HomeEntertainmentMiley Cyrus ရဲ့ ပထမဦးဆုံး အနမ်းပိုင်ရှင် ဘယ်သူဖြစ်မလဲ ? ? ?

Miley Cyrus ရဲ့ ပထမဦးဆုံး အနမ်းပိုင်ရှင် ဘယ်သူဖြစ်မလဲ ? ? ?

- Advertisement -

Liam Hemsworth နဲ့ လက်ထပ်ထိမ်းမြားထားတဲ့ အသက် ၂၆နှစ်အရွယ် Miley Cyrusက သူမရဲ့ပထဦးဆုံးအနမ်းပိုင်ရှင်ဟာ အလယ်တန်းကျောင်းတုန်းက မိန်းကလေးသူငယ်ချင်းတစ်ယောက်ဖြစ်ကြောင်း What’s the Tea with Michelle Visage အစီအစဉ်က အင်တာဗျူးမှာ ဖွင့်ဟဝန်ခံခဲ့ပါတယ်။ ဒီအကြောင်းကိုကြားရတဲ့အချိန်မှာ လူတွေက နားလည်ရခက်သွားပါတယ်။ ဘာလို့လည်းဆိုတော့ သူမက ဆန့်ကျင်ဘက်လိင်တစ်ယောက်နဲ့ လက်ထပ်ထားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ “LGBTအဖွဲ့အစည်းထဲမှာ ပါဝင်တဲ့သူတွေဟာ သူတို့ရဲ့လိင်ပိုင်းဆိုင်ရာစိတ်ဝင်စားမှုကို ဖော်ပြတာထက် သူ့တို့ရဲ့ပင်ကိုယ်ဖြစ်တည်မှုကို လေးစားအသိအမှတ်ပြုကြတာမျိုးပါ။ ဒါက ကိုယ်ချစ်တဲ့လူကိုချစ်တာမျိုးမဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကို ချစ်တာ၊ လေးစားတာမျိုး ဖြစ်တယ်။ ကျွန်မက လိင်တူချစ်ကြိုက်တဲ့ သူငယ်ချင်းတွေကိုလည်း အမြဲတမ်းထောက်ခံအားပေးတယ်” လို့လည်း သူမကပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ကျင်းပပြုလုပ်ခဲ့တဲ့ RuPaul ရဲ့ Drug Race အစီအစဉ်မှာ ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ပေးခဲ့တဲ့ Miley Cyrusက “ကျွန်မက ဘာသာတရားကိုင်းရှိုင်းတဲ့ မိသားစုကနေကြီးပြင်းလာတာပါ။ ကျွန်မရဲ့လိင်ပိုင်းဆိုင်ရာစိတ်ဝင်စားမှုကို ၆တန်းအရွယ်လောက်ကတည်းက သိရှိသတိထားမိလာတာပေါ့။ ထိုစဉ်ကတော့ ကျွန်မရဲ့မိဘတွေကလည်း ဒီအရာကို နားမလည်ပေးနိုင်ခဲ့ဘူး။ ကျွန်မဘဝတစ်လျှောက်လုံး ကျွန်မ “လိင်တူလိင်ကွဲနှစ်မျိုးလုံးကို စိတ်ဝင်စားတဲ့ နှစ်ဖက်ချွန်” ဆိုတဲ့ စကားလုံးကို အရမ်းမုန်းတာ။ ဘာလို့လည်းဆိုတော့ လူတစ်ယောက်ကို မိန်းကလေးဖြစ်နေမှ ယောက်ျားလေးဖြစ်နေမှ ချစ်ရမယ်လို့ ဘောင်ခတ်ထားလိုက်သလိုပဲ။ ဆန်ကျင်ဘက်လိင်နဲ့ လက်ထပ်ထိမ်းမြားတာဟာ သဘာဝကျတယ်ဆိုတဲ့ လူတွေရဲ့ လက်ထပ်ထိမ်းမြားကြတဲ့ အကြောင်းအရင်းက ခေတ်နောက်ကျကျန်ခဲ့ပြီ။ ကျွန်မလို လိင်တူချစ်ကြိုက်တတ်တဲ့ မိန်းမတစ်ယောက်က ဆန့်ကျင်ဘက်လိင်နဲ့ လက်ထပ်တာကိုပဲကြည့်ပါလား။ ဒါဟာခေတ်သစ်ပါ။ အရာအားလုံးပြောင်းလဲကုန်ပြီ။ ကျွန်မတို့ လူတစ်ယောက်ကို ချစ်ကြိုက်နှစ်သက်တဲ့အခါမှာ အဲ့ဒီလူရဲ့ လိင်ကွဲပြားမှုတွေ၊ သူ့ရဲ့ပုံပန်းသဏ္ဍန်တွေနဲ့ ဘာမှမသက်ဆိုင်ပါဘူး။ သူရဲ့ စိတ်ဝိညာဉ်ကို ချစ်တာမျိုးပါ။ ဒီဘက် မျိုးဆက်သစ်လူငယ်တွေရဲ့ ချစ်ကြိုက်ပြီးရည်းစားဖြစ်တာနဲ့ လက်ထပ်ထိမ်းမြားပြီး အိမ်ထောင်ဖက်ဖြစ်လာတာတွေမှာ ယောက်ျားမိန်းမကွဲပြားတာတို့၊ လိင်ပိုင်းဆိုင်ရာစိတ်ဝင်စားမှုတို့က အနည်းအကျဉ်းပဲ ဆက်နွယ်နေတာပါ။ မင်္ဂလာဆောင်မှာ မင်္ဂလာဝတ်စုံဝတ်တာတို့၊ ကျွန်မရဲ့ဆံပင်ကိုဖြောင့်လိုက်တာတို့က ကျွန်မကို ကြည့်နေသူတွေရဲ့အမြင်မှာ အမြင်သင့်တော်နေစေဖို့အတွက်မဟုတ်ဘူး။ ကျွန်မ စိတ်ထဲပေါ်လာတာကို ကျွန်မဖြစ်ချင်တာကို လုပ်လိုက်တာမျိုးပါ။” လို့ ပြောပြခဲ့ပါသေးတယ်။

- Advertisement -

ထပ်ပြီးတော့ Miley Cyrus က “ကျွန်မနဲ့ Liam ရဲ့ ချစ်သံယောဇဉ်လေးဟာ ကျွန်မအတွက် အရမ်းကို အဖိုးတန်လွန်းပါတယ်။ ကျွန်မသူ့နဲ့ အတူတူရှိနေရရင်ပဲ ကျွန်မ နေရာမှန်၊ လမ်းမှန်မှာရှိနေတယ်လို့ ခံစားနေရတယ်။ သူ့ရဲ့ရင်ခွင်က ကျွန်မအတွက် နွေးထွေးတဲ့အိမ်ကလေးလိုပါပဲ။ ဒါပေမဲ့ ကျွန်မ Liam နဲ့ လက်ထပ်ထိမ်းမြားလိုက်တာက ကျွန်မရဲ့ပင်ကိုယ်ဖြစ်တည်မှုကို မပျောက်ကွယ်သွားစေနိုင်ပါဘူး” လို့ဆိုခဲ့ပါတယ်။
<Unicode Version>

- Advertisement -

 

- Advertisement -

 

Miley Cyrus ရဲ႕ ပထမဦးဆုံး အနမ္းပိုင္ရွင္ ဘယ္သူျဖစ္မလဲ ? ? ?

Liam Hemsworth နဲ႔ လက္ထပ္ထိမ္းျမားထားတဲ့ အသက္ ၂၆ႏွစ္အရြယ္ Miley Cyrusက သူမရဲ႕ပထဦးဆံုးအနမ္းပိုင္ရွင္ဟာ အလယ္တန္းေက်ာင္းတုန္းက မိန္းကေလးသူငယ္ခ်င္းတစ္ေယာက္ျဖစ္ေၾကာင္း What’s the Tea with Michelle Visage အစီအစဥ္က အင္တာဗ်ဴးမွာ ဖြင့္ဟဝန္ခံခ့ဲပါတယ္။ ဒီအေၾကာင္းကိုၾကားရတဲ့အခ်ိန္မွာ လူေတြက နားလည္ရခက္သြားပါတယ္။ ဘာလို႔လည္းဆိုေတာ့ သူမက ဆန္႔က်င္ဘက္လိင္တစ္ေယာက္နဲ႔ လက္ထပ္ထားတဲ့အတြက္ေၾကာင့္ပဲျဖစ္ပါတယ္။ “LGBTအဖြဲ႔အစည္းထဲမွာ ပါဝင္တဲ့သူေတြဟာ သူတို႔ရဲ႕လိင္ပိုင္းဆိုင္ရာစိတ္ဝင္စားမႈကို ေဖာ္ျပတာထက္ သူ႔တို႔ရဲ႕ပင္ကိုယ္ျဖစ္တည္မႈကို ေလးစားအသိအမွတ္ျပဳၾကတာမ်ိဳးပါ။ ဒါက ကိုယ္ခ်စ္တဲ့လူကိုခ်စ္တာမ်ိဳးမဟုတ္ဘဲ၊ ကိုယ့္ကိုယ္ကို ခ်စ္တာ၊ ေလးစားတာမ်ိဳး ျဖစ္တယ္။ ကၽြန္မက လိင္တူခ်စ္ႀကိဳက္တဲ့ သူငယ္ခ်င္းေတြကိုလည္း အၿမဲတမ္းေထာက္ခံအားေပးတယ္” လို႔လည္း သူမကေျပာျပခဲ့ပါတယ္။

ၿပီးခဲ့တ့ဲ ရက္သတၱပတ္က က်င္းပျပဳလုပ္ခဲ့တဲ့ RuPaul ရဲ႕ Drug Race အစီအစဥ္မွာ ဒိုင္အျဖစ္ ပါဝင္ေဆာင္ရြက္ေပးခဲ့တဲ့ Miley Cyrusက “ကၽြန္မက ဘာသာတရားကိုင္းရႈိင္းတဲ့ မိသားစုကေနႀကီးျပင္းလာတာပါ။ ကၽြန္မရဲ႕လိင္ပိုင္းဆိုင္ရာစိတ္ဝင္စားမႈကို ၆တန္းအရြယ္ေလာက္ကတည္းက သိရွိသတိထားမိလာတာေပါ့။ ထိုစဥ္ကေတာ့ ကၽြန္မရဲ႕မိဘေတြကလည္း ဒီအရာကို နားမလည္ေပးႏိုင္ခဲ့ဘူး။ ကၽြန္မဘဝတစ္ေလွ်ာက္လံုး ကၽြန္မ “လိင္တူလိင္ကြဲႏွစ္မ်ိဳးလံုးကို စိတ္ဝင္စားတဲ့ ႏွစ္ဖက္ခၽြန္” ဆိုတဲ့ စကားလံုးကို အရမ္းမုန္းတာ။ ဘာလို႔လည္းဆိုေတာ့ လူတစ္ေယာက္ကို မိန္းကေလးျဖစ္ေနမွ ေယာက္်ားေလးျဖစ္ေနမွ ခ်စ္ရမယ္လို႔ ေဘာင္ခတ္ထားလိုက္သလိုပဲ။ ဆန္က်င္ဘက္လိင္နဲ႔ လက္ထပ္ထိမ္းျမားတာဟာ သဘာဝက်တယ္ဆိုတဲ့ လူေတြရဲ႕ လက္ထပ္ထိမ္းျမားၾကတဲ့ အေၾကာင္းအရင္းက ေခတ္ေနာက္က်က်န္ခဲ့ၿပီ။ ကၽြန္မလို လိင္တူခ်စ္ႀကိဳက္တတ္တဲ့ မိန္းမတစ္ေယာက္က ဆန္႔က်င္ဘက္လိင္နဲ႔ လက္ထပ္တာကိုပဲၾကည့္ပါလား။ ဒါဟာေခတ္သစ္ပါ။ အရာအားလုံးေျပာင္းလဲကုန္ၿပီ။ ကၽြန္မတို႔ လူတစ္ေယာက္ကို ခ်စ္ႀကိဳက္ႏွစ္သက္တဲ့အခါမွာ အဲ့ဒီလူရဲ႕ လိင္ကြဲျပားမႈေတြ၊ သူ႔ရဲ႕ပံုပန္းသ႑န္ေတြနဲ႕ ဘာမွမသက္ဆိုင္ပါဘူး။ သူရဲ႕ စိတ္ဝိညာဥ္ကို ခ်စ္တာမ်ိဳးပါ။ ဒီဘက္ မ်ိဳးဆက္သစ္လူငယ္ေတြရဲ႕ ခ်စ္ႀကိဳက္ၿပီးရည္းစားျဖစ္တာနဲ႔ လက္ထပ္ထိမ္းျမားၿပီး အိမ္ေထာင္ဖက္ျဖစ္လာတာေတြမွာ ေယာက္်ားမိန္းမကြဲျပားတာတို႔၊ လိင္ပိုင္းဆိုင္ရာစိတ္ဝင္စားမႈတို႔က အနည္းအက်ဥ္းပဲ ဆက္ႏြယ္ေနတာပါ။ မဂၤလာေဆာင္မွာ မဂၤလာဝတ္စံုဝတ္တာတို႔၊ ကၽြန္မရဲ႕ဆံပင္ကိုေျဖာင့္လိုက္တာတို႔က ကၽြန္မကို ၾကည့္ေနသူေတြရဲ႕အျမင္မွာ အျမင္သင့္ေတာ္ေနေစဖို႔အတြက္မဟုတ္ဘူး။ ကၽြန္မ စိတ္ထဲေပၚလာတာကို ကၽြန္မျဖစ္ခ်င္တာကို လုပ္လိုက္တာမ်ိဳးပါ။” လို႔ ေျပာျပခဲ့ပါေသးတယ္။

ထပ္ၿပီးေတာ့ Miley Cyrus က “ကၽြန္မနဲ႔ Liam ရဲ႕ ခ်စ္သံေယာဇဥ္ေလးဟာ ကၽြန္မအတြက္ အရမ္းကို အဖိုးတန္လြန္းပါတယ္။ ကၽြန္မသူ႔နဲ႔ အတူတူရွိေနရရင္ပဲ ကၽြန္မ ေနရာမွန္၊ လမ္းမွန္မွာရွိေနတယ္လို႔ ခံစားေနရတယ္။ သူ႔ရဲ႕ရင္ခြင္က ကၽြန္မအတြက္ ေႏြးေထြးတဲ့အိမ္ကေလးလိုပါပဲ။ ဒါေပမဲ့ ကၽြန္မ Liam နဲ႔ လက္ထပ္ထိမ္းျမားလိုက္တာက ကၽြန္မရဲ႕ပင္ကိုယ္ျဖစ္တည္မႈကို မေပ်ာက္ကြယ္သြားေစႏိုင္ပါဘူး” လို႔ဆိုခဲ့ပါတယ္။

<Zawgyi Version>

 

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read