Breaking News
*PREMIUM-EXCLUSIVE* Los Angeles, CA - Taylor Swift and boyfriend, Joe Alwyn make a rare appearance at the Franklin Canyon Park Trail in the Santa Monica Mountains of Los Angeles. The Duo stay close as they move through the dark and lush trail. Joe, who wore a white t-shirt and black short to the hike, points out a shrubby shortcut and has Taylor go through it. Shot on 03/03/19. Pictured: Taylor Swift, Joe Alwyn BACKGRID USA 4 MARCH 2019 USA: +1 310 798 9111 / usasales@backgrid.com UK: +44 208 344 2007 / uksales@backgrid.com *UK Clients - Pictures Containing Children Please Pixelate Face Prior To Publication*

ခြေလျင်တောင်တက်ရင်း ချိန်းတွေ့နေကြတဲ့ Taylor Swift နဲ့ Joe Alwyn

အသက်၂၉နှစ်အရွယ် ပေါ့ပ်စတား Taylor Swift နဲ့ သူမရဲ့ချစ်သူ အသက် ၂၈နှစ်အရွယ် သရုပ်ဆောင် Joe Alwyn တို့နှစ်ဦး တွဲနေတာဟာ ၂နှစ်ကျော်နေပြီဖြစ်ပါတယ်။ သူတို့နှစ်ဦးကို လော့စ်အိန်ဂျလိစ်ရဲ့ Santa Monica တောင်မှာ နွေရောင်ခြည်နွေးနွေးလေးကိုခံစားရင်း နှစ်ယောက်တည်းလက်ချိတ်ပြီး ခြေလျင်တောင်တက်နေတာကို တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ နှစ်ယောက်လုံးကဘေ့စ်ဘောဦးထုပ်လေးတွေ ကိုယ်စီဆောင်းထားကြပြီး တီရှပ်နဲ့ ဘောင်းဘီတိုလေးကို ပေါ့ပေါ့ပါးပါးလေး ဝတ်ဆင်ထားကြတာပဲဖြစ်ပါတယ်။ Alwyn က  သူ့ရဲ့ကင်မရာကို သယ်လာပုံကိုကြည့်ရင်တော့ သူတို့နှစ်ဦးသားရဲ့ ကြည်နူးစရာဓာတ်ပုံလေးတွေကို ရိုက်ဖို့ပဲဖြစ်မှာပါ။

လွန်ခဲ့တဲ့လကကျင်းပခဲ့တဲ့ အော်စကာဆုပေးပွဲမှာ  Alwyn ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားဟာ ဆုတော်တော်များများအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ Taylor က အော်စကာဆုပေးပွဲအပြီး သူမရဲ့ချစ်သူနဲ့အတူတူ ပါတီတွေတက်၊ လှပတဲ့ ဝတ်စုံလေးဝတ်ဆင်ထားကာ ကြောင်လိမ်လှေကားမှာ ဓာတ်ပုံရိုက်ထားပုံတွေကို သူမရဲ့ပရိသတ်တွေအတွက် Social mediaပေါ်မှာ တင်ထားခဲ့ပါသေးတယ်။

View this post on Instagram

💗

A post shared by Taylor Swift (@taylorswift) on

Grammy ဆုပေးပွဲ ကျင်းပနေစဉ်အတွင်းမှာလည်း Taylor က လန်ဒန်မှာကျင်းပတဲ့ ပါတီပွဲတစ်ခုကို သူမချစ်သူ Alwyn နဲ့ တက်ခဲ့ပြီးနောက် BAFTA ဆုပေးပွဲကိုလည်း တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ Taylor ဟာ Joe နဲ့ သူမတို့နှစ်ဦးရဲ့ချစ်သံယောဇဉ်ကို တရားဝင်ပြောကြားခြင်းမရှိသေးပေမယ့် သူမရဲ့သီချင်းရိုက်ကူးရေးနှင့် ပတ်သက်ပြီး အလုပ်တွေရှုပ်နေတာတောင် သူမချစ်သူအတွက်တော့ အချိန်ပေးတာကိုကြည့်ရင် သူတို့နှစ်ဦးသားရဲ့ တစ်ဦးအပေါ်တစ်ဦး ချစ်ခင်တွယ်တာမှုတွေကို တွေ့နိုင်တာပဲဖြစ်ပါတယ်။ သူမရဲ့ ပရိသတ်တွေကလည်း သူမတို့နှစ်ဦးရဲ့ချစ်သံယောဇဉ်ကို ခိုင်မြဲစေချင်ကြပါတယ်။

လွန်ခဲ့တဲ့ရတ်သတ္တပတ်တွေထဲမှာ သူမရဲ့အမာခံပရိသတ်တွေက Taylor ဟာ သီချင်းအသစ် ထုတ်ဖို့ပြင်ဆင်နေတယ်လို့ ထင်ကြေးတွေပေးနေကြတာကို Taylor ကလည်း သူမအချစ်ဆုံးကြောင်လေး Olivia ရဲ့ အံ့သြနေတဲ့ပုံလေးကို သူမရဲ့ အင်စတာဂရမ်အကောင့်မှာ “သူမ သီအိုရီတွေအကုန်လုံးကို ဖတ်ပြီးပါပြီ”လို့ ရေးကာ သူမရဲ့ ပရိသတ်တွေကို ပြန်နောက်ထားတာပဲဖြစ်ပါတယ်။

View this post on Instagram

She just read all the theories 🙀

A post shared by Taylor Swift (@taylorswift) on

 

#SY(Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ဂြိုဟ်သားတွေတကယ်ရှိတယ်ဆိုတာကို ယုံကြည်ထားကြတဲ့ နာမည်ကျော်များ။

ဂြိုဟ်သားတွေ အမှန်တကယ်ရှိ၊ မရှိဆိုတာနဲ့ ပတ်သက်လို့ လူတွေကြားထဲမှာ အမြဲတမ်း အငြင်းအခုံတွေ ရှိနေရပေမယ့် အချို့သောနာမည်ကျော်အနုပညာရှင်တွေကတော့ ဂြိုဟ်သားတွေ အမှန်တကယ်ရှိတယ်ဆိုတာကို လက်ခံယုံကြည်ထားပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ ဒီလိုမျိုးယုံကြည်ထားတဲ့ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro