၁။ Leonardo da Vinci
ကမာ္ဘကျော် မိုနာလီဇာ ပန်းချီကားကို ရေးဆွဲခဲ့သူ Leonardo ဟာ ဘယ်သန်တစ်ယောက်ဖြစ်တယ်လို့ သိရှိရပြီး တိကျသည့် ဖော်ပြမှုများမရှိခဲ့ပေမယ့် Leonardo ဟာပန်းချီဆွဲတိုင်း သူ့ရဲ့ ဘယ်ဘက်လက်ကို အသုံးပြုခဲ့တယ်လို့ သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ Leonardo တစ်ယောက် ဘယ်သန်ဖြစ်ကြောင်း နောက်ထပ်သက်သေတစ်ခုအနေနဲ့ သူ့ရဲ့ ကလေးဘဝအရွယ်မှာ ညာဘက်လက်ကို ထိခိုက်မိခဲ့ပြီးနောက်မှာ ဘယ်သန်တစ်ယောက် ဖြစ်လာခဲ့တယ်လို့လည်း ဆိုပါတယ်။
၂။ Charlie Chaplin
(၁၉၁၆) ခုနှစ်က ပြသခဲ့သည့် Vagabond ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ခု၌ Charlie Chaplin ဟာ ဘယ်သန်များရဲ့ အပြုအမူဖြစ်သည့် တယောကို ညာလက်နဲ့လည်းကောင်း၊ ဘိုးတံကို ဘယ်ဘက်လက်နဲ့လည်းကောင်း အမြဲတမ်းကိုင်တွယ်ခဲ့သည်ကို တွေ့ရှိခဲ့ရပါတယ်။
၃။ Paul McCartney
Paul McCartney ကလည်း ဘယ်သန်တစ်ယောက်ဖြစ်ကြောင်း သိရှိရပြီး (၁၉၇၉) ခုနှစ်မှ ဓာတ်ပုံတစ်ပုံအရ ဘယ်သန်ပုဂ္ဂိုလ်များရဲ့ အပြုအမူဖြစ်သည့် ဘယ်ဘက်လက်နဲ့ ဂစ်တာကြိုးများကို တီးခတ်ပြခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။
၄။ Ringo Starr
Beatles အဖွဲ့ဝင်လေးယောက်အနက် နှစ်ယောက်မှာ ဘယ်သန်ပုဂ္ဂိုလ်များဖြစ်ကြပြီး Paul McCartney အပြင် Ringo Starr မှာလည်း ဘယ်သန်များအတိုင်း ၄င်းရဲ့ ဘယ်ဘက်လက်နဲ့ စီးကရက်ကို ကိုင်တွယ်ပြီး ဆေးလိပ်သောက်သုံးလေ့ရှိတာကို ဓာတ်ပုံများ၌ တွေ့ရှိခဲ့ရပါတယ်။
၅။ Lady Gaga
ဘယ်ဘက်လက်နဲ့ ပရိသတ်များကို လက်မှတ်ထိုးပေးနေကျ Lady Gaga ရဲ့ ပုံရိပ်တွေကပင် သူမကို ဘယ်သန်ဖြစ်ကြောင်း ဖော်ပြနေတာမဟုတ်ဘဲ သူမရဲ့ခန္ဓာကိုယ်ပေါ်ရှိ တက်တူးအားလုံးနီးပါးက သူမရဲ့ ခန္ဓာကိုယ်ဘယ်ဘက်အခြမ်းတွင် ထိုးထားတာလည်း ဖြစ်ပါတယ်။
၆။ Oprah Winfrey
Oprah Winfrey သည်လည်း ဘယ်သန်တစ်ယောက်ပင်ဖြစ်ပြီး ဘော်လ်ပင်ကို ဘယ်ဘက်လက်၌ ကိုင်တွယ်ထားသည့် ဓာတ်ပုံများကို မြင်တွေ့ခဲ့ရသလို အခြားသော ဓာတ်ပုံများ၌လည်း သူမရဲ့ ဘယ်ဘက်လက်ကို အသုံးပြုနေပုံများ မြင်တွေ့ခဲ့ရပါတယ်။
၇။ Helen Keller
ငယ်စဉ်ကလေးဘဝမှစ၍ ဆွံ့အနားမကြားဖြစ်ခဲ့ရတဲ့ Helen Keller သည်လည်း လူသိများကျော်ကြားသည့် ဘယ်သန်စာရေးဆရာမတစ်ဦးဖြစ်တယ်လို့ သိရှိရပါတယ်။ ဓာတ်ပုံအတွင်း၌လည်း မျက်မမြင်စာများကို သူမရဲ့ ဘယ်ဘက်လက်နဲ့ စမ်းသပ်ကာ ဖတ်ရှုနေသည်ကို တွေ့ရှိရပါတယ်။
၈။ Rod Laver
သြစတြေးလျ တင်းနစ်ကြယ်ပွင့် Rod Laver သည် (၁၉၆၄) ခုနှစ်မှ (၁၉၇၀) ခုနှစ်အထိ ကမ္ဘာ့နံပါတ်တစ်နေရာကို ရယူနိုင်ခဲ့ပြီး သူ့ရဲ့ တင်းနစ်ရိုက်တံကိုလည်း ဘယ်ဘက်လက်နဲ့ ကိုင်တွယ်ခဲ့သည့် ဓာတ်ပုံများကို တွေ့ရှိခဲ့ရပါတယ်။
၉။ Sandy Koufax
ဘေ့စ်ဘောအားကစားသမားတစ်ယောက်ဖြစ်သည့် Sandy Koufax ဟာ သူ့အသက် (၃၆) နှစ်အရွယ်မှာပင် ဘေ့စ်ဘောလောကရဲ့ ဂုဏ်ပြုဆုကို ဆွတ်ခူးရရှိခဲ့ပြီး အဆိုပါဆုကို ဆွတ်ခူးနိုင်ခဲ့သည့် အသက်အငယ်ဆုံး ကစားသမားတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူ့ရဲ့ ဘယ်ဘက်လက်ကို အသုံးပြုပြီး ဘရွတ်ကလင်း၊ လော့စ်အိန်ဂျယ်လိစ် နဲ့ Dodgers အသင်းများအတွက် (၁၉၅၅) ခုနှစ်မှ (၁၉၇၇) ခုနှစ်အထိ (၁၁) နှစ်ကြာ အသုံးတော်ခံခဲ့ပါတယ်။
၁၀။ Prince William
လက်ရှိ ဗြိတိန်တော်ဝင်မိသားစုမှ မိသားစုဝင်အများစုသည် ဘယ်သန်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပေမယ့် ဝီလျံမင်းသားတစ်ယောက်တည်းသာ သူ့ရဲ့ ဘယ်ဘက်လက်ကို အသုံးပြုပြီး လက်မှတ်ရေးထိုးနေခြင်းကို တွေ့ရှိရပါတယ်။
၁၁။ Will Ferrell
နောက်ထပ် နာမည်ကျော် ဘယ်သန် ပုဂ္ဂိုလ်တစ်ဦးကတော့ ဟာသသရုပ်ဆောင်မင်းသားကြီး Will Ferrell ဖြစ်ပါတယ်။
၁၂။ Julianne Moore
အခြားသော နာမည်ကျော် ဘယ်သန်သရုပ်ဆောင်က Julianne Moore ဖြစ်ပြီး ဘယ်သန်ပုဂ္ဂိုလ်များရဲ့ ပုံစံအတိုင်း သူမရဲ့ ဘယ်ဘက်လက်ကို အသုံးပြုကာ သရုပ်ဖော်ပြောကြားမှုများ ပြုလုပ်တတ်ပါတယ်။
၁၃။ Angelina Jolie
မင်းသမီးတစ်ယောက်ဖြစ်သည့်အပြင် ထုတ်လုပ်သူူ၊ လူသားအကျိုးဆောင်ရွက်သူ၊ ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်သူနဲ့ မိခင်တစ်ယောက်အဖြစ် နာမည်ကြီးသည့် ဂျိုလီကလည်း ဘယ်သန်တစ်ယောက်ပင်ဖြစ်ကြောင်း သိရှိရပါတယ်။
၁၄။ Bill Gates
Bill Gates သည်လည်း Apple တည်ထောင်သူ Steve Jobs ကဲ့သို့ပင် ဘယ်သန်တစ်ယောက်ဖြစ်ပြီး ဘယ်သန်ပုဂ္ဂိုလ်များရဲ့ ထုံံးစံအတိုင်း အခြားသူများထက် သာလွန်သော ဘာသာစကား အရည်အချင်းနဲ့ ဖန်တီးနိုင်စွမ်းများကို ပိုင်ဆိုင်ထားပါတယ်။
၁၅။ Bill Clinton
အမေရိကန်နိုင်ငံရဲ့ နောက်ဆုံး သမ္မတ (၅) ဆက်၌ ဘယ်သန်ပုဂ္ဂိုလ် (၃) ဦးအထိ ပါဝင်ပြီး ထိုအထဲ၌ Bill Clinton လည်း အပါအဝင်ဖြစ်ပါတယ်။ (၁၉၉၃) ခုနှစ်တွင် ဝါရှင်တန်ဒေသရှိ Mellon ဇာတ်ရုံ၌ ပြုလုပ်ခဲ့သည့် မြောက်အမေရိကရဲ့ လွတ်လပ်စွာကုန်သယ်ခွင့်သဘောတူညီမှု လက်မှတ်ရေးထိုးပွဲအခမ်းအနား၌ Bill Clinton တစ်ယောက် သူ့ရဲ့ ဘယ်ဘက်လက်နဲ့ လက်မှတ်ရေးထိုးအပြီး ဘောလ်ပင်ကိုင်ဆောင်ထားပုံများကို မြင်တွေ့ခဲ့ရပါတယ်။
<Unicode Version>
သင္မသိေသးသည့္ နာမည္ေက်ာ္ ဘယ္သန္ပုဂၢိဳလ္မ်ား။
၁။ Leonardo da Vinci
ကမာၻေက်ာ္ မိုနာလီဇာ ပန္းခ်ီကားကို ေရးဆြဲခ့ဲသူ Leonardo ဟာ ဘယ္သန္တစ္ေယာက္ျဖစ္တယ္လုိ႔ သိရွိရၿပီး တိက်သည့္ ေဖာ္ျပမႈမ်ားမရွိခ့ဲေပမယ့္ Leonardo ဟာပန္းခ်ီဆြဲတုိင္း သူ႔ရဲ႕ ဘယ္ဘက္လက္ကုိ အသံုးျပဳခ့ဲတယ္လို႔ သိပၸံပညာရွင္မ်ားက ရွာေဖြေတြ႔ရွိခ့ဲပါတယ္။ Leonardo တစ္ေယာက္ ဘယ္သန္ျဖစ္ေၾကာင္း ေနာက္ထပ္သက္ေသတစ္ခုအေနနဲ႔ သူ႔ရဲ႕ ကေလးဘဝအရြယ္မွာ ညာဘက္လက္ကို ထိခိုက္မိခ့ဲၿပီးေနာက္မွာ ဘယ္သန္တစ္ေယာက္ ျဖစ္လာခ့ဲတယ္လုိ႔လည္း ဆုိပါတယ္။
၂။ Charlie Chaplin
(၁၉၁၆) ခုႏွစ္က ျပသခ့ဲသည့္ Vagabond ဇာတ္ကားရဲ႕ ဇာတ္ဝင္ခန္းတစ္ခု၌ Charlie Chaplin ဟာ ဘယ္သန္မ်ားရဲ႕ အျပဳအမူျဖစ္သည့္ တေယာကို ညာလက္နဲ႔လည္းေကာင္း၊ ဘုိးတံကုိ ဘယ္ဘက္လက္နဲ႔လည္းေကာင္း အၿမဲတမ္းကိုင္တြယ္ခ့ဲသည္ကို ေတြ႔ရွိခ့ဲရပါတယ္။
၃။ Paul McCartney
Paul McCartney ကလည္း ဘယ္သန္တစ္ေယာက္ျဖစ္ေၾကာင္း သိရွိရၿပီး (၁၉၇၉) ခုႏွစ္မွ ဓာတ္ပုံတစ္ပုံအရ ဘယ္သန္ပုဂၢိဳလ္မ်ားရဲ႕ အျပဳအမူျဖစ္သည့္ ဘယ္ဘက္လက္နဲ႔ ဂစ္တာႀကိဳးမ်ားကို တီးခတ္ျပခ့ဲတာကုိ ေတြ႔ရွိခ့ဲရပါတယ္။
၄။ Ringo Starr
Beatles အဖြဲ႔ဝင္ေလးေယာက္အနက္ ႏွစ္ေယာက္မွာ ဘယ္သန္ပုဂၢိဳလ္မ်ားျဖစ္ၾကၿပီး Paul McCartney အျပင္ Ringo Starr မွာလည္း ဘယ္သန္မ်ားအတိုင္း ၄င္းရဲ႕ ဘယ္ဘက္လက္နဲ႔ စီးကရက္ကုိ ကိုင္တြယ္ၿပီး ေဆးလိပ္ေသာက္သံုးေလ့ရွိတာကုိ ဓာတ္ပုံမ်ား၌ ေတြ႔ရွိခ့ဲရပါတယ္။
၅။ Lady Gaga
ဘယ္ဘက္လက္နဲ႔ ပရိသတ္မ်ားကို လက္မွတ္ထိုးေပးေနက် Lady Gaga ရဲ႕ ပုံရိပ္ေတြကပင္ သူမကုိ ဘယ္သန္ျဖစ္ေၾကာင္း ေဖာ္ျပေနတာမဟုတ္ဘဲ သူမရဲ႕ခႏၶာကိုယ္ေပၚရွိ တက္တူးအားလံုးနီးပါးက သူမရဲ႕ ခႏၶာကုိယ္ဘယ္ဘက္အျခမ္းတြင္ ထုိးထားတာလည္း ျဖစ္ပါတယ္။
၆။ Oprah Winfrey
Oprah Winfrey သည္လည္း ဘယ္သန္တစ္ေယာက္ပင္ျဖစ္ၿပီး ေဘာ္လ္ပင္ကုိ ဘယ္ဘက္လက္၌ ကိုင္တြယ္ထားသည့္ ဓာတ္ပုံမ်ားကုိ ျမင္ေတြ႔ခ့ဲရသလို အျခားေသာ ဓာတ္ပံုမ်ား၌လည္း သူမရဲ႕ ဘယ္ဘက္လက္ကို အသံုးျပဳေနပုံမ်ား ျမင္ေတြ႔ခ့ဲရပါတယ္။
၇။ Helen Keller
ငယ္စဥ္ကေလးဘဝမွစ၍ ဆြံ႕အနားမၾကားျဖစ္ခ့ဲရတ့ဲ Helen Keller သည္လည္း လူသိမ်ားေက်ာ္ၾကားသည့္ ဘယ္သန္စာေရးဆရာမတစ္ဦးျဖစ္တယ္လို႔ သိရွိရပါတယ္။ ဓာတ္ပုံအတြင္း၌လည္း မ်က္မျမင္စာမ်ားကို သူမရဲ႕ ဘယ္ဘက္လက္နဲ႔ စမ္းသပ္ကာ ဖတ္ရႈေနသည္ကုိ ေတြ႔ရွိရပါတယ္။
၈။ Rod Laver
ၾသစေၾတးလ် တင္းနစ္ၾကယ္ပြင့္ Rod Laver သည္ (၁၉၆၄) ခုႏွစ္မွ (၁၉၇၀) ခုႏွစ္အထိ ကမာၻ႕နံပါတ္တစ္ေနရာကို ရယူႏုိင္ခ့ဲၿပီး သူ႔ရဲ႕ တင္းနစ္ရုိက္တံကိုလည္း ဘယ္ဘက္လက္နဲ႔ ကိုင္တြယ္ခ့ဲသည့္ ဓာတ္ပုံမ်ားကို ေတြ႔ရွိခ့ဲရပါတယ္။
၉။ Sandy Koufax
ေဘ့စ္ေဘာအားကစားသမားတစ္ေယာက္ျဖစ္သည့္ Sandy Koufax ဟာ သူ႔အသက္ (၃၆) ႏွစ္အရြယ္မွာပင္ ေဘ့စ္ေဘာေလာကရဲ႕ ဂုဏ္ျပဳဆုကို ဆြတ္ခူးရရွိခ့ဲၿပီး အဆုိပါဆုကုိ ဆြတ္ခူးႏုိင္ခ့ဲသည့္ အသက္အငယ္ဆံုး ကစားသမားတစ္ဦးအျဖစ္ မွတ္တမ္းဝင္ခ့ဲပါတယ္။ သူ႔ရဲ႕ ဘယ္ဘက္လက္ကို အသံုးျပဳၿပီး ဘရြတ္ကလင္း၊ ေလာ့စ္အိန္ဂ်ယ္လိစ္ နဲ႔ Dodgers အသင္းမ်ားအတြက္ (၁၉၅၅) ခုႏွစ္မွ (၁၉၇၇) ခုႏွစ္အထိ (၁၁) ႏွစ္ၾကာ အသံုးေတာ္ခံခ့ဲပါတယ္။
၁၀။ Prince William
လက္ရွိ ၿဗိတိန္ေတာ္ဝင္မိသားစုမွ မိသားစုဝင္အမ်ားစုသည္ ဘယ္သန္ျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚေနေပမယ့္ ဝီလ်ံမင္းသားတစ္ေယာက္တည္းသာ သူ႔ရဲ႕ ဘယ္ဘက္လက္ကို အသံုးျပဳၿပီး လက္မွတ္ေရးထုိးေနျခင္းကုိ ေတြ႔ရွိရပါတယ္။
၁၁။ Will Ferrell
ေနာက္ထပ္ နာမည္ေက်ာ္ ဘယ္သန္ ပုဂၢိဳလ္တစ္ဦးကေတာ့ ဟာသသရုပ္ေဆာင္မင္းသားႀကီး Will Ferrell ျဖစ္ပါတယ္။
၁၂။ Julianne Moore
အျခားေသာ နာမည္ေက်ာ္ ဘယ္သန္သရုပ္ေဆာင္က Julianne Moore ျဖစ္ၿပီး ဘယ္သန္ပုဂၢိဳလ္မ်ားရဲ႕ ပုံစံအတုိင္း သူမရဲ႕ ဘယ္ဘက္လက္ကုိ အသံုးျပဳကာ သရုပ္ေဖာ္ေျပာၾကားမႈမ်ား ျပဳလုပ္တတ္ပါတယ္။
၁၃။ Angelina Jolie
မင္းသမီးတစ္ေယာက္ျဖစ္သည့္အျပင္ ထုတ္လုပ္သူူ၊ လူသားအက်ိဳးေဆာင္ရြက္သူ၊ ျပဳျပင္ေျပာင္းလဲေရးမ်ား ေဆာင္ရြက္သူနဲ႔ မိခင္တစ္ေယာက္အျဖစ္ နာမည္ႀကီးသည့္ ဂ်ိဳလီကလည္း ဘယ္သန္တစ္ေယာက္ပင္ျဖစ္ေၾကာင္း သိရွိရပါတယ္။
၁၄။ Bill Gates
Bill Gates သည္လည္း Apple တည္ေထာင္သူ Steve Jobs က့ဲသို႔ပင္ ဘယ္သန္တစ္ေယာက္ျဖစ္ၿပီး ဘယ္သန္ပုဂၢိဳလ္မ်ားရဲ႕ ထုံံးစံအတုိင္း အျခားသူမ်ားထက္ သာလြန္ေသာ ဘာသာစကား အရည္အခ်င္းနဲ႔ ဖန္တီးႏုိင္စြမ္းမ်ားကို ပုိင္ဆုိင္ထားပါတယ္။
၁၅။ Bill Clinton
အေမရိကန္ႏုိင္ငံရဲ႕ ေနာက္ဆံုး သမၼတ (၅) ဆက္၌ ဘယ္သန္ပုဂၢိဳလ္ (၃) ဦးအထိ ပါဝင္ၿပီး ထိုအထဲ၌ Bill Clinton လည္း အပါအဝင္ျဖစ္ပါတယ္။ (၁၉၉၃) ခုႏွစ္တြင္ ဝါရွင္တန္ေဒသရွိ Mellon ဇာတ္ရံု၌ ျပဳလုပ္ခ့ဲသည့္ ေျမာက္အေမရိကရဲ႕ လြတ္လပ္စြာကုန္သယ္ခြင့္သေဘာတူညီမႈ လက္မွတ္ေရးထုိးပဲြအခမ္းအနား၌ Bill Clinton တစ္ေယာက္ သူ႔ရဲ႕ ဘယ္ဘက္လက္နဲ႔ လက္မွတ္ေရးထုိးအၿပီး ေဘာလ္ပင္ကုိင္ေဆာင္ထားပံုမ်ားကုိ ျမင္ေတြ႔ခ့ဲရပါတယ္။
#HM(Soshwe)
#SoshweCelebrities
#SoshweForYourDailyLife
#Like&Share