HomeOtherအဲလိဇဘက်ဘုရင်မကြီးရဲ့ ဖူးရောင်နေတဲ့ ဘယ်ဖက်လက်ဖမိုးကြောင့် ပြည်သူများစိုးရိမ်နေ။

အဲလိဇဘက်ဘုရင်မကြီးရဲ့ ဖူးရောင်နေတဲ့ ဘယ်ဖက်လက်ဖမိုးကြောင့် ပြည်သူများစိုးရိမ်နေ။

- Advertisement -

အဲလိဇဘက်ဘုရင်မကြီးကို ချစ်မြတ်နိုးသူအချို့က ဘုရင်မကြီးရဲ့ ဘယ်ဘက်လက်ပေါ်မှ ပြင်းထန်စွာထိခိုက်မိဟန်ကြောင့် ဖြစ်ပေါ်လာသော ညိုမည်းစွဲဒဏ်ရာနဲ့ပတ်သက်ပြီး ပူပန်သောကရောက်နေကြတယ်လို့ သိရှိရပါတယ်။ အသက် (1209၉၂) နှစ်အရွယ်ရှိပြီဖြစ်သူ ဘုရင်မကြီးသည် ယမန်နေ့က မင်းသမီး Anne နဲ့အတူ ဘက်ကင်ဟမ်နန်းတော်၌ ဂျော်ဒန်မင်းသား အဗ္ဗဒူလာ နဲ့ သူ့ရဲ့မင်းသမီးဖြစ်သူတို့ နှစ်ဦးအား ကြိုဆိုနေချိန်၌ သူမရဲ့ ဘယ်ဘက်လက်ဖမိုး၌ ညိုမည်းစွဲနေသည့် ဒဏ်ရာကို ကင်မရာများက အမိအရ ရိုက်ကူးနိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

အဲလိဇဘက်ဘုရင်မကြီးသည် သာမန်ဖျားနာခြင်းပင် ဖြစ်ခဲလောက်အောင် ကျန်းမာရေးကောင်းမွန်သူတစ်ဦးဖြစ်ပေမယ့် ယခုကဲ့သို့ သူမရဲ့ လက်ဖမိုးပေါ်မှ ညိုမည်းစွဲဒဏ်ရာကြောင့် လူမှုကွန်ရက်စာမျက်နှာပေါ်၌လည်း ဘုရင်မကြီးအတွက် စိုးရိမ်ပူပန်မှုများရှိနေကြောင်း သိရှိရပါတယ်။

- Advertisement -

အဲလိဇဘက်ဘုရင်မကြီးရဲ့ အဆိုပါဓာတ်ပုံကို ဗြိတိန်တော်ဝင်မိသားစုရဲ့ တွစ်တာစာမျက်နှာမှတစ်ဆင့် မျှဝေခဲ့ရာ၌ Tracy Edgar ဟူ၍အမည်ရသည့် အကောင့်ပိုင်ရှင်က “ကျွန်မအရမ်း စိုးရိမ်ပူပန်မိပါတယ်။ ဘာကြောင့် သူမ(1209အဲလိဇဘက်ဘုရင်မကြီး) ရဲ့ ဘယ်ဘက်လက်မှာ ပြင်းပြင်းထန်ထန်ထိခိုက်မိထားတဲ့ ပုံစံပေါက်နေတာလဲ။ ကျွန်မ မသိလိုက်တာများ တစ်ခုခုရှိခဲ့လို့လား။ ဒါပေမယ့် သူမကတော့ အမြဲတမ်း မူးမေ့သွားလောက်အောင်ကို လှပနေဆဲပါ။” ဆိုပြီး မှတ်ချက်ပြုရေးသားခဲ့ပြီး Catherine Longstaff ကလည်း “ဒီအမျိုးသမီးကြီးက အသက် (1209၉၂) နှစ်ရှိပါပြီ။ ဒီလိုအသက်အရွယ်မျိုးမှာ အခုလို ဆိုးဆိုးရွားရွား ဒဏ်ရာတွေရရှိစေတဲ့ အမျိုးမျိုးသော ထိခိုက်မှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါပေမယ့် ဘုရင်မကြီးကတော့ အခုထိကို ဒဏ္ဍာရီထဲက မင်းသမီးတစ်ပါးအတိုင်းပါပဲ။” ဟူ၍လည်း မှတ်ချက်ပြုရေးသားခဲ့ကြပါတယ်။

- Advertisement -

အခြားသော တွစ်တာအကောင့်ပိုင်ရှင်များကလည်း ဘုရင်မကြီးရဲ့ လက်အခြေအနေကို စိုးရိမ်ပူပန်နေကြပြီး “ဘုရင်မကြီးရဲ့လက်က ဘာတွေများဖြစ်ခဲ့တာလဲ။” “လှပတဲ့ ဓာတ်ပုံတစ်ပုံပါ။ ဒါပေမယ့် ဘုရင်မကြီးရဲ့ လက်ဒဏ်ရာ အမြန်ဆုံးသက်သာ ပျောက်ကင်းစေဖို့ ဆုမွန်ကောင်းတောင်းပါတယ်။” “ဘုရင်မကြီးရဲ့ လက်ကို ကြည့်လိုက်စမ်းပါ။ သူ့လက်က ရောင်ရမ်းနေပြီး ပြင်းပြင်းထန်ထန် ထိခိုက်မိထားတဲ့ပုံပါ။” ဆိုပြီး စိုးရိမ်တကြီး မှတ်ချက်ပြုရေးသားခဲ့ကြသလို “သူမရဲ့ ညာဘက်ခြေထောက်ကလည်း အတွင်းကြေ ဒဏ်ရာရရှိထားတဲ့ပုံပဲ။” ဟူ၍လည်း ရေးသားခဲ့ကြပါတယ်။

- Advertisement -

ဒါပေမယ့် Hammett ကတော့ “အခုလို အတွင်းကြေနေတဲ့ ဒဏ်ရာပုံစံမျိုး ရရှိစေနိုင်တဲ့ အကြောင်းပြချက်အမျိုးမျိုးရှိနိုင်ပါတယ်။ မတော်တဆဖြစ်ရပ်များကစလို့  သွေးလည်ပတ်မှု မမှန်ကန်မှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲလိဇဘက်ဘုရင်မကြီးက ကျန်းမာရေး ကောင်းမွန်နေဆဲပါ။ သူ့အနေနဲ့ ဒီဒဏ်ရာကို ဖုံးကွယ်ချင်တယ်ဆိုရင်တော့ လက်အိတ်ဝတ်ဆင်ပြီး ရိုးရိုးရှင်းရှင်း ဖုံးကွယ်လို့ရပါတယ်။ ဒါပေမယ့် သူမရဲ့ လက်က ဖူးရောင်နေပြီး ဒဏ်ရာအပေါ်မှာ လက်အိတ်ကို ထပ်ပြီး မဝတ်နိုင်တာလည်းဖြစ်နိုင်ပါတယ်။ ဒဏ်ရာအခြေအနေကိုကြည့်ရတာတော့ သာမန်ထိခိုက်မှုကနေ အခုလို ဖူးရောင်ဒဏ်ရာရရှိခဲ့တာဖြစ်နိုင်ပါတယ်။” ဟူ၍မှတ်ချက်ပြုပြောကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

 

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read