုတ်ဆက်စကားပြောလိုက်တာမျိုးပဲဖြစ်ဖြစ် ပြုလုပ်လိုက်တဲ့အချိန်မှာ ကိုယ်ကလည်း နှုတ်ဆက်စကားဆိုပြီး အချိန်မဆွဲဘဲ ဖြစ်နိုင်ရင်မြန်မြန်လေးပြန်သင့်ပါတယ်။

<Unicode Version>

 

 

လူတိုင္းသိထားသင့္တဲ့ စားပြဲဝိုင္းစည္းကမ္းခ်က္မ်ား။

တကယ္လို႕ သင့္အေနနဲ႕ လူႀကီးလူေကာင္းေတြနဲ႕ျဖစ္ေစ၊ အလုပ္အကိုင္ကိစၥေၾကာင့္ပဲျဖစ္ေစ၊ အေၾကာင္းအရင္းတစ္ခုခုေၾကာင့္ စားဝိုင္းတစ္ခုခုသို႕ ေရာက္ရွိခ့ဲမယ္ဆိုရင္ သင့္ရဲ႕ အစားေသာက္ထိုင္စားေနပံုေတြ၊ ျပဳမူပံုေတြေၾကာင့္ ကိုယ့္နဲ႕အတူ စားေသာက္ေနသူေတြက ကိုယ့္အေပၚအထင္ႀကီးသြားႏိုင္သလို၊ အထင္လည္း ေသးသြားႏိုင္ပါတယ္။ ဒါေၾကာင့္ သူငယ္ခ်င္းတို႕အေနနဲ႕လည္း ဗဟုသုတရရွ္ိေစႏိုင္ရန္ရည္ရြယ္ၿပီး ေဆာင္ရန္၊ ေရွာင္ရန္ အခ်က္တစ္ခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ကိုယ္မွာယူထားတ့ဲ အစားအေသာက္ဟာ ပူေနတယ္ဆိုရင္ ေအးတဲ့အခ်ိန္အထိ ေစာင့္ၿပီးမွ စားသုံးပါ။ အျမန္ေအးေအာင္ဆိုၿပီးေတာ့ အစားအေသာက္ကို ဘယ္ေတာ့မွ မမႈတ္လိုက္ပါနဲ႕။

၂။ ကိုယ္မစားခ်င္တဲ့အစားအေသာက္ကို လက္ကိုင္ပုဝါထဲ မေထြးထုတ္ပါနဲ႔။ ပန္းကန္ရဲ႕တစ္ေနရာမွာ ပံုထားလိုက္ပါ။

၃။ စားေနတဲ့ အစားအစာကုန္သြားမွ စကားေျပာပါ။ အစာေတြဝါးေနရင္း စကားေျပာမယ္ဆိုရင္ အစားအစာေတြက ပါးစပ္အျပင္ကို ထြက္လာႏိုင္ပါတယ္။

၄။ အစားအစာသုံးေဆာင္ရာမွာ ဓါးကို ေသခ်ာမွန္ကန္စြာကိုင္ပါ။

၅။ လက္ကိုင္ပုဝါကို ေသခ်ာသံုးျပဳပါ။ ဆိုလိုခ်င္တာက လက္ကိုင္ပုဝါက ပါးစပ္ေထာင့္ေလးေတြကို သုတ္ဖို႔အတြက္ျဖစ္ၿပီး  သြားမွာေပက်ံေနတာေတြကို သုတ္ဖို႔မဟုတ္ပါဘူး။

၆။ ေပါင္မုန္႔ေတြကို ဓါးနဲ႔မလွီးပဲနဲ႔ လက္နဲ႔ပဲဖဲ့ပါ။

၇။ ကိုယ္မွာထားတဲ့အစားအေသာက္ကို အရင္ျမည္းၾကည့္ၿပီး လိုအပ္သည္ဆိုမွ ျပဳျပင္ပါ။

၈။ စားေသာက္ၿပီးၿပီဆိုရင္ စားေသာက္ၿပီးေၾကာင္းသိေစႏိုင္တဲ့ ဓား၊ ခက္ရင္း (သို႔) ဇြန္းခက္ရင္း ထားပံုအတိုင္းထားၿပီး ပန္းကန္ကိုလည္း သူအရင္ရွိတဲ့ ေနရာမွာပဲထားပါ။

