Marvel Studio မှ Captain Marvel ကို မိတ်ဆက်ခဲ့တယ်ဆိုတာထက် Brie Larson ကို ပွဲထုတ်ခဲ့တယ်လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ အသက် ၂၉ နှစ်အရွယ် မင်းသမီး Brie Larson မှလည်း သူမအနေနဲ့ Captain Marvel အဖြစ် သရုပ်ဆောင်ရတာ သူမအတွက် အလွန်ခက်ခဲတဲ့အကြောင်းကို People Magazine ကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
Brie Larson မှ “ ကျွန်မအနေနဲ့ Captain Marvel ရိုက်ကူးနေစဉ်အတွင်းမှာ အရမ်းပင်ပန်းခဲ့ပြီး အရမ်းလည်း ငိုချင်မိတယ်။ ဘာလို့လဲဆိုတော့ ဒီရုပ်ရှင်ကို ရိုက်ကူးနေရတာ နှစ်အချို့ကြာခဲ့ပြီး အရမ်းကို ပင်ပန်းခက်ခဲခဲ့တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ် . . . ” ဆိုပြီိး သူမရဲ့ အခက်အခဲတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး သူမကပဲ “ အခုချိန်ထိ ဒီဇာတ်ကားက မထွက်သေးပေမယ့်လည်း Carol (Captain Marvel ဇာတ်ကောင်အမည်) ကတော့ ကျွန်မဘဝကို ပြောင်းလဲပေးခဲ့တာ အမှန်ပဲဖြစ်ပါတယ်။ Carol အဖြစ် သရုပ်ဆောင်ပြီးနောက်မှာတော့ ကျွန်မကိုကျွန်မ ပိုမိုသန်မာလာတယ်၊ ကိုယ့်ကိုကိုယ် ဘယ်လို အကောင်းဆုံး ရပ်တည်ရမလဲ၊ ဘယ်လို ပြုမူနေထိုင်ရမလဲတွေသာမက အသံသြဇာလည်း ပိုကောင်းလာတယ်လို့ ထင်တယ်။ (ရယ်လျက်) . . . ” ဆိုပြီး ဆက်လက်ပြောကြားခဲ့ပါတယ်။ အထက်ပါအချက်တွေကတော့ Brie အနေနဲ့ Captain Marvel ဆီကနေ သင်ယူလေ့လာခဲ့တဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။
#ST(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share