Breaking News

တောထဲမှာ၄၄နာရီအကြာလမ်းပျောက်နေတဲ့ ကလေးမလေးနှစ်ယောက်ရဲ့အဖြစ်။

ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းမှာ နေထိုင်တဲ့ အသက် ၈နှစ်အရွယ် Leia Carrico နဲ့ ၅နှစ်အရွယ် Caroline ဆိုသူ ကလေးမလေးနှစ်ယောက်ဟာ တောထဲမှာလမ်းလျှောက်ထွက်ရင်း လမ်းပျောက်သွားတာပဲဖြစ်ပါတယ်။ သူတို့ရဲ့ အမေဖြစ်သူက သူတို့နှစ်ယောက်ကို အပြင်ကိုပေးမထွက်ပေမယ့်လည်း မိဘတွေအလစ်မှာ နှစ်ယောက်သားဟာ စားစရာမုန့်အချို့ကို ယူသွားပြီး သောကြာနေ့ညနေပိုင်းလောက်မှာ လမ်းလျှောက်ထွက်ခဲ့ကြတာပဲဖြစ်ပါတယ်။

အမေရိကန်ကယ်ဆယ်ရေးတပ်ဖွဲ့က ရဟတ်ယာဉ်တွေအသုံးပြုပြီး သဲလွန်စရှာပေးတတ်တဲ့ ခွေးလေးတွေကို အသုံးပြုကာ ၄၄နာရီအကြာ ပိုက်ဆက်တိုက်ရှာဖွေခဲ့ပါတယ်။ ကလေးမလေးနှစ်ယောက်ဟာ တောထဲကိုလမ်းလျှောက်ထွက်နေတုန်း သူတို့ရဲ့ မုန့်လေးတွေကို ထုတ်စားခဲ့ပုံရပါတယ်။ ဒါကြောင့်လည်း ကယ်ဆယ်ရေးအဖွဲ့က သူတို့ပစ်ချခဲ့တဲ့ မုန့်အခွံလေးတွေနဲ့ သူတို့ရဲ့ဖိနပ်ရာတွေကို ခြေရာခံပြီး ရှာဖွေခဲ့ရာကနေ နှစ်ဦးလုံးကို အသက်ရှင်လျက်ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ အမေရိကန်သတင်းဌာနရဲ့ သတင်းပို့ချက်အရ သူတို့နှစ်ဦးဟာ သမင်တွေရဲ့ခြေရာတွေကိုကြည့်ပြီး လမ်းလျှောက်နေရာကနေ လမ်းပျောက်သွားတာပဲဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒါကြောင့် ညီအမနှစ်ယောက်ဟာ သစ်ရွက်လေးတွေကနေ ရေကြည်ရေသန့်လေးရနိုင်တဲ့ နေရာတစ်ခုမှာ ပုန်းခိုနေလိုက်ကြပါတယ်။

ပရဟိတအဖွဲ့အစည်းတစ်ခုက မီးသတ်သမားတွေဟာ ကလေးမလေးနှစ်ယောက်ကို သူတို့အိမ်နဲ့ တစ်မိုင်ကျော်ကျော်လောက်ဝေးတဲ့ နေရာမှာတွေ့ခဲ့တာဖြစ်တယ်လို့ Humboldt ဒေသရဲ့ ရဲမှူး William Honsal ကပြောပါတယ်။ Mr. Honsal က “ဒါဟာတကယ်ကို ထူးခြားပါတယ်။ ဒီတောကြီးဟာ တကယ်ကို လမ်းကြမ်းတဲ့နေရာတစ်ခုပါ။ ဒီလောက်အသက်ငယ်ငယ်ကလေးလေးတွေက ၄၄နာရီလုံး အသက်ရှင်လျက်ရှိနေတယ်ဆိုတာ တကယ်ကို အံ့သြစရာကောင်းပါတယ်ဗျာ။” လို့ဆိုခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့က ကလေးမလေးနှစ်ယောက်ကို တွေ့ရှိသွားတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်လုံးကို အနွေးထည်တွေကိုဝတ်စေပြီး အစားအသောက်တွေ ဝေမျှခဲ့ပါတယ်။ သူတို့မိဘတွေရဲ့ ပြောကြားချက်အရတော့ Sacramento ရဲ့အနောက်တောင်ဘက် မိုင်၂၀၀အကွာအဝေးလောက်မှာရှိတဲ့ Benbow ဆိုတဲ့ ဒေသသေးသေးလေးမှာ နေထိုင်တဲ့ ဒီကလေးလေးတွေဟာ လူငယ်တွေကို ဖွံ့ဖြိုးတိုးတက်စေဖို့ဖွဲ့စည်းထားတဲ့ ကလပ်တစ်ခုကနေ အခက်အခဲတွေရင်ဆိုင်လာရရင် အသက်ရှင်နေထိုင်ရမယ့် နည်းလမ်းတွေကို သင်ယူထားတဲ့အတွက် အခုလို တောထဲကိုရောက်ပြီး အစာရေစာမရရှိနိုင်တဲ့ အခြေအနေမှာတောင် အသက်ရှင်နေနိုင်တာပဲဖြစ်ပါတယ်။ Mr Honsal က “လွန်ခဲ့တဲ့၄၈နာရီလုံးကျွန်တော်တို့ လုံးဝကိုအိပ်လို့မရခဲ့ဘူးဗျာ။ အကောင်းဘက်ကနေကြည့်ရင်တော့ ဒါဟာ တကယ်ကို အံ့သြစရာကောင်းတဲ့ ဖြစ်ရပ်လေးလို့ပဲဆိုရမှာပေါ့။ ဒီကလေးမလေးတွေကတော့  သူတို့ရဲ့အသက်ရှင်နေထိုင်ခဲ့ရတဲ့အကြောင်းကို ပြောပြဖို့အတွက် အဆင်သင့်ဖြစ်နေလောက်ပြီ” လို့ဆိုပါတယ်။

 

#SY(1209Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

About Kyaw Naing Oo

Check Also

ဟင်းချက်ဆီကနေ လေယာဉ်လောင်စာဆီထုတ်ပေးနေတဲ့ ကုမ္ပဏီကြီးတစ်ခု။

အမေရိကန်နိုင်ငံ တက္ကဆက်မြောက်ပိုင်းက Dellas Fort Worth နိုင်ငံတကာလေဆိပ်ဟာ စားသောက်ဆိုင်တွေက အကြော်ဆီကို သန့်စင်ပြီး ဂျက်လောင်စာဆီအဖြစ် ပြောင်းလဲဖို့ ကြိုးစားတဲ့ ကမ္ဘာ့ပထမဆုံး အထင်ကရလေဆိပ်တစ်ခုလည်း ဖြစ်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro