Breaking News

၁၁နှစ်အရွယ်ကောင်မလေး ရက်စက်စွာ အသတ်ခံရ။

အသက် ၁၁နှစ်အရွယ် Amberly Barnett ဆိုသူ ကောင်မလေးရဲ့အလောင်းကို Alabama ပြည်နယ် Collinsville မြို့က သူမအဒေါ်ရဲ့ ခြံအနောက်ဘက်မှာရှိတဲ့ ကိုက်၂၀၀ကျော် ကျယ်ဝန်းတဲ့တောကြီးထဲမှာ ရှာတွေ့ခဲ့တာပဲဖြစ်ပါတယ်။ အသက် ၃၃နှစ်အရွယ် Christopher Madison ဆိုသူကို ကလေးမလေးအား သတ်လိုက်တဲ့ လူသတ်သမားအဖြစ် တရားစွဲဆိုထားပြီး ဘာညှိနှိုင်းမှုမှ မရဘဲ အကျဉ်းချ ခံထားရတာဖြစ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး တာဝန်ကျတဲ့ အာဏာပိုင်တွေက ကလေးမလေးဟာ လည်ပင်းညှစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဆိုခဲ့ပါတယ်။

Amberly ပျောက်နေတာကို သိသိချင်းပဲ သူမရဲ့အဒေါ်က အကြောင်းကြားခဲ့တာဖြစ်ပြီး ရဲတွေကလည်း DeKalb ဒေသတစ်လျှောက် ပိုက်စိပ်တိုက်ရှာဖွေခဲ့ကြပါတယ်။ Amberly အန်တီအိမ်နားက အိမ်နီးနားချင်းတွေက Amberly ပျောက်သွားတဲ့အချိန်မှာ အမဲရောင် SUV ကားကို အိမ်အပြင်ဖက်မှာ တွေ့လိုက်တယ်လို့ဆိုကြပါတယ်။

ဒီလူသတ်မှုကိုကျူးလွန်ခဲ့တဲ့ လူသတ်သမား Madison ကိုယ်တိုင် တရားခွင်ကိုဝင်ရောက်မှာလား၊ ဒါမှမဟုတ် သူငှားထားတဲ့ရှေ့နေကပဲ သူ့အစားတရားခွင်ကို တက်ရောက်မှာလားဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။ DeKalb ဒေသရဲ့အရာရှိကြီး Nick Walden ကတော့ သတင်းထောက်တွေကို ဒီအမှုအကြောင်းပြောပြခဲ့ပေမယ့် စုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်ပြီးတော့ အချက်အလက်အနည်းငယ်ကိုသာ ပြောပြထားပါတယ်။ “အပြစ်ကင်းမဲ့တဲ့ ကလေးလေးတစ်ယောက် အသတ်ခံလိုက်ရတဲ့အမှုမှန် ပေါ်ပေါက်ဖို့အတွက် ကျွန်တော်တို့ဖက်က အချက်အလက်တွေ အကုန်လုံးသိရသည်အထိ ကြိုးစားအဖြေရှာသွားမှာပါ။ ဒီအလုပ်ကိုကျွန်တော်တို့ တာဝန်ယူထားတဲ့အချိန်မှာ ဒီလိုဝမ်းနည်းစရာအဖြစ်အပျက်မျိုး ကြုံတွေ့ရတဲ့ အတွက် ကျွန်တော်တို့အားလုံး တကယ်ကိုဝမ်းနည်းကြေကွဲရတယ်” လို့ Mr Walden က သတင်းထောက်တွေကိုပြောပြခဲ့ပါတယ်။

 

#SY(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

About admin

Check Also

လကမ္ဘာနဲ့မားစ်ဂြိုဟ်သို့ သွားရောက်ရန်ပြင်ဆင်နေသည့် နိုင်ငံ (၇) နိုင်ငံ။

ကမ္ဘာကြီးရဲ့ အပြင်ဘက်အာကာသထဲက တခြားဂြိုဟ်မှာ သွားရောက်နေထိုင်ဖို့ဆိုတဲ့အကြောင်းကို ကမ္ဘာသူ၊ ကမ္ဘာသားတွေ စိတ်ကူးယဉ်လာခဲ့တာ အတော်ကြာပါပြီ။ ဒီအတွက်လည်း လိုအပ်တဲ့ဆန်းစစ်မှုတွေကို ဆောင်ရွက်နေကြဆဲဖြစ်ပြီး နာဆာကတော့ ၎င်းတို့ရဲ့ရည်မှန်းချက်အတိုင်း ရှာဖွေလေ့လာမှုတွေ ပြုလုပ်နေကြဆဲပါ။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro