Breaking News

ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တဲ့ အတုယူဖွယ်ကောင်းသော အမျိုးသမီးများ။

ကမ္ဘာ့သမိုင်းတစ်လျှောက် လူတွေရဲ့ ကောင်းကျိုး၊ နိုင်ငံ့ကောင်းကျိုး အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်ခဲ့တဲ့ ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးတွေ အမြောက်အမြား ရှိကြပါတယ်။ သူတို့ရဲ့ တစ်ထောင့်တစ်နေရာက ကြိုးပမ်းမှုတွေကြောင့်သာ ကျွန်တော်တို့လက်ရှိအခြေအနေကို ရောက်ရှိနေခဲ့ခြင်းဖြစ်ပြီး ကမ္ဘာကြီး ပိုမို တိုးတက်ကောင်းမွန်လာအောင် ပြုလုပ်ပေးနိုင်ခဲ့တဲ့ အတုယူဖွယ်ကောင်းတဲ့ အမျိုးသမီးတွေအကြောင်းကို Soshwe ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

 

၁။ Michelle Obama

အမေရိကန်သမ္မတကတော်ဟောင်း Michelle Obama ကတော့ “ Let’s Move ” ဆိုတဲ့ Campaign ကို နိုင်ငံတစ်ဝှမ်းပြုလုပ်ခဲ့ပြီး အမေရိကန်နိုင်ငံသားတွေကို Motivation ဖြစ်စေခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

 

၂။ Margaret Thatcher

အင်္ဂလန်နိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်သလို သူမရဲ့ ထက်မြက်တဲ့ အတွေးအခေါ်တွေ၊ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ၊ ကြွယ်ဝတဲ့ နိုင်ငံရေးပရိယာယ်တွေကြောင့် “ Iron Lady ” လို့ လူသိများသလို အင်္ဂလန်ဝန်ကြီးချုပ်အဖြစ်လည်း နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

 

၃။ Princess Diana

ဝေလမင်းသမီး Diana မင်းသမီးရဲ့ အများအကျိုးပြုလုပ်ငန်းများ၊ AIDS ရောဂါဝေဒနာ ခံစားနေရတဲ့ ဝေဒနာရှင်တွေကို ကူညီဖေးမမှု စတဲ့ လေးစားအထင်ကြီးဖွယ်ကောင်းတဲ့ စိတ်ဓာတ်ဟာလည်း Diana မင်းသမီးကို လူချစ်လူခင် ပေါများစေခဲ့တာပဲဖြစ်ပါတယ်။

 

၄။ Hillary Clinton

နိုင်ငံရေးသမားတစ်ယောက် ဖြစ်ရုံသာမက လူသားအကျိုးပြုလုပ်ငန်းတွေကိုလည်း အားတက်သရောပြုလုပ်တဲ့ Hillary Clinton ဟာ နိုင်ငံသမ္မတအဖြစ် ပထမဦးဆုံး ဝင်ရောက်ယှဉ်ပြိုင်သော အမျိုးသမီးဖြစ်ပြီး နိုင်ငံတစ်ဝှမ်းက အမျိုးသမီးငယ်လေးတွေကိုလည်း နိုင်ငံရေးနယ်ပယ်မှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့အတွက် စိတ်ဓာတ်ခွန်အားတွေ ပေးစွမ်းနိုင်ခဲ့ပါတယ်။

 

၅။ Mother Teresa

စွန့်လွှတ်အနစ်နာခံမှုရဲ့ မိခင်ကြီးဖြစ်အဖြစ် လူသိများကျော်ကြားသူတစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ ကြင်နာမှုတွေ၊ နူးညံ့တဲ့ စိတ်နှလုံးတွေကြောင့် ကမ္ဘာတစ်ဝှမ်းက အသိအမှတ်ပြုခဲ့ခြင်းဖြစ်ပါတယ်။

 

၆။ Queen Elizabeth II

၁၉၅၃ ခုနှစ်မှ စတင်ပြီးတော့ အင်္ဂလန်နိုင်ငံရဲ့ ဘုရင်မကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Elizabeth ဘုရင်မကြီးကလည်း ပြည်သူတွေရဲ့ ချစ်ခင်လေးစားမှုကို အပြည့်အဝရရှိပြီိး အင်္ဂလန်သမိုင်းတစ်လျှောက် အရှည်ကြာဆုံး အုပ်ချုပ်နိုင်ခဲ့တဲ့ ဘုရင်မလည်း ဖြစ်ပါတယ်။

 

၇။ Oprah Winfrey

Oprah Winfrey ဟာဆိုရင် Billionaire တစ်ယောက်ဖြစ်သလို နိုင်ငံတစ်ဝှမ်း ပရဟိတလုပ်ငန်းအမျိုးမျိုးနဲ့ စိတ်ဓာတ်ခွန်အားပေး ဟောပြောပွဲတွေကို အားတက်သရော ပြုလုပ်နေသူတစ်ယောက် ဖြစ်ပါတယ်။

 

၈။ Helen Keller

စာရေးဆရာ၊ နိုင်ငံ့အကျိုး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သူ၊ စာပေဟောပြောပို့ချသူ တစ်ဦးဖြစ်တဲ့ Helen Keller ဟာ မျက်မမြင်တစ်ယောက်ဖြစ်သလို ဆွံ့အနားမကြားသူတစ်ဦးလည်းဖြစ်ပါတယ်။ သို့သော်လည်း သူမအနေနဲ့ ဘဝကို အရှုံးမပေးဘဲ ဘွဲ့ရတဲ့အထိ ကောလိပ်သို့ တက်ရောက်နိုင်ခဲ့သလို စာပေများကိုလည်း ပြန်လည်ပို့ချပေးနိုင်ခဲ့ပါတယ်။

 

၉။ Cleopatra

ရှေးခေတ် အီဂျစ်ပြည်ကြီးကို ပြန်လည်ထူထောင်ရေးနဲ့ ဖွဲစည်းခဲ့ရာ၌ Cleopatra ရဲ့ လုပ်ဆောင်မှုတွေက အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ခဲ့ပါတယ်။

 

၁၀။ J. K. Rowling

Harry Potter စာအုပ်တွေကို ရေးသားပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ J. K. Rowling တစ်ယောက်ရဲ့ ဘဝဖြတ်သန်းခဲ့ပုံနဲ့ အောင်မြင်မှုရရှိအောင် ဆောင်ရွက်ပုံတွေကလည်း လူတွေကို အတုယူနိုင်လောက်စေပါတယ်။

 

၁၁။ Coco Chanel

သူ့ခေတ်သူ့အခါမှာတော့ အရမ်းအောင်မြင်ကျော်ကြားတဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်သလို ပိုင်ဆိုင်မှုငွေပမာဏဟာလည်း ဒေါ်လာ ၈ ဘီလီယမ် ကျော်ခဲ့ပါတယ်။

 

၁၂။ Malala Yousafzai

ကမ္ဘာ့ အသက်အငယ်ဆုံး နိုဘယ်ဆုရရှိခဲ့သူတစ်ယောက်ဖြစ်သလို လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ လှုပ်ရှားမှုတွေတိုင်းမှာ အကောင်းဆုံး ပါဝင်လှုပ်ရှားခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ အသက် ၁၅ နှစ်အရွယ်တုန်းက တာလီဘန်တွေရဲ့ တိုက်ခိုက်မှုကို ခံရပြီး ကံကောင်းထောက်မစွာနဲ့ လွတ်မြောက်လာကာ အမျိုးသမီးနဲ့ ပညာရေးဆိုတဲ့ ခေါင်းစဉ်နဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

 

၁၃။ Marilyn Monroe

ဟောလီးဝုဒ်မှာ တစ်ချိန်တစ်ခါက အလွန်အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပြီး သူမရဲ့ ထင်ပေါ်မှု၊ ကျော်ကြားမှုနဲ့ အောင်မြင်မှုတွေကြောင့် လူတွေရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။

 

၁၄။ Aung San Suu Kyi

နိုဘယ်ဆုရှင်တစ်ဦးဖြစ်ရုံသာမက မြန်မာနိုင်ငံ ဒီမိုကရေစီအရေးတွင်လည်း အခန်းကဏ္ဍတစ်ခုအဖြစ် အဓိကပါဝင်လှုပ်ရှားခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

<Unicode Version>

 

 

 



 

၁။       Michelle Obama


 

၂။       Margaret Thatcher


 

၃။       Princess Diana


 

၎။       Hillary Clinton


 

၅။       Mother Teresa


 

၆။       Queen Elizabeth II


 

၇။       Oprah Winfrey


 

၈။       Helen Keller


 

၉။       Cleopatra


 

၁၀။     J. K. Rowling


 

၁၁။     Coco Chanel


 

၁၂။     Malala Yousafzai


 

၁၃။     Marilyn Monroe


 

၁၄။     Aung San Suu Kyi


<Zawgyi Version>

 

#ST(Soshwe)

#Soshwelifestyle

#SoshweForYourDailyLife

#Like&Share

About admin

Check Also

သူနာပြုတစ်ဦးရဲ့ကြင်နာမှုကြောင့် အသက်ဆက်ရှင်ခွင့်ရခဲ့တဲ့ ၈ နှစ်အရွယ်ကလေးငယ်။

Wrightstown ပြည်နယ်မှာနေထိုင်တဲ့ James Auten နဲ့ Ruth Auten တို့ရဲ့ အသက် ၈ နှစ်အရွယ်သားလေး Brayden Auten ဟာ ၂၀၂၀ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro