HomeOtherဇနီးနဲ့ သမီးတွေကို သတ်ဖြတ်ခဲ့သူတစ်ယောက်ရဲ့ အဖြစ်မှန်။

ဇနီးနဲ့ သမီးတွေကို သတ်ဖြတ်ခဲ့သူတစ်ယောက်ရဲ့ အဖြစ်မှန်။

- Advertisement -

Chris Watts က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ ဖောက်ပြန်နေတာနဲ့ပတ်သက်ပြီး သူ့ဇနီး Shanann Watts နဲ့ စကားများရာကနေ Chris က Shanann ကို သတ်ခဲ့တာဖြစ်တယ်လို့ Watts မိသားစုရဲ့ရှေ့နေ Steven Lambert က Dr. Phill McGrawရဲ့ show က interview မှာဆိုပါတယ်။ Watts မိသားစုရဲ့ရှေ့နေ Steven Lambert က ကိုယ်ဝန်သည်မိန်းမနဲ့ သူ့ရဲ့သမီးနှစ်ယောက်ကို သတ်လိုက်တဲ့ လူသတ်မှုအကြောင်းကို အသေးစိတ်ပြောပြထားပါသေးတယ်။

PEOPLE မဂ္ဂဇင်းကပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ Watts မိသားစုရဲ့ရှေ့နေ Steven Lambert က Shanann ရဲ့ မိသားစုဝင်တွေရဲ့ မှားယွင်းစွာတရားစွဲဆိုမှုနဲ့ပတ်သက်ပြီး Chris နဲ့ Shanann တို့ဖြစ်ခဲ့တဲ့ ပြဿနာအကြောင်းကို ထပ်ပြောပြပါတယ်။ “သူတို့နှစ်ယောက်ရန်ဖြစ်တဲ့အချိန်မှာ Chris က သူရဲ့လုပ်ဖော်ကိုင်ဖက်နဲ့ ဖောက်ပြန်တဲ့အကြောင်းကိုဝန်ခံခဲ့တဲ့ Shannan နဲ့ကွာရှင်းလိုကြောင်းပြောခဲ့တယ်။ အဲ့ဒီအချိန်မှာ Shannan က ကွာရှင်းမယ်ဆိုရင်တော့ ကလေးတွေကိုဘယ်တော့မှ ထပ်တွေ့ရမှာ မဟုတ်ဘူးလို့ချိန်းခြောက်ခဲ့ပါတယ်။ အဲ့လိုစကားများရာကနေပြီးတော့ Chrisက ဒေါသကိုမထိန်းနိုင်ပဲ Shanann ကို သေတဲ့အထိ လည်ပင်းညှစ်သတ်မိသွားတာဖြစ်ပါတယ်။ သမီးအကြီးမလေးက ဒီအဖြစ်အပျက်ကိုမြင်ပြီး ‘ဖေဖေ… မေမေ့ကိုဘာလုပ်နေတာလဲ’လို့မေးခဲ့တာပါ။ အဲ့ဒီနောက်မှာ Chris က သူ့သမီးလေးနှစ်ယောက်ကိုပါ သတ်ခဲ့မိတာပါ။ သူတို့ရဲ့ခန္ဓာကိုယ်တွေကို ဆောက်လုပ်ရေးနေရာတစ်ခုမှာ သွားပစ်ထားခဲ့ပြီး ရဲတွေက နောက်သုံးရက်အကြာမှာ တွေ့ရှိသွားတာပါ” လို့ Watts မိသားစုရဲ့ရှေ့နေ Steven Lambert က ပြောပြခဲ့ပါတယ်။

- Advertisement -

နိုဝင်ဘာလမှာတော့ Chris Watts က သုံးလောင်းပြိုင်လူသတ်မှုနဲ့ပတ်သက်ပြီး ဝန်ခံခဲ့တာဖြစ်လို့ သူဟာ အခုဆိုရင် အကျဉ်းချခံထားရတာပဲဖြစ်ပါတယ်။ ဥပဒေအမှုဆောင်တွေကတော့ သူဟာ ဇနီးအသစ်နဲ့ ဘဝအသစ်တစ်ခုကို စတင်ဖို့အတွက် စိတ်ဆန္ဒပြင်းပြနေခြင်းက ဒီလူသတ်မှုကို ကျူးလွန်ဖို့အတွက် အကြောင်းအရင်းခံတစ်ခုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ Chris Watts က စုံစမ်းစစ်ဆေးသူတွေကို ဒီလူသတ်မှုနဲ့ဆိုင်တဲ့ အချက်အလက်တွေကို အကုန်ပြောပြခဲ့ပေမယ့် တာဝန်ရှိသူတွေကတော့ ဒီအမှုနဲ့ပတ်သက်ပြီး လူထုကိုဘာမှထပ်ပြီးမပြောပြတော့ပါဘူး။

- Advertisement -

 

- Advertisement -

#SY(Soshwe)

#SoshweNews

#SoshweForYourDailtLife

#Like&Share

 

- Advertisement -

Must Read