၉။ ဧည့္သည္ေတြနဲ႕ ဘီယာ၊ အရက္ ေသာက္သုံးတ့ဲအခါေတြမွာလည္း သိပ္အမ်ားႀကီးမေသာက္မိပါေစနဲ႔။ ဘာလို႔လည္းဆိုေတာ့ လူတစ္ေယာက္က မူးလာၿပီဆိုရင္ ကိုးရိုးကားရားႏိုင္လာလို႔ပါ။

၁၀။ အေၾကာင္းတစ္ခုခုေၾကာင့္ စားဝိုင္းကေနထြက္သြားမယ္ဆိုရင္ေတာင္ အၾကာႀကီး ထမသြားသင့္ပါဘူး။

၁၁။ စားေသာက္တဲ့အခါမွာ ညာဖက္လက္ကို အသံုးျပဳပါ။

၁၂။ စားပြဲဝိုင္းမွာထိုင္ေနတဲ့ တျခားသူေတြကိုေစာင့္ဆိုင္းၿပီး အတူတူ စားေသာက္ပါ။ တစ္ေယာက္တည္း အရင္ဦးဆံုး မစားလိုက္ပါနဲ႔။

၁၃။ အစားအေသာက္တစ္ခုကို တျခားသူေတြကိုပါ ေဝေပးရမယ္ဆိုရင္ ကိုယ့္ရဲ႕ ညာဘက္ကေနစၿပီး ကမ္းေပးပါ။

၁၄။ ေပါင္မုန္႔တစ္ခ်ပ္လံုးကို ေထာပတ္သုတ္လိုက္တာမ်ိဳးမဟုတ္ဘဲ တစ္ကိုက္စာေလးဖဲ့ၿပီး အဲ့အေပၚမွာမွေထာပတ္သုတ္ၿပီး သုံးေဆာင္ပါ။

၁၅။ အိမ္ရွင္ေတြက စားေသာက္ေနတဲ့ စားပြဲဝိုင္းကေန ထလိုက္တာပဲျဖစ္ျဖစ္၊ ႏႈတ္ဆက္စကားေျပာလိုက္တာမ်ိဳးပဲျဖစ္ျဖစ္ ျပဳလုပ္လိုက္တဲ့အခ်ိန္မွာ ကိုယ္ကလည္း ႏႈတ္ဆက္စကားဆိုၿပီး အခ်ိန္မဆြဲဘဲ ျဖစ္ႏိုင္ရင္ျမန္ျမန္ေလးျပန္သင့္ပါတယ္။

<Zawgyi Version>

 

#SY(Soshwe)

#SoshweLifeStyle

#SoshweForYourDailyLife

#Like&Share

About admin

Check Also

၂၀၂၂ ခုနှစ်ရဲ့ အလုံခြုံဆုံးနဲ့ အန္တရာယ်အကင်းဆုံးသော မြို့တော်များ။

ခရီးသွားတွေအနေနဲ့ ဘယ်နေရာကို အလည်အပတ်သွားရမလဲဆိုတာ ဆုံးဖြတ်တဲ့အချိန်မှာ အန္တရာယ်ကင်းပြီး လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ နေရာတွေကိုသာ အဓိကဦးစားပေး ရွေးချယ်တတ်ကြပါတယ်။ ဒါပေမယ့် မကြာသေးခင်က ကမ္ဘာတစ်ဝှမ်းလုံးမှာ ကပ်ရောဂါဆိုးကြီး ပျံ့နှံ့လာခဲ့တာကြောင့် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro