HomeSportအစ္စကိုအားခေါ်ယူရန် လီဗာပူးနဲ့ယူနိုက်တက်အသင်းတို့ စောင့်ကြည့်လျက်ရှိ။

အစ္စကိုအားခေါ်ယူရန် လီဗာပူးနဲ့ယူနိုက်တက်အသင်းတို့ စောင့်ကြည့်လျက်ရှိ။

- Advertisement -

ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်ကြတဲ့ ယူနိုက်တက်အသင်းနဲ့လီဗာပူးအသင်းတို့ဟာ ရီးရဲယ်မက်ဒရစ်အသင်း၌ ပုံမှန်နေရာရရှိရန် ရုန်းကန်နေရသည့် ကွင်းလယ်ကစားသမား အစ္စကိုအား လာမည့် နွေရာသီ အပြောင်းအရွှေ့၌ ခေါ်ယူရန် စောင့်ကြည့်နေကြကြောင်း သိရှိရပါတယ်။ အစ္စကိုဟာ ရီးရဲယ်မက်ဒရစ်အသင်းနဲ့ (၂၀၂၁-၂၂) ဘောလုံးရာသီကုန်ဆုံးသည်အထိ စာချုပ်သက်တမ်းကျန်ရှိနေသော်လည်း ယခုနှစ်ဘောလုံးရာသီ၌ ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရခြင်းကြောင့် ရီးရဲယ်မက်ဒရစ်အသင်းနဲ့ အနာဂတ်မရေမရာဖြစ်နေခြင်းလည်း ဖြစ်ပါတယ်။

အသက် (၂၆) နှစ်အရွယ်ရှိပြီဖြစ်သူ  စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ အသင်းအတွက် လာလီဂါသွင်းဂိုးတစ်ဂိုးသာ သွင်းယူပေးထားနိုင်သည့်အပြင် (၂၀၁၈-၁၉) ဘောလုံးရာသီ အသင်းရဲ့ စပိန်လာလီဂါ ပွဲထွက်လူစာရင်း၌ (၅) ကြိမ်သာ ပါဝင်ခွင့်ရရှိထားပါတယ်။ ဂျူဗင်တပ်စ်အသင်းက အစ္စကိုအား  ခေါ်ယူရန် ကာလရှည် စောင့်ကြည့်ခဲ့သော်လည်း လက်ရှိအချိန်၌ ယူနိုက်တက်အသင်းနဲ့ လီဗာပူးအသင်းတို့ကလည်း အစ္စကိုအားခေါ်ယူရန် စောင့်ကြည့်နေကြကြောင်း အီတလီသတင်းစာဖြစ်သည့် Tuttosport မှ ဖော်ပြခဲ့ပါတယ်။

- Advertisement -

အစ္စကိုသည် (၂၀၁၃) ခုနှစ်၌ မာလာဂါအသင်းမှ ရီးရဲယ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပြီး ရီးရဲယ်မက်ဒရစ်အသင်းနဲ့အတူ လာလီဂါအမှတ်ပေးချန်ပီယံ (၁) ကြိမ်၊ ကိုပါဒယ်ရေးဖလား (၁) ကြိမ် နဲ့ ချန်ပီယံလိဂ်ဖလား (၄) ကြိမ်တို့ကို ဆွတ်ခူးရယူနိုင်ခဲ့သည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

- Advertisement -

 

- Advertisement -

#HM(1209Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read