Breaking News

ဖခင်ဖြစ်သူအတွက် အိမ်အသစ်တစ်လုံးဝယ်ပေးလိုက်တဲ့ ဟောလီးဝုဒ်မင်းသားကြီး။

The Rock ဟု လူသိများသည့် Dwayne Douglas Johnson တစ်ယောက် ဖခင်ဖြစ်သူအတွက် အိမ်အသစ်ဝယ်ပေးပြီးနောက် ခံစားချက်များကောင်းမွန်နေကြောင်း ပြောပြထားသည့် ဗီဒီယိုတစ်ခုကို သူ့ရဲ့အင်စတာဂရမ်စာမျက်နှာမှတစ်ဆင့် ပရိသတ်များကို မျှဝေခဲ့ပါတယ်။

အသက် (၄၆) နှစ်အရွယ်ရှိပြီဖြစ်သူ The Rock က “ကျွန်တော့် အဖေနဲ့ ဖုန်းပြောဖြစ်ခဲ့တဲ့အကြောင်းတွေကို အခု ပရိသတ်တွေဆီ မြန်မြန်ဆန်ဆန်ပဲ ပြောပြချင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ် သုံးပတ်လောက်က ကျွန်တော် အဖေ့ဆီဖုန်းခေါ်ခဲ့ပြီး အဖေ အခုနေတဲ့အိမ်မှာ ပျော်ကောင်းပျော်နေပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် အဖေ့အတွက် တစ်ခုခု လုပ်ပေးချင်တယ်ဗျာ။ အဖေနေချင်တဲ့နေရာ အဖေနေနိုင်တဲ့နေရာမှာ အိမ်အသစ်တစ်လုံးကို ကျွန်တော် ဝယ်ပေးချင်ပါတယ် ဆိုပြီးပြောခဲ့ပါတယ်။” ဟူ၍ သူ့ရဲ့ ဗီဒီယို၌ ပြောကြားခဲ့ပါတယ်။

View this post on Instagram

Great chat with my old man. Felt good to my cold 🖤 to hear him express his love. He’s a weathered soul and like all weathered souls, there’s often a harsh storied path that got them there. Well for my pops that path started at 13yrs old when his mom kicked him out of his house on Christmas day and forced him to live on the streets (very true and fucked up story) so his reality of compassion and love was forged thru pain and toughness. He raised me with that tough physical love and used to beat my ass in the gyms and on wrestling mats. I hated it then as a little boy, but grateful for it today as a man. It’s shaped my DNA and helped inform how I raise my own babies (minus the ass kickings;) but always instilling the value of hard work and discipline. For that I’m grateful and this one felt good. Crazy how full circle life can come. Enjoy your new house pop – what a storied path and thanks for the ass kickings 😉💪🏾🏠 #weathered

A post shared by therock (@therock) on

ဆက်လက်ပြီးတော့လည်း The Rock က “သူက ကျွန်တော် ပြောတာကို မယုံနိုင်ခဲ့ဘူးဗျ။ သူ့မှာ ပြောစရာစကားတောင်မရှိပါဘူး။ အဲ့ဒါကြောင့် ကျွန်တော်သူ့ကို ပိတ်ရက်မှာ ခေါ်သွားပြီး အိမ်ကိုလိုက်ပြခဲ့ပါတယ်။ သူက ဖလော်ရီဒါမြို့မှာ ကြီးပြင်းခဲ့တဲ့သူတစ်ယောက်ပါ။ အခုဆိုသူက ဖလော်ရီဒါမြောက်ပိုင်းမှာ ငါအရမ်း စိတ်လှုပ်ရှားနေပြီး ပျော်ရွှင်နေပြီကွာဆိုပြီးပြောပါတယ်။ ကျွန်တော့်အဖေက ရှေးရိုးဆန်တဲ့လူဗျ။ ကျွန်တော်က ပြောတယ်။ အဖေဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲလို့ပေါ့။ ကျွန်တော်အဲ့ဒီလိုမေးတော့ အဖေက သူဘာပြောရမလဲဆိုပြီး စကားလုံးတွေ ရှာနေသေးတယ်ဗျ။ ပြီးတော့မှ ငါ့ကို အရင်က ဒီလိုမျိုး အိမ်အသစ်ဝယ်ဖို့ဆိုပြီး ခေါ်ပြတာ ဘယ်သူမှ မရှိခဲ့ဖူးဘူးကွ။ ဒါပေမယ့် အခုအဲ့ဒီလို ပထမဆုံး ခေါ်ပြတဲ့သူက ငါ့သားဆိုတဲ့ မင်းဖြစ်နေတာ ငါအရမ်းဂုဏ်ယူရတယ်ကွာ။ မင်းကိုလည်း အရမ်းချစ်တယ်ကွာဆိုပြီး ကျွန်တော့်ကို ပြောတယ်ဗျ။”

