DC ပရိသတ်များအတွက် သတင်းကောင်းတစ်ခုကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က Warner Bros. မှထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီသတင်းကောင်းကတော့ လာမည့် (၂၀၂၂) ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့၌ Jason Momoa ပါဝင်သရုပ်ဆောင်ထားသည့် Aquaman 2 ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသသွားမည်ဆိုသည့် သတင်းပဲဖြစ်ပါတယ်။ နောက်ဆက်တွဲသတင်းများအရ ပြီးခဲ့သည့် ဒီဇင်ဘာလမှစတင်၍ ရုံတင်ပြသခဲ့သည့် Aquaman ဇာတ်ကားဟာ Global Box Office ၌ ဒေါ်လာ (၁.၁) ဘီလျံအထိ ဝင်ငွေရရှိခဲ့ပြီး အဆိုပါပမာဏသည် DCEU Film သမိုင်းတစ်လျှောက် အများဆုံး ဝင်ငွေပမာဏတစ်ခုလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်တွင်းဝင်ငွေအားဖြင့် ဒေါ်လာ (၃၃၅) သန်း ရရှိခဲ့သည့် Aquaman ဇာတ်ကားသည် (၂၀၁၇) ခုနှစ်က ရုံတင်ပြသခဲ့သည့် Wonder Woman ဇာတ်ကားနောက်ပိုင်း အမေရိကန်နိုင်ငံအတွင်း၌ ဒုတိယဝင်ငွေအများဆုံး ရုပ်ရှင်ဇာတ်ကားအဖြစ် မှတ်တမ်းတင်သွားခဲ့ပါတယ်။
ရုံတင်ပြသပြီးခဲ့သည့် Aquaman ဇာတ်ကားကို ရိုက်ကူးခဲ့သော ဒါရိုက်တာ James Wan က နောက်ထွက်ရှိမယ့် Aquaman 2 ဇာတ်ကားကို ရိုက်ကူးမည်လားဆိုသည့် မေးခွန်းအတွက် အဖြေကို အတည်ပြုနိုင်ခြင်း မရှိသေးပေမယ့် နောက်ဆုံးရရှိထားသောသတင်းများအရ Wan နဲ့ ပူးပေါင်းဆောင်ရွက်နေကျဖြစ်သူ David Leslie Johnson- McGoldrick က Aquaman 2 ဇာတ်ကားအတွက် ဇာတ်ညွှန်းကို ရေးသားပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။
မကြာခင်ထွက်ရှိတော့မည့် DC ဇာတ်ကားများရဲ့ အချိန်စာရင်းများကိုလည်း ပရိသတ်များအတွက် တင်ဆက်ပေးလိုက်ပါတယ်။
– Zachary Levi ပါဝင်သရုပ်ဆောင်ထားသည့် Shazam ဇာတ်ကားကို ဧပြီလ (၅) ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
– Joaquin ပါဝင်သရုပ်ဆောင်ထားပြီး Todd Phillips ရိုက်ကူးထားသည့် Joker ဇာတ်ကားကို အောက်တိုဘာလ (၄) ရက်နေ့မှာ ရုံတင်သွားမယ်လို့သိရှိရပါတယ်။
– ဒ့ါအပြင် Margot Robbie က Harley Quinn ဇာတ်ရုပ်ဖြင့်ပါဝင်သရုပ်ဆောင်ထားသည့် Birds of Prey ဇာတ်ကားကို (၂၀၂၀) ခုနှစ် ဖေဖော်ဝါရီလမှာ ပရိသတ်များအတွက် ရုံတင်ပြသပေးသွားမှာဖြစ်ပါတယ်။
– လက်ရှိအချိန်အထိ နာမည်အတိအကျ ပေးရခြင်းမရှိသေးတဲ့ The Batman ဇာတ်ကား၌ Ben Affleck က Caped Crusader အနေဖြင့် ပါဝင်သရုပ်ဆောင်ထားပြီး အဆိုပါ ဇာတ်ကားကိုမူ (၂၀၂၁) ခုနှစ်၊ ဇွန်လ (1209၂၅) ရက်နေ့၌ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။
– Guardians of the Galaxy ဇာတ်ကားရဲ့ ဒါရိုက်တာဖြစ်သူ James Gunn ဇာတ်ညွှန်းရေးသားထားသည့် The Suicide Squad ဇာတ်ကားသည်လည်း (၂၀၂၁) ခုနှစ်၊ သြဂုတ်လ (၆) ရက်နေ့၌ ပရိသတ်များရဲ့ ရှေ့မှောက်ကို ရောက်ရှိလာမှာဖြစ်ပါတယ်။
– နောက်ဆုံးအနေဖြင့် Aquaman 2 ဇာတ်ကားကိုတော့ (၂၀၂၂) ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့၌ ရုံတင်ပြသသွားမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။
#HM(Soshwe)
#SoshweEntertainment
#SoshweForYourDailyLife
#Like&Share