HomeOtherKiller Mountain ပေါ်တက်သွားတဲ့ ဗြိတိန်တောင်တက်သမား Tom Ballard ရဲ့ အဖြစ်။

Killer Mountain ပေါ်တက်သွားတဲ့ ဗြိတိန်တောင်တက်သမား Tom Ballard ရဲ့ အဖြစ်။

- Advertisement -

စစ်တပ်ကယ်ဆယ်ရေးလေယာဉ်တွေဟာလည်း လူအများကခေါ်ကြတဲ့ “Killer Mountain” ဆိုတဲ့ Pakistan က Nanga Parbat တောင်ပေါ်ကိုတက်သွားတဲ့ အသက်၃၀အရွယ် ဗြိတိန်တောင်တက်သမား Tom Ballard နဲ့ အီတလီလူမျိုး တာင်တက်သမား Daniele Nardi တို့နှစ်ယောက်ကို ပိုက်စိပ်တိုက်ရှာဖွေနေပေမယ့်လည်း သူတို့နှစ်ယောက်ရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရသေးပါဘူး။ သူတို့နှစ်ဦးဟာ ထိုတောင်ပေါ်ကို စတက်တဲ့နေ့ကတည်းကစပြီး သူတို့ဘယ်နေရာကိုရောက်ရှိနေပြီ၊ ရာသီဥတုအခြေအနေကဘယ်လိုရှိကြောင်း စသဖြင့် အခြေအနေအဖြစ်အပျက်များကို သူတို့ရဲ့ အင်စတာဂရမ်အကောင့်မှာ ပုံမှန်တင်နေတာဖြစ်ပေမယ့် လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ အဆက်အသွယ်ပြတ်သွားတာဖြစ်ပါတယ်။

ဗြိတိန်တောင်တက်သမား Tom Ballard ဟာ တောင်တက်သမား Alison Hargreaves ရဲ့သားပဲဖြစ်ပါတယ်။ Alison ဟာ ဧဝရတ်တောင်ထိပ်ကို ပထမဦးဆုံးရောက်ရှိခဲ့တဲ့ အမျိုးသမီးအဖြစ်ပြီး K2 တောင်ထိပ်ကို တက်နေတဲ့လမ်းမှာပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ စစ်တပ်ကယ်ဆယ်ရေးအဖွဲ့ဟာလည်း ဆရာဝန်တစ်ယောက်အပါအဝင် စုစုပေါင်း ကယ်ဆယ်ရေးအဖွဲ့ဝင်လေးယောက်နဲ့ သူတို့နှစ်ယောက်ကို ရှာဖွေနေခဲ့တာပဲဖြစ်ပါတယ်။

Pakistan Alpine Club ရဲ့ အတွင်းရေးမှူး Mr Haidri က “ဒီလိုဆိုးရွားတဲ့ရာသီဥတုအခြေအနေမှာ အသက်ရှင်သန်ဖို့က အင်မတန်ကိုခက်ခဲတာပါ။ ဒီလိုဆောင်းရာသီမှာတောင်တက်တဲ့ တောင်တက်သမားတွေ အတွက်ကတော့ ကြီးမားတဲ့ စွန့်စားခန်းပါပဲဗျာ။ ကယ်ဆယ်ရေးအဖွဲ့တွေက ဒီကြမ်းတမ်းဆိုးရွားတဲ့ ရာသီဥတုအခြေအနေကြားကနေမှ Drone ကို အသုံးပြုပြီး သူတို့ကိုဆက်လက်ရှာဖွေနေပေမယ့်လည်း ခုချိန်ထိအရိပ်အယောင်တောင်မတွေ့ရသေးပါဘူး။ ရာသီဥတုအခြေအနေပြန်ကောင်းလာရင်တော့သူတို့နှစ်ဦးကို ပြန်လည်ရှာတွေ့ဖို့အတွက် မျှော်လင့်ချက်ရှိလာနိုင်ပါသေးတယ်” လို့ဆိုခဲ့ပါတယ်။

- Advertisement -

သူတို့နှစ်ဦးရဲ့သူငယ်ချင်းတွေက သူတို့နှစ်ဦးကိုကယ်ဆယ်ဖို့အတွက် အလှူငွေကောက်ခံလိုက်တာ ယူရို ၁သိန်းကျော်လောက် ရရှိလာပါတယ်။ Nanga Parbat တောင်ဟာ ကမ္ဘာအမြင့်ဆုံးတောင်တွေထဲမှာ ၉ခုမြောက်ဖြစ်ပြီး ၈၁၂၆မီတာမြင့်ပါတယ်။ ထိုတောင်ပေါ်တက်ရင်း သေဆုံးသွားတဲ့ တောင်တက်သမားအရေအတွက်ဟာလည်း အလွန်များပြားတာကြောင့် ထိုတောင်ကို “Killer Mountain” လို့ ခေါ်ကြတာပဲဖြစ်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ထဲက တစ်ယောက်ဖြစ်တဲ့ Ali Sadpara ဆိုသူက စတင်ရှာဖွေခဲ့တဲ့ ရက်အနည်းငယ်အကြာမှာ နှင်းတွေဖုံးနေတဲ့ရွက်ဖျင်တဲတစ်ခုကိုတွေ့ခဲ့တယ်လို့ ဆိုပါတယ်။

- Advertisement -

 

#SY(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

17 − fourteen =

Must Read

အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။

ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...