HomeOtherအမျိုးသားများနဲ့ အမျိုးသမီးများကို တန်းတူညီမျှ အခွင့်အရေးပေးသော နိုင်ငံများအကြောင်း။

အမျိုးသားများနဲ့ အမျိုးသမီးများကို တန်းတူညီမျှ အခွင့်အရေးပေးသော နိုင်ငံများအကြောင်း။

- Advertisement -

ကမ္ဘာကြီးမှာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ နေ့စဉ်နဲ့အမျှ တန်းတူညီမျှ ရင်ဘောင်တန်းပြီး သွားလာလှုပ်ရှားနေကြပါတယ်။ ဒါပေမယ့်လည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ အမျိုးသားနဲ့ အမျိုးသမီးတွေအကြား အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ မတူညီကြပါဘူး။

ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ကြေငြာချက်အရ နိုင်ငံ ၆ နိုင်ငံတည်းကသာ အမျိုးသားနဲ့ အမျိုးသမီးတွေကြားမှာ တူညီတဲ့ရပိုင်ခွင့်တွေ သတ်မှတ်ပေးထားကြောင်း လေ့လာတွေ့ရှိရပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုထက်စာရင်တော့ တိုးတက်လာတယ်လို့ ပြောလို့ရပေမယ့် လူတစ်ဦးတစ်ယောက်ချင်းစီအပေါ် သတ်မှတ်ထားတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ တရားဥပဒေတွေနဲ့ စီးပွားရေး တိုးတက်ပြောင်းလဲမှုတွေနဲ့လည်း အများကြီး ဆက်စပ်မှုရှိပါတယ်။ ဒါပေမယ့်လည်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ တစ်ကမ္ဘာလုံးနှုန်းနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ၂၀၇၃ မတိုင်ခင်အထိ အမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေနဲ့တန်းတူ အခွင့်အရေးရရှိနိုင်ဖို့ ခဲယဉ်းဦးမှာဖြစ်တယ်လို့ သိရှိရပါတယ်။

- Advertisement -

၂၀၂၁ ခုနှစ်အတွင်း ထုတ်ပြန်ကြေငြာချက်အရ Belgium ၊ Denmark ၊ France ၊ Latvia ၊ Luxembourg နဲ့ Sweden စတဲ့ နိုင်ငံတွေမှာ အမျိုးသားနဲ့ အမျိုးသမီးတွေအနေနဲ့ ၁၀၀ ရာခိုင်နှုန်းအပြည့် တူညီတဲ့ တန်းတူအခွင့်အရေးတွေ ရရှိကြတယ်လို့ ဖော်ပြထားပါတယ်။ ထိုနိုင်ငံတွေထဲမှာမှ ပြင်သစ်နိုင်ငံအနေနဲ့ အရင်နှစ်တွေထက်စာရင် သိသိသာသာ တိုးတက်ပြောင်းလဲလာပြီး ရာဇဝတ်မှုနည်းပါးသွားခြင်း၊ လိင်ကိစ္စ ထိပါးနှောင့်ယှက်မှုနဲ့ လုပ်ငန်းခွင် ပြစ်မှုကျူးလွန်မှုတွေအတွက် ကြီးမားတဲ့ပြစ်ဒဏ်တွေ ချမှတ်လာတာကို တွေ့ရှိရပါတယ်။ သို့ပေမယ့်လည်း အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေကတော့ အမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေ ရရှိနိုင်တဲ့ အခွင့်အရေးရပိုင်ခွင့်တွေရဲ့ တစ်ဝက်သာသာတောင် ရရှိခြင်း မရှိသေးပါဘူး။ ရှာဖွေတွေ့ရှိမှုတွေအရ အမျိုးသား၊ အမျိုးသမီး တန်းတူအခွင့်အရေး မရရှိတဲ့နိုင်ငံတွေမှာ အဓိကကွာခြားချက်တွေကတော့ တစ်နေရာနဲ့တစ်နေရာ သွားလာလှုပ်ရှားမှု မတူခြင်း၊ အလုပ်အကိုင်ရရှိနိုင်တဲ့ အခွင့်အရေးကွာခြားခြင်း၊ လစာအနည်းအများ ကွာခြားခြင်းနဲ့ ဘဝအနာဂတ်တွေ ရေရာသေချာမှုမရှိခြင်းစတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

#soshwe

#soshwenews

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read