Breaking News

ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ပထမဆုံး LGBT များအားထောက်ခံပွဲအခမ်းအနား ကျင်းပပြုလုပ်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၁) ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ LGBT များအား ထောက်ခံပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းစာများက ဖော်ပြခဲ့ကြပါတယ်။ ယခုကဲ့သို့ ကျင်းပပြုလုပ်ခြင်းသည် (၂၀၀၉) ခုနှစ်၌ ကျင်းပရန် စီစဉ်ခဲ့သည့် LGBT ထောက်ခံပွဲအခမ်းအနား ပျက်ပြယ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ကျင်းပခဲ့သည့် အခမ်းအနားလည်းဖြစ်ပါတယ်။

(၂၀၀၉) ခုနှစ် ဖေဖော်ဝါရီလ (၂၁) ရက်နေ့၌ ယခုလိုပဲ LGBT များကို ထောက်ခံကြောင်း အခမ်းအနားကျင်းပရန် စီစဉ်ခဲ့ပေမယ့် အဆိုပါ အစီအစဉ်ကို မလိုလားသူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး LGBT ကိုထောက်ခံသူများရဲ့ လမ်းကြောင်းတစ်လျှောက်၌ ထရပ်ကားများ၊ လော်စပီကာများဖြင့် ဝန်းရံကာ အရာဝတ္ထုပစ္စည်းများဖြင့် ပစ်ပေါက်ခြင်းကို ပြုလုပ်ခဲ့ကြပါတယ်။

ယခုလိုဖြစ်ရပ်များဖြစ်ပွားပြီးနောက် LGBT များကို ထောက်ခံပွဲအခမ်းအနားကို ရဲတပ်ဖွဲ့က လုံခြုံရေးနဲ့ပတ်သက်သည့် မည်သည့် အကာအကွယ်မျှပေးနိုင်ခြင်းမရှိသောကြောင့် အဆိုပါ အခမ်းအနားကို ဖျက်သိမ်းခဲ့ရပါတယ်။ အဆိုပါ ဖြစ်ရပ်ကြောင့် “Sao-  sow-  ed” ဆိုသော ရိုင်းစိုင်းသည့် အဓိပ္ပါယ်ရှိသည့် အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာကာ ဖေဖော်ဝါရီလ (၂၁) ရက်နေ့အား LGBT များအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး နေ့ရက်တစ်ရက်အဖြစ် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပေမယ့် ယခုနှစ်မတိုင်ခင် အချိန်အထိ အလားတူ အခမ်းအနားကို ထပ်မံကျင်းပခဲ့ခြင်းမျိုး မရှိတာလည်းဖြစ်ပါတယ်။

ယခု (၂၀၁၉) ခုနှစ်၌ ကျင်းပပြုလုပ်ခဲ့သည့် အခမ်းအနားမှာ (၂၀၀၉) ခုနှစ်ကဖြစ်ရပ် (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့ခြင်းလည်း ဖြစ်ပြီး Facebook ရဲ့ Event Page မှတစ်ဆင့် လွန်ခဲ့သည့် (၁၀) နှစ်က ဖြစ်ရပ်ကို ပြန်လည်အမှတ်ရသောအားဖြင့် ယခုပွဲကို စီစဉ်ခဲ့ခြင်းဖြစ်ကြောင်းလည်း  ရေးသားဖော်ပြခဲ့ပါတယ်။

(၂၀၁၉) ရဲ့ LGBT များအား ထောက်ခံပွဲအခမ်းအနားကို ချင်းမိုင်မြို့ရှိ ဘာသာရေးလေ့ကျင့်ရေးသင်တန်းကျောင်းမှ အစပြုကာ ချီတက်လမ်းလျှောက်ခဲ့ကြပြီး Thaphae Gate ၌ အဆုံးသတ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားကို စီစဉ်သူများကလည်း LGBT များအပေါ် အကြမ်းဖက်မှုများအား ဆန့်ကျင်ကြောင်း အဆိုပြုစာတစ်စောင်ကို ထုတ်ပြန်ကြေညာခဲ့ပြီး (၂၀၀၉) ခုနှစ် ဖေဖော်ဝါရီလ (၂၁) ရက်နေ့က ဖြစ်ပွားခဲ့သော ဖြစ်ရပ်အတွက်လည်း ဖယောင်းတိုင်မီးများ ထွန်းညှိ၍ လက်ရှိအချိန်အထိ အမှတ်ရနေဆဲဖြစ်ကြောင်း ထုတ်ဖော်ပြသခဲ့ပါတယ်။

 

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

About admin

Check Also

သမီးလေးအတွက် မွေးနေ့လက်ဆောင်တွေကို ထူးထူးဆန်းဆန်းပြင်ဆင်ပေးခဲ့တဲ့ ဖခင်။

Manchester က စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ အသက် ၄၁ နှစ်အရွယ် Phil Smith ဆိုသူဟာ သမီးလေး Sienna ရဲ့ အသက် ၅ နှစ်ပြည့်မွေးနေ့အတွက် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro