HomeEntertainmentဇနီးဟောင်း Jennifer Garner ကို ချီးမွမ်းခန်းဖွင့်ခဲ့တဲ့ Batman မင်းသားကြီး Ben Affleck

ဇနီးဟောင်း Jennifer Garner ကို ချီးမွမ်းခန်းဖွင့်ခဲ့တဲ့ Batman မင်းသားကြီး Ben Affleck

- Advertisement -

Today ရုပ်သံအစီအစဉ်က ထွက်ရှိလာမယ့် Triple Frontier ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ခေါင်းဆောင်မင်းသားတွေကို အင်တာဗျူးပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီအင်တာဗျူးမှာ Ben Affleck က သူဟာ ယခုလက်ရှိမှာ အရက်စွဲနေကြောင်းကို ဖွင့်ဟ ဝန်ခံခဲ့ပါတယ်။ Ben က “အရင်တုန်းက ကျွန်တော့်မှာ ပြဿနာတစ်ခုရှိတယ်ဗျ။ အရက်စွဲနေတာလေ။ ဒါကိုကျွန်တော်ကြိုးစားပြီး ဖြတ်ခဲ့ရတယ်။ ကျွန်တော်တို့ ဘဝမှာ ဒုက္ခတွေ၊ အခက်အခဲတွေ အများကြီးရင်ဆိုင်ရတဲ့အခါကျရင် ကျွန်တော်တို့ကိုယ်တိုင်သာမကပဲ ကျွန်တော်တို့ဘဝတစ်ခုလုံး ကျွန်တော်တို့ မိသားစုတွေကပါ ဒီဝေဒနာတွေကို ခံစားလာရတာ။” ဆိုပြီး သူတို့ကို အင်တာဗျူးနေတဲ့ သတင်းစာဆရာမ Hoda Kotb ကို ပေါ့ပေါ့ပါးပါးပဲ ပြောပြခဲ့ပါတယ်။

အသက် ၄၆ နှစ်အရွယ် သရုပ်ဆောင်ခန့်ချောကြီး Ben Affleck ဟာ အသက်၇နှစ်အရွယ် Samuel Garner Seraphina၊ အသက်၁၀နှစ်အရွယ် Rose Elizabeth နှင့် အသက်၁၃နှစ်အရွယ် Violet Anne တို့ရဲ့ ဖခင်ဖြစ်ပြီး  အသက်၄၆နှစ်အရွယ် Jennifer Garner ရဲ့ ခင်ပွန်းဟောင်းလည်းဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ သုံးနှစ်အကြာမှာ တရာဝင်ကွာရှင်းခဲ့ပြီး သူတို့ရဲ့ ဆက်ဆံရေးဟာလည်း ဆုံးခန်းတိုင်သွားခဲ့ပါတယ်။ Ms.Kotb ရဲ့ အဖေတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို ဘယ်လိုမြင်လဲဆိုတဲ့ မေးခွန်းကို Ben က “ကလေးတွေက ကျွန်တော့်ကို အဖေကောင်းတစ်ယောက်လို့ မြင်ဖို့အတွက် ကျွန်တော်တကယ်ကိုကြိုးစားထားရတာပါဗျာ။ ဒါပေမယ့် ကလေးတွေရဲ့မေမေ ကျွန်တော့်ဇနီးဟောင်း Jennifer က တကယ်ကိုတော်တဲ့ အမေတစ်ယောက်ပါ။ ကလေးတွေကို သွန်သင်ဆုံးမတဲ့နေရာမှာ ဘယ်လိုမျိုးနည်းလမ်းတွေကို အသုံးပြုပြီး အကောင်းဆုံး သွန်သင်ဆုံးမသင့်တယ်ဆိုတာတွေကို ကျွန်တော့်ကို အမြဲတမ်းစဉ်းစားပေးတတ်တဲ့ အမေကောင်းပါ။ ကျွန်တော်သိတာက အဖေတွေဟာလည်း အမေတွေလိုပဲ ကလေးတွေကို ဂရုစိုက်ရမယ်။ သူတို့ ကိုယ့်ကို လိုအပ်နေချိန်တိုင်း ရှိနေပေးရမယ်။ ကျွန်တော့်ဘဝရဲ့ အရေးအကြီးဆုံးအရာက ကျွန်တော်နှစ်သက်တာကို လုပ်မယ်။ ကျွန်တော့်ကို ပျော်ရွှင်စေမယ့်အရာတွေကိုလုပ်မယ်။ ကျန်တာတွေက နောက်မှလိုက်တာမျိုးပေါ့။” လို့ ဖြေကြားခဲ့ပါတယ်။

- Advertisement -

Ben က သူအရက်ဖြတ်နေစဉ်အတွင်းမှာ သူ့ရဲ့ အင်စတာဂရမ် အကောင့်ကနေပြီး “ကျွန်တော် ခံစားနေရတာတွေကို မျှဝေခွင့်ရလို့ ကျွန်တော်ပိုပြီး ခွန်အားရှိလာခဲ့တာပါ။ ဒီစွဲလန်းမှုကို ဖြတ်တောက်ရတာက ဘဝကြီးနဲ့ကို ချီပြီး ခက်ခဲလွန်းလှပါတယ်။ ကျွန်တော် ဒီလိုကြိုးစားနေတာက ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက်ပါ” လို့ ရေးကာ သူ့ရဲ့ပရိသတ်တွေကိုပြောပြခဲ့ပါတယ်။ သူအဲ့လိုပြောပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာတော့ Ben နဲ့ Jennifer ဟာ တရားဝင်ကွာရှင်းခဲ့တာပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးနဲ့ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းကတော့ “Ben နဲ့ Jen တို့ဟာ ကွာရှင်းပြီးတဲ့နောက်မှာ အခက်အခဲကိုယ်စီရှိကြပေမယ့် သူတို့ ကလေးတွေကို အတူတူပျိုးထောင်ဖို့အတွက် မိသားစုတွေလို ရုပ်ရှင်တူတူကြည့်တာတို့၊ အစားအသောက်ကို အတူတူချက်ပြုတ်ပြီး စားသောက်ကြတာတို့၊ ဘုရားကျောင်းအတူတူတက်တာတို့ လုပ်တုန်းပါပဲ” လို့ People မဂ္ဂဇင်းကိုပြောပြခဲ့ပါတယ်။

- Advertisement -

 

- Advertisement -

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

Must Read