Breaking News
ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သည့် နာမည်ကျော် ညီအစ်ကိုမောင်နှမအရင်းအချာများ။
၁။ Queen Mary, Queen Elizabeth and King Edward VI
(၁၆) ရာစုနှစ်အချိန်ကာလတွေမှာ အဆိုပါ သုံးယောက်က အဖေတူ အမေကွဲ မောင်နှမတွေဖြစ်ခဲ့ကြပြီး King Henry VII ရဲ့ သားသမီးများဖြစ်ကြသည့် Queen Mary, Queen Elizabeth နဲ့ Kin Edward တို့ကို မတူညီတဲ့ မိခင်သုံးဦးမှ မွေးဖွားခဲ့တာဖြစ်ပါတယ်။ Mary ကို Catherine of Aragon မှ မွေးဖွားခဲ့တာဖြစ်ပြီး Elizabeth ကို Anne Boleyn မှလည်းကောင်း၊ Edward ကို Jane Seymour မှလည်းကောင်း အသီးသီးမွေးဖွားခဲ့ကြခြင်းဖြစ်ပါတယ်။
(၁၅၄၇) ခုနှစ်၌ Edward VII သည် Henry ရဲ့ သေဆုံးမှုကြောင့် ထီးနန်းဆက်ခံခဲ့ရပြီး Mary ကို ရှင်းလင်းရန်ကြိုးစားခဲ့ပေမယ့် (၁၅၅၃) ခုနှစ်၌ Edward တစ်ယောက် သာမန်ဖြစ်ရပ်နဲ့ ကွယ်လွန်ကာ Mary တစ်ယောက် ထီးနန်းကို ဆက်ခံခွင့်ရရှိခဲ့ပါတယ်။ ဒါပေမယ့် Mary ကလည်း (၁၅၅၈) ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး Elizabeth က ထီးနန်းကို ဆက်ခံခွင့်ရရှိခဲ့ပါတယ်။
၂။ Wilbur and Orville Wright
မွေးချင်း (၇) ယောက်ရှိသည့်အနက် Wilbur နဲ့ Orville တို့ နှစ်ယောက်က အရင်းနှီးဆုံးများဖြစ်ကြပြီး တက္ကသိုလ်ကောလိပ်သို့ တက်ရောက်ခွင့်မရရှိသည့်တိုင်အောင် ၄င်းတို့နှစ်ယောက်ရဲ့ တီထွင်မှုက ယနေ့အချိန်အထိ အသုံးဝင်နေဆဲဖြစ်ပါတယ်။ (၁၉၀၅) ခုနှစ်၌ အဆိုပါ ညီအစ်ကိုနှစ်ယောက်က ပထမဆုံးလေယာဉ်ပျံကိုတီထွင်ပြီး လက်တွေ့ပျံသန်းမှုကို ပြုလုပ်ပြခဲ့တယ်လို့ သမိုင်းအထောက်အထားများက ဖော်ပြခဲ့ကြပါတယ်။
၃။ The Jackson Five
မိုက်ကယ်ဂျက်ဆင်ဟာ သူ့ရဲ့ တစ်ကိုယ်တော် ခရီးကြမ်းမစတင်ခင်အချိန်၌ ညီအစ်ကိုများဖြစ်ကြတဲ့ Jackie, Tito, Jermaine နဲ့ Marlon တို့ပါဝင်သည့် The Jackson Five အဖွဲ့၌ပါဝင်ခဲ့ပါတယ်။ (၁၉၇၀) ပြည့်နှစ်အချိန်ကာလတွေက သူတို့ငါးယောက်အတွက် အအောင်မြင်ဆုံး အချိန်ကာလများလို့ ပြောလို့ရပြီး လူဖြူပရိသတ်တွေရဲ့ ထောက်ခံအားပေးခြင်းကို ခံခဲ့ရသည့် ပထမဆုံး လူမည်းငါးယောက်လည်းဖြစ်ခဲ့ပါတယ်။ ၄င်းတို့ရဲ့မိသားစုဝင်များ၌ ဂျက်ဆင်တို့ငါးယောက်သာ ဂီတနဲ့ပတ်သက်ပြီး ပါရမီပါခဲ့ခြင်းမဟုတ်ဘဲ မွေးချင်းကိုးယောက်အနက် အခြားသော မွေးချင်းလေးယောက်ဖြစ်ကြသည့် LaToya, Randy, Janet နဲ့ မွေးချင်းများအနက် အကြီးဆုံးဖြစ်သည့် Maureen တို့သည်လည်း ကြေးစားဂီတပညာရှင်များဖြစ်ခဲ့ကြပါတယ်။