“ကျွန်တော့်အဖေ ဒီလိုပြောတာကို ကျွန်တော် အရင်က တစ်ခါမှမကြားဖူးခဲ့ပါဘူး။ အခု ဒီလိုစကားကြားရတာက ကျွန်တော့်အတွက် အရမ်းကောင်းပြီး ဒီစကားတွေက ကျွန်တော့်နှလုံးသားအထိ ရောက်သွားပါတယ်။ ခင်ဗျားတို့သိလား။ ကျွန်တော့်အဖေက ကျွန်တော့်တင်ပါးကို အမြဲလိုလို အပျော်သဘောနဲ့ ချစ်ခင်တဲ့သဘောနဲ့ ကန်နေကျဖြစ်ပြီး ကျွန်တော် ဒါကို အရင်က မုန်းခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုတော့ ဒီလိုကန်တဲ့အတွက် ကျွန်တော်ကျေးဇူးတင်နေပါပြီ။ ကျွန်တော့်ကို ဒီလိုအကြင်နာတရားတွေ ပေးစွမ်းခဲ့တဲ့သူကို အခုလိုပြန်ပြီး လုပ်ပေးခွင့်ရခဲ့တဲ့အတွက်လည်း ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်။ ကျွန်တော် အဖေ့ကို အရမ်းချစ်ပါတယ်။” ဆိုပြီး ပြောထားတဲ့ ဗီဒီယိုကို သူ့ရဲ့ ပရိသတ်တွေထံ The Rock က ဝေမျှပေးသွားခဲ့တာလည်းဖြစ်ပါတယ်။
<Unicode Version>

 

 

ဖခင္ျဖစ္သူအတြက္ အိမ္အသစ္တစ္လံုးဝယ္ေပးလိုက္တ့ဲ ေဟာလီးဝုဒ္မင္းသားႀကီး။

The Rock ဟု လူသိမ်ားသည့္ Dwayne Douglas Johnson တစ္ေယာက္ ဖခင္ျဖစ္သူအတြက္ အိမ္အသစ္ဝယ္ေပးၿပီးေနာက္ ခံစားခ်က္မ်ားေကာင္းမြန္ေနေၾကာင္း  ေျပာျပထားသည့္ ဗီဒီယုိတစ္ခုကုိ သူ႔ရဲ႕အင္စတာဂရမ္စာမ်က္ႏွာမွတစ္ဆင့္ ပရိသတ္မ်ားကုိ မွ်ေဝခ့ဲပါတယ္။

အသက္ (၄၆) ႏွစ္အရြယ္ရွိၿပီျဖစ္သူ The Rock က “ကြ်န္ေတာ့္ အေဖနဲ႔ ဖုန္းေျပာျဖစ္ခ့ဲတ့ဲအေၾကာင္းေတြကို အခု ပရိသတ္ေတြဆီ ျမန္ျမန္ဆန္ဆန္ပဲ ေျပာျပခ်င္ပါတယ္။ လြန္ခ့ဲတ့ဲ ႏွစ္ပတ္ သံုးပတ္ေလာက္က ကြ်န္ေတာ္ အေဖ့ဆီဖုန္းေခၚခ့ဲၿပီး အေဖ အခုေနတ့ဲအိမ္မွာ ေပ်ာ္ေကာင္းေပ်ာ္ေနပါလိမ့္မယ္။ ဒါေပမယ့္ ကြ်န္ေတာ္ အေဖ့အတြက္ တစ္ခုခု လုပ္ေပးခ်င္တယ္ဗ်ာ။ အေဖေနခ်င္တ့ဲေနရာ အေဖေနႏိုင္တ့ဲေနရာမွာ အိမ္အသစ္တစ္လံုးကို ကြ်န္ေတာ္ ဝယ္ေပးခ်င္ပါတယ္ ဆုိၿပီးေျပာခ့ဲပါတယ္။” ဟူ၍ သူ႔ရဲ႕ ဗီဒီယုိ၌ ေျပာၾကားခ့ဲပါတယ္။

View this post on Instagram

Great chat with my old man. Felt good to my cold 🖤 to hear him express his love. He’s a weathered soul and like all weathered souls, there’s often a harsh storied path that got them there. Well for my pops that path started at 13yrs old when his mom kicked him out of his house on Christmas day and forced him to live on the streets (very true and fucked up story) so his reality of compassion and love was forged thru pain and toughness. He raised me with that tough physical love and used to beat my ass in the gyms and on wrestling mats. I hated it then as a little boy, but grateful for it today as a man. It’s shaped my DNA and helped inform how I raise my own babies (minus the ass kickings;) but always instilling the value of hard work and discipline. For that I’m grateful and this one felt good. Crazy how full circle life can come. Enjoy your new house pop – what a storied path and thanks for the ass kickings 😉💪🏾🏠 #weathered

A post shared by therock (@therock) on

ဆက္လက္ၿပီးေတာ့လည္း The Rock က “သူက ကြ်န္ေတာ္ ေျပာတာကုိ မယံုႏုိင္ခ့ဲဘူးဗ်။ သူ႔မွာ ေျပာစရာစကားေတာင္မရွိပါဘူး။ အ့ဲဒါေၾကာင့္ ကြ်န္ေတာ္သူ႔ကို ပိတ္ရက္မွာ ေခၚသြားၿပီး အိမ္ကိုလုိက္ျပခ့ဲပါတယ္။ သူက ဖေလာ္ရီဒါၿမိဳ႕မွာ ႀကီးျပင္းခ့ဲတ့ဲသူတစ္ေယာက္ပါ။ အခုဆုိသူက ဖေလာ္ရီဒါေျမာက္ပိုင္းမွာ ငါအရမ္း စိတ္လႈပ္ရွားေနၿပီး ေပ်ာ္ရႊင္ေနၿပီကြာဆုိၿပီးေျပာပါတယ္။ ကြ်န္ေတာ့္အေဖက ေရွးရုိးဆန္တ့ဲလူဗ်။ ကြ်န္ေတာ္က ေျပာတယ္။ အေဖဘာလို႔ ဒီေလာက္ စိတ္လႈပ္ရွားေနရတာလဲလို႔ေပါ့။ ကြ်န္ေတာ္အ့ဲဒီလိုေမးေတာ့ အေဖက သူဘာေျပာရမလဲဆုိၿပီး စကားလံုးေတြ ရွာေနေသးတယ္ဗ်။ ၿပီးေတာ့မွ ငါ့ကုိ အရင္က ဒီလိုမ်ိဳး အိမ္အသစ္ဝယ္ဖုိ႔ဆိုၿပီး ေခၚျပတာ ဘယ္သူမွ မရွိခ့ဲဖူးဘူးကြ။ ဒါေပမယ့္ အခုအ့ဲဒီလို ပထမဆံုး ေခၚျပတ့ဲသူက ငါ့သားဆုိတဲ့ မင္းျဖစ္ေနတာ ငါအရမ္းဂုဏ္ယူရတယ္ကြာ။ မင္းကိုလည္း အရမ္းခ်စ္တယ္ကြာဆုိၿပီး ကြ်န္ေတာ့္ကို ေျပာတယ္ဗ်။”

“ကြ်န္ေတာ့္အေဖ ဒီလုိေျပာတာကို ကြ်န္ေတာ္ အရင္က တစ္ခါမွမၾကားဖူးခ့ဲပါဘူး။ အခု ဒီလိုစကားၾကားရတာက ကြ်န္ေတာ့္အတြက္ အရမ္းေကာင္းၿပီး ဒီစကားေတြက ကြ်န္ေတာ့္ႏွလံုးသားအထိ ေရာက္သြားပါတယ္။ ခင္ဗ်ားတုိ႔သိလား။ ကြ်န္ေတာ့္အေဖက ကြ်န္ေတာ့္တင္ပါးကုိ အၿမဲလိုလို အေပ်ာ္သေဘာနဲ႔ ခ်စ္ခင္တ့ဲသေဘာနဲ႔ ကန္ေနက်ျဖစ္ၿပီး ကြ်န္ေတာ္ ဒါကို အရင္က မုန္းခ့ဲဖူးပါတယ္။ ဒါေပမယ့္ အခုေတာ့ ဒီလိုကန္တ့ဲအတြက္ ကြ်န္ေတာ္ေက်းဇူးတင္ေနပါၿပီ။ ကြ်န္ေတာ့္ကို ဒီလိုအၾကင္နာတရားေတြ ေပးစြမ္းခ့ဲတ့ဲသူကုိ အခုလိုျပန္ၿပီး လုပ္ေပးခြင့္ရခ့ဲတ့ဲအတြက္လည္း ကြ်န္ေတာ္ အရမ္းေပ်ာ္ရႊင္ေနပါတယ္။ ကြ်န္ေတာ္ အေဖ့ကို အရမ္းခ်စ္ပါတယ္။” ဆိုၿပီး ေျပာထားတ့ဲ ဗီဒီယုိကို သူ႔ရဲ႕ ပရိသတ္ေတြထံ The Rock က ေဝမွ်ေပးသြားခ့ဲတာလည္းျဖစ္ပါတယ္။

 

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ကိုရီးယားသမိုင်းကြောင်းကို လူ့အသိုင်းအဝိုင်းရဲ့ ဘဝမှန်တွေနဲ့ သရုပ်ဖော်ပြထားတဲ့ “Squid Game”

“Squid Game” မှာ “The Hunger Games” ရဲ့ Dystopian Setting နဲ့ ဆင်တူတဲ့ ဇာတ်ကွက်တွေ ပါဝင်နေတာကို သတိထားမိတယ်ဆိုရင် “Squid …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro