HomeLifeStyleကမ္ဘာ့အသက်အငယ်ဆုံး Billionaire အဖြစ် Forbes Magazine က သတ်မှတ်ခြင်းခံရတဲ့ အမျိုးသမီး။

ကမ္ဘာ့အသက်အငယ်ဆုံး Billionaire အဖြစ် Forbes Magazine က သတ်မှတ်ခြင်းခံရတဲ့ အမျိုးသမီး။

- Advertisement -

Forbes Magazine ရဲ့ သတ်မှတ်ချက်အရ Kylie Jenner ကတော့ အသက်အငယ်ဆုံး Billionaire အမျိုးသမီးဖြစ်သွားပါပြီ။

အရင်က စံချိန်တွေအရ Facebook ကို စတင် တည်ထောင်သူ Mark Zuckerberg မှာ အသက်အငယ်ဆုံး Billionaire ဖြစ်ခဲ့သော်လည်း အခုချိန်မှာတော့ အသက် ၂၁ နှစ်အရွယ်ရှိ Kylie Cosmetic ပိုင်ရှင် Kylie Jenner မှာ အသက်အငယ်ဆုံး Billionaire အဖြစ် စံချိန်သစ် တင်ခဲ့ခြင်းဖြစ်ပါတယ်။

- Advertisement -

Kylie မှာ သူတို့မိသားစုအကြောင်း အဖြစ်မှန်တွေကို ရိုက်ကူးထားတဲ့ “ Keeping Up With Kardashians ” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး နောက်ပိုင်းမှာတော့ ကိုယ်ပိုင် Brand ဖြစ်တဲ့ Kylie Cosmetic ကို တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ “ ကျွန်မအနေနဲ့ အနာဂတ်ကို ကြိုမမြင်နိုင်သလို၊ ဘယ်အရာမှကိုလည်း ကြိုတင်မျှော်လင့်ထားခြင်း မရှိပါဘူး . . . ” ဆိုပြီး Forbes Magazine နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

- Advertisement -

Kylie Cosmetic ဟာ ၂၀၁၈ ခုနှစ်တုန်းက အကြီးအကျယ်အောင်မြင်မှုတွေ ရရှိခဲ့ပြီး ကုမ္ပဏီရဲ့ အမြတ်ငွေတွေဟာလည်း ၁၀ ရာခိုင်နှုန်း (ဒေါ်လာ သန်း ၃၆၀ ကျော်) အထိ  မြင့်တက်လာခဲ့ပါတယ်။ Kylie Cosmetic က ရရှိတဲ့ ဝင်ငွေတွေသာမကပဲ ကြော်ငြာပိုစတာတွေ ရိုက်ကူးခြင်း၊ စီးပွားရေးကြော်ငြာတွေ ရိုက်ကူးခြင်း၊ အစ်မဖြစ်သူ Kendal နဲ့ ပူးပေါင်းပြီး အဝတ်အစား Brand တွေ ဖြန့်ဖြူးခြင်းနဲ့ Adidas နဲ့ ပူးပေါင်းလုပ်ကိုင်ပြီး ရရှိလာတဲ့ ဝင်ငွေတွေကလည်း သူမကို အသက်အငယ်ဆုံး Billionaire ဖြစ်စေတဲ့ အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။

- Advertisement -

စီးပွားရေးဖက်တွင်သာ အောင်မြင်ရုံမက အနုပညာဖက်မှာလည်း  အောင်မြင်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။ (Instagram မှာလည်း Follower ၁၂၈ သန်းကျော်ရှိပါတယ် . . .) ညီမဖြစ်သူရဲ့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့သတင်းကို ကြားပြီးနောက်မှာ အစ်မဖြစ်သူ Kendall Jenner မှ “ Holy Molyyyyy ” ဆိုပြီး Forbes Magazine က ဖော်ပြထားတဲ့ Kylie ရဲ့ပုံကို သူမရဲ့ တွစ်တာစာမျက်နှာမှာတင်ပြီး ဂုတ်ပြုခဲ့ပါတယ်။

 

#ST(soshwe)

#SoshweCelebrity

#SoshweForyourDailyLife

#Like&Share

- Advertisement -

Must Read