ပြီးခဲ့တဲ့နှစ်တုန်းကတော့ Jonas Brothers အဖွဲ့ဝင်တစ်ဦင်္းဖြစ်တဲ့ Nick Jonas နဲ့ Priyanka Chopra တို့ရဲ့ မင်္ဂလာလက်ထပ်ပွဲဟာ Social Media ပေါ်မှာ ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်။ အခုဒီနှစ်မှာတော့ Jonas Brothers အဖွဲ့ဝင် နောက်တစ်ဦးဖြစ်တဲ့ Joe Jonas နဲ့ Game of Thrones စတား Sophie Turner တို့ရဲ့ မင်္ဂလာပွဲကို စောင့်ကြည့်ရမယ့်အခြေအနေမှာ ရှိနေပါတယ်။
သူငယ်ချင်းတွေ မိတ်ဆက်ပေးရာကနေတစ်ဆင့် စတင်သိကျွမ်းခဲ့တဲ့ Cele နှစ်ယောက်ဟာ နိုဝင်ဘာ ၂၀၁၆ ခုနှစ်ကတည်းက စတင်တွဲခုတ်လာကြပြီး အခုဆိုရင် ၂ နှစ်ကျော်ကြာတဲ့ Relationship ကာလကို ရောက်ရှိနေကြပြီဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာသတင်းအကြောင်းကိုလည်း Nick နဲ့ Priyanka တို့ မင်္ဂလာပွဲပြီးနောက်ပိုင်း ပရိသတ်တွေက စတင်ခန့်မှန်းခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကိုလည်း နွေဦးကာလမှာ စတင် ကျင်းပပြုလုပ်မယ်လို့ ပရိသတ်တွေမှ ခန့်မှန်းထားကြပြီး မင်္ဂလာဆောင်မယ့်နေရာကိုတော့ Romantic ဆန်တဲ့ အငွေ့အသက်တွေပေါများတဲ့ ပြင်သစ်မှာ ပြုလုပ်မယ်လို့ ခန့်မှန်းထားကြပါတယ်။
#ST(Soshwe)
#SoshweCelebrities
#SoshweForYourDailyLife
#Like&Share