၄။ King Edward VIII and King George VI
ညီအစ်ကိုသွေးသားရင်းချာနှစ်ယောက်အနက် တစ်ယောက်က ထီးနန်းအတွက် နန်းတက်ခဲ့မယ်ဆိုပါက ကျန်တစ်ယောက်က အကြောင်းပြချက်မရှိဘဲ သေဆုံးရခြင်းများနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဒါပေမယ့် King Edward VIII က သူ့ရဲ့ ညီဖြစ်သူ Albert (၁၉၃၆) ခုနှစ််မှာ နန်းတက်နိုင်ရေး တက်ကြွစွာ ဆောင်ရွက်ပေးခဲ့ပြီး ညီဖြစ်သူ နတ်ရွာစံချိန်အထိ နှစ်ပေါင်း (၂၀) ကြာအတူတကွနေထိုင်သွားခဲ့ပါတယ်။
၅။ The Kennedy Siblings
Joseph P. Kennedy, Sr နဲ့ Rose Kennedy တို့ရဲ့ များပြားလှသော သားသမီးများထဲမှ အချို့ကတော့ သူတို့ရဲ့ သမိုင်းကြောင်းကို သူတို့ကိုယ်တိုင် ပြောင်းလဲသွားကြပါတယ်။
-Joseph P. Kennedy, Jr ကတော့ အကြီးဆုံးသားဖြစ်ပြီး ရေတပ်ဗိုလ်ကလေးအဖြစ် တာဝန်ထမ်းဆောင်ရင်း ဒုတိယကမ္ဘာစစ်အတွင်း၌ ကျဆုံးသွားခဲ့ပါတယ်။
-John F. Kennedy ကတော့ (၁၉၆၃) ခုနှစ်မှာ အမေရိကန်နိုင်ငံရဲ့ (၃၅) ယောက်မြောက် သမ္မတအဖြစ် တင်မြောက်ခြင်းခံခဲ့ရပါတယ်။
-Robert F. Kennedy ကတော့ လွှတ်တော်အမတ်တစ်ဦးဖြစ်ပါတယ်။
-Eunice Kennedy Shriver ကတော့ အထူးအိုလံပစ်ပြိုင်ပွဲကို စတင်တည်ထောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
-Jean Kennedy Smith ကတော့ အိုင်ယာလန်နိုင်ငံရဲ့ အမေရိကန် သံအမတ်ဟောင်းတစ်ဦးဖြစ်ပြီး ဆွံအနားမကြားပုဂ္ဂိုလ်များအနေဖြင့် အနုပညာကို ခံစားနိုင်ရန်အတွက် အဖွဲ့အစည်းတစ်ခုကို တည်ထောင်ထားသူတစ်ဦးလည်းဖြစ်ပါတယ်။
-Edward Moore Kennedy ကတော့ အမေရိကန်နိုင်ငံရဲ့ လွှတ်တော်အမတ်အဖြစ် နှစ်ပေါင်း (၅၀) ကြာ ဆောင်ရွက်ခဲ့ပြီး ဥပဒေပေါင်း (၃၀၀) ကို ပြဌာန်းခဲ့ပါတယ်။
၆။ Charlotte, Emily and Anne Bronte Sisters
(၁၈၁၆) ခုနှစ်ဖွား Charlotte၊ (၁၈၁၈) ခုနှစ်ဖွား Emily နဲ့ (၁၈၂၉) ခုနှစ်ဖွား Anne တို့ဟာ Bronte ညီအစ်မများအနက် အသက်ရှင်ကျန်ရစ်သည့် ညီအစ်မ သုံးယောက်လည်းဖြစ်ပါတယ်။ ငယ်စဉ်ကလေးဘဝတည်းက ပုံပြင်များရေးသားပြီး ကိုယ့်ကိုယ်ကို ဖျော်ဖြေခဲ့ကြသည့် အဆိုပါ ညီအစ်မ သုံးယောက်လုံး အရွယ်ရောက်ချိန်၌ ဝတ္ထုစာရေးဆရာမ ကိုယ်စီဖြစ်နေကြပြီလည်း ဖြစ်ပါတယ်။ Charlotte က Jayne Eyre ကိုလည်းကောင်း၊ Emily က Wuthering Heights ကိုလည်းကောင်း၊ Anne က Agnes Grey ကိုလည်းကောင်းရေးသားထုတ်ဝေခဲ့ကြပါတယ်။
၇။ Venus and Serena Williams
ကယ်လီဖိုးနီးယားပြည်နယ်ဖွား ညီအစ်မနှစ်ယောက်ဟာ မွေးချင်းငါးယောက်အနက် အငယ်ဆုံးလည်းဖြစ်ပါတယ်။ ဗီးနပ်စ်ကို (၁၉၈၀) ခုနှစ်တွင် မွေးဖွားခဲ့ပြီး ဆီရီနာကိုမူ (၁၉၈၁) ခုနှစ်တွင် မွေးဖွားခဲ့ကာ သူတို့ရဲ့ ဖခင် ရစ်ချက်ကိုယ်တိုင်ကလည်း တင်းနစ်ပညာကိုသင်ယူရင်း ဗီးနပ်စ်နဲ့ဆီရီနာတို့ ညီအစ်မနှစ်ယောက်ကို တင်းနစ်ပညာ သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်၌ အဆိုပါ ညီအစ်မနှစ်ယောက်ဟာ ကမ္ဘာ့စံချိန်များကို ရိုက်ချိုးခြင်း ၊ ချန်ပီယံဆုများကို သိမ်းပိုက်ခြင်းတို့ဖြင့် နာမည်ကျော်ကြားခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်အကြား ပြိုင်ဆိုင်မှုများလည်း ပြင်းထန်ခဲ့ပါတယ်။
၈။ The Marx Brothers
The Marx Brothers ကတော့ သူတို့ရဲ့ ဟာသသရုပ်ဆောင်ကွက်များနဲ့ (၁၉၂၀) ခုနှစ် အစောပိုင်းကာလများမှ (၁၉၆၀) နှောင်းပိုင်းကာလအထိ လူသိများထင်ရှားခဲ့ပါတယ်။ Chico, Harpo, Groucho, Gummo နဲ့ Zeppo ဆိုပြီး နာမည်အရင်းမဟုတ်ကြသည့် နာမည်များဖြင့် ကျော်ကြားခဲ့သော အဆိုပါညီအစ်ကိုများအနက် Gummo က စောစီးစွာနဲ့ပဲ သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်ကာ Agent အလုပ်ကိုပြောင်းရွှေ့လုပ်ကိုင်ခဲ့သလို Zeppo ကလည်း (၁၉၃၃) ခုနှစ်မှာ ရုပ်ရှင်စီးပွားရေးကို ကူးပြောင်းလုပ်ကိုင်ခဲ့ပါတယ်။ Chico နဲ့ Harpo တို့နှစ်ယောက်ကတော့ အနားယူသွားကြပြီး Groucho ကတော့ You Bet Your Life ဆိုသည့် အစီအစဉ်၌ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
၉။ George and Ira Gershwin
အဆိုပါ ညီအစ်ကိုနှစ်ယောက်ဟာ တေးသီချင်းများကို အတူတကွဖန်တီးခဲ့ကြပြီး လူပြောများသည့် Jazz ဂီတကိုလည်း (၁၉၂၀) ပြည့်နဲ့ (၁၉၃၀) ပြည့်ကာလများ၌ ဖန်တီးခဲ့ကြပါတယ်။ (၁၈၉၆) ခုနှစ်ဖွား Ira က Gershwin ညီအစ်ကိုများအနက် အကြီးဆုံးဖြစ်ပြီး (၁၈၉၈) ခုနှစ်ဖွား George ကတော့ မွေးချင်းများအနက် ဒုတိယတစ်ယောက်ဖြစ်ပါတယ်။ (၁၉၂၄) ခုနှစ်မှစတင်ကာ ဦးနှောက်အကျိတ်ရောဂါနဲ့ George မကွယ်လွန်ခင် (၁၉၃၇) ခုနှစ်အထိ ညီအစ်ကိုနှစ်ယောက် ပူးပေါင်းကာ နာမည်ကျော်တေးသီချင်းများစွာကို ဖန်တီးခဲ့ကြပါတယ်။
၁၀။ The Brothers Grimm
Wilhelm Carl Grimm နဲ့ Jacob Ludwig Carl Grimm တို့နှစ်ဦးဟာ ရိုးရာပုံပြင်များကို ရေးသားခဲ့ကြပါတယ်။ ကျွန်တော်တို့ သိရှိထားသည့် Cinderella နဲ့ Snow White ပုံပြင်များသည် အဆိုပါ ရိုးရာပုံပြင်အမျိုးအစားများတွင် ပါဝင်ခြင်းမရှိကြောင်းလည်းသိရှိရပါတယ်။
၁၁။ Ann Landers and Abigail van Buren
Eppie နဲ့ Popo ဟူ၍နာမည်ကြီးသည့် အဆိုပါ ညီအစ်မနှစ်ယောက်ကို Lowa ၌ (၁၉၁၈) ခုနှစ်၌ မွေးဖွားခဲ့ပြီး “Ann Landers” နဲ့ “Dear Abby” ကော်လံတို့၌ ရေးသားခဲ့သည့် စာရေးဆရာမနှစ်ယောက်အဖြစ် ထင်ရှားကျော်ကြားခဲ့ပါတယ်။ ပထမကော်လံဖြစ်သည့် Ann Landers ၌ လက်တွေ့ကျသည့် အကြံများ၊ ကိုယ်ကျင့်တရားနဲ့ပတ်သက်သည့် အကြောင်းအရာများကို ရေးသားခဲ့ပြီး နောက်ပိုင်းတွင်မူ အဆိုပါ ညီအစ်မနှစ်ယောက်က မြူးကြွသည့် စကားလုံးများ၊ အထေ့အငေါ့များနဲ့ ရေးသားခဲ့တယ်လို့လည်း သိရှိရပါတယ်။
၁၂။ The Kelly Brothers
Scott Kelly နဲ့ Mark Kelly တို့နှစ်ယောက်ဟာ နယူးဂျာစီဒေသရဲ့ အထင်ကရ ပုဂ္ဂိုလ်များဖြစ်ကြပြီး လပေါ်သို့ ပထမဆုံး ခြေချနိုင်ခဲ့သော ပုဂ္ဂိုလ်များလည်းဖြစ်ကြပါတယ်။ လေ့လာဆန်းစစ်မှုများအရ Mark တစ်ယောက် ကမ္ဘာမြေပေါ်၌ ရှိနေစဉ်အချိန်၌ Scott အနေနဲ့ အာကာသအတွင်း၌ ရှိနေကာ သူ့ရဲ့ မျိုးရိုးဗီဇနဲ့ပတ်သက်ပြီး အနည်းငယ် ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါတယ်။
၁၃။ The Mayo brothers
William Mayo နဲ့ Charles Mayo တို့က Mayo Clinic ဟူ၍အမည်ရသည့် အကျိုးအမြတ်မယူတဲ့ ဆေးခန်းတစ်ခုကို တည်ထောင်ခဲ့ကြပြီး အဆိုပါ ဆေးခန်း၌ပင် ဆေးပညာနဲ့ ပတ်သက်သည့် အလေ့အကျင့်များ၊ ပညာရေးပိုင်း၊ လေ့လာဆန်းစစ်မှုများနဲ့ လူနာအတွက် ရောဂါပျောက်ကင်းသည်အထိ အပြည့်အဝ ဂရုစိုက်ကုသပေးခြင်းများကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် Mayo Clinic သည် အမေရိကန်နိုင်ငံရှိ စနစ်ကျသည့် ဆေးရုံများအနက် တစ်ခုအပါအဝင် ဖြစ်တယ်လို့လည်း သိရှိရပါတယ်။
<Unicode Version>
၃။ The Jackson Five
၅။ The Kennedy Siblings
၈။ The Marx Brothers
၁၀။ The Brothers Grimm
၁၂။ The Kelly Brothers
၁၃။ The Mayo brothers
#HM(Soshwe)
#SoshweEntertainment
#SoshweForYourDailyLife
#Like&Share
About admin
Check Also
၂၀၂၂ ခုနှစ်ရဲ့ အလုံခြုံဆုံးနဲ့ အန္တရာယ်အကင်းဆုံးသော မြို့တော်များ။
ခရီးသွားတွေအနေနဲ့ ဘယ်နေရာကို အလည်အပတ်သွားရမလဲဆိုတာ ဆုံးဖြတ်တဲ့အချိန်မှာ အန္တရာယ်ကင်းပြီး လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ နေရာတွေကိုသာ အဓိကဦးစားပေး ရွေးချယ်တတ်ကြပါတယ်။ ဒါပေမယ့် မကြာသေးခင်က ကမ္ဘာတစ်ဝှမ်းလုံးမှာ ကပ်ရောဂါဆိုးကြီး ပျံ့နှံ့လာခဲ့တာကြောင့် …